< یوحنا 19 >

پس پیلاطس عیسی را گرفته، تازیانه زد. ۱ 1
ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊
و لشکریان تاجی از خار بافته برسرش گذاردند و جامه ارغوانی بدو پوشانیدند ۲ 2
စစ်သူရဲတို့သည် ဆူးပင်နှင့်ရက်သော ဦးရစ်ကိုခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေ ပြီးလျှင်၊
ومی گفتند: «سلام‌ای پادشاه یهود!» و طپانچه بدومی زدند. ۳ 3
ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။
باز پیلاطس بیرون آمده، به ایشان گفت: «اینک او را نزد شما بیرون آوردم تا بدانیدکه در او هیچ عیبی نیافتم.» ۴ 4
ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှါ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟုဆို၏။
آنگاه عیسی با تاجی از خار و لباس ارغوانی بیرون آمد. پیلاطس بدیشان گفت: «اینک آن انسان.» ۵ 5
ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတို့ကိုဝတ်လျက် အပြင်သို့ထွက်ကြွတော် မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟိုဆို၏။
و چون روسای کهنه و خدام او را دیدند، فریاد برآورده، گفتند: «صلیبش کن! صلیبش کن!» پیلاطس بدیشان گفت: «شما او را گرفته، مصلوبش سازید زیرا که من در او عیبی نیافتم.» ۶ 6
ယဇ်ပုရောဟိတ်အကြီးတို့နှင့် လုလင်များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ ဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ။ ငါသည် သူ၌အပြစ်ကို မတွေ့ဟုဆိုလျှင်၊
یهودیان بدو جواب دادند که «ما شریعتی داریم و موافق شریعت ماواجب است که بمیرد زیرا خود را پسر خداساخته است.» ۷ 7
ယုဒလူတို့က၊ ဤသူသည်ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏။
پس چون پیلاطس این را شنید، خوف بر اوزیاده مستولی گشت. ۸ 8
ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ ဝင်ပြန်၍၊
باز داخل دیوانخانه شده، به عیسی گفت: «تو از کجایی؟» اما عیسی بدوهیچ جواب نداد. ۹ 9
ယေရှုအား၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင်၊ တခွန်းကိုမျှပြန်တော်မမူ၊
پیلاطس بدو گفت: «آیا به من سخن نمی گویی؟ نمی دانی که قدرت دارم تو راصلیب کنم و قدرت دارم آزادت نمایم؟» ۱۰ 10
၁၀ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင် သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင်မသိလောဟုဆိုသော်၊
عیسی جواب داد: «هیچ قدرت بر من نمی داشتی اگر از بالا به تو داده نمی شد. و از این جهت آن کس که مرا به تو تسلیم کرد، گناه بزرگتردارد.» ۱۱ 11
၁၁အထက်အရပ်မှအခွင့်ကို မရလျှင်မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီး လက်သို့ အပ်နှံသောသူသည်သာ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။
و از آن وقت پیلاطس خواست او راآزاد نماید، لیکن یهودیان فریاد برآورده، می‌گفتند که «اگر این شخص را رها کنی، دوست قیصر نیستی. هر‌که خود را پادشاه سازد، برخلاف قیصر سخن گوید.» ۱۲ 12
၁၂ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကို လွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေမဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာ ဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။
پس چون پیلاطس این را شنید، عیسی رابیرون آورده، بر مسند حکومت، در موضعی که به بلاط و به عبرانی جباتا گفته می‌شد، نشست. ۱۳ 13
၁၃ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသ အမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။
ووقت تهیه فصح و قریب به ساعت ششم بود. پس به یهودیان گفت: «اینک پادشاه شما.» ۱۴ 14
၁၄ထိုနေ့အချိန်ကား၊ ပသခါအဘိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊
ایشان فریاد زدند: «او را بر دار، بر دار! صلیبش کن!» پیلاطس به ایشان گفت: «آیا پادشاه شما رامصلوب کنم؟» روسای کهنه جواب دادند که «غیر از قیصر پادشاهی نداریم.» ۱۵ 15
၁၅ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူအများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။
آنگاه او را بدیشان تسلیم کرد تا مصلوب شود. پس عیسی را گرفته بردند ۱۶ 16
၁၆ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့ အပ် သဖြင့်၊ သူတို့သည် ကိုယ်တော်ကိုယူ၍ထုတ်သွားကြ၏။
و صلیب خودرا برداشته، بیرون رفت به موضعی که به جمجمه مسمی بود و به عبرانی آن را جلجتا می‌گفتند. ۱۷ 17
၁၇ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျှက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက် တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။
او را در آنجا صلیب نمودند و دو نفر دیگررا از این طرف و آن طرف و عیسی را در میان. ۱۸ 18
၁၈ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း။
وپیلاطس تقصیرنامه‌ای نوشته، بر صلیب گذارد؛ ونوشته این بود: «عیسی ناصری پادشاه یهود.» ۱۹ 19
၁၉ပိလတ်မင်းသည်လည်း ကမ္ဗည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူ မူကား၊ ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း။
واین تقصیر نامه را بسیاری از یهود خواندند، زیراآن مکانی که عیسی را صلیب کردند، نزدیک شهربود و آن را به زبان عبرانی و یونانی و لاتینی نوشته بودند. ۲۰ 20
၂၀ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲ ဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဘတ်ကြ၏။
پس روسای کهنه یهود به پیلاطس گفتند: «منویس پادشاه یهود، بلکه که او گفت منم پادشاه یهود.» ۲۱ 21
၂၁ထိုကြောင့်ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟုလျှောက်ကြလျှင်၊
پیلاطس جواب داد: «آنچه نوشتم، نوشتم.» ۲۲ 22
၂၂ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို၏။
پس لشکریان چون عیسی را صلیب کردند، جامه های او را برداشته، چهار قسمت کردند، هرسپاهی را یک قسمت؛ و پیراهن را نیز، اما پیراهن درز نداشت، بلکه تمام از بالا بافته شده بود. ۲۳ 23
၂၃စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တယောက်တပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်း တိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊
پس به یکدیگر گفتند: «این را پاره نکنیم، بلکه قرعه بر آن بیندازیم تا از آن که شود.» تا تمام گردد کتاب که می‌گوید: «در میان خود جامه های مرا تقسیم کردند و بر لباس من قرعه افکندند.» پس لشکریان چنین کردند. ۲۴ 24
၂၄ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကိုပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။
و پای صلیب عیسی، مادر او و خواهر مادرش مریم زن، کلوپا ومریم مجدلیه ایستاده بودند. ۲۵ 25
၂၅ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့်မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။
چون عیسی مادرخود را با آن شاگردی که دوست می‌داشت ایستاده دید، به مادر خود گفت: «ای زن، اینک پسر تو.» ۲۶ 26
၂၆ထိုအခါ မယ်တော်နှင့်ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင် တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍၎င်း၊
و به آن شاگرد گفت: «اینک مادر تو.» و در همان ساعت آن شاگرد او را به خانه خودبرد. ۲۷ 27
၂၇တပည့်တော်အားလည်း၊ သင်၏အမိကိုကြည့်ပါဟူ၍၎င်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော် သည် မယ်တော်ကိုမိမိအိမ်၌ သိမ်းထား၏။
و بعد چون عیسی دید که همه‌چیز به انجام رسیده است تا کتاب تمام شود، گفت: «تشنه‌ام.» ۲۸ 28
၂၈ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။
و در آنجا ظرفی پر از سرکه گذارده بود. پس اسفنجی را از سرکه پر ساخته، و بر زوفا گذارده، نزدیک دهان او بردند. ۲۹ 29
၂၉ထိုအရပ်၌ပုံးရည်နှင့်ပြည့်သော အိုးတလုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတထွေးကိုပုံရည်နှင့် ပြည့် စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။
چون عیسی سرکه راگرفت، گفت: «تمام شد.» و سر خود را پایین آورده، جان بداد. ۳۰ 30
၃၀ယေရှုသည် ပုံရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက် တော်ကို စွန့်တော်မူ၏။
پس یهودیان تا بدنها در روز سبت برصلیب نماند، چونکه روز تهیه بود و آن سبت، روز بزرگ بود، از پیلاطس درخواست کردند که ساق پایهای ایشان را بشکنند و پایین بیاورند. ۳۱ 31
၃၁ထိုနေ့သည် အဘိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ဝင် ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။
آنگاه لشکریان آمدند و ساقهای آن اول ودیگری را که با او صلیب شده بودند، شکستند. ۳۲ 32
၃၂ထိုအခါစစ်သူရဲတို့သည် သွား၍ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူနှစ် ယောက်တို့၏ ခြေကိုချိုးလေ၏။
اما چون نزد عیسی آمدند و دیدند که پیش ازآن مرده است، ساقهای او را نشکستند. ۳۳ 33
၃၃ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကို မြင်လျှင်ခြေကို မချိုးဘဲ၊
لکن یکی از لشکریان به پهلوی او نیزه‌ای زد که در آن ساعت خون و آب بیرون آمد. ۳۴ 34
၃၄စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည်ချက်ခြင်းထွက်လာ၏။
و آن کسی‌که دید شهادت داد و شهادت او راست است و اومی داند که راست می‌گوید تا شما نیز ایمان آورید. ۳۵ 35
၃၅ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည်ယုံကြည်မည်အကြောင်း၊ သူပြောသောစကားမှန်သည်ကို သူသိ၏။
زیرا که این واقع شد تا کتاب تمام شودکه می‌گوید: «استخوانی از او شکسته نخواهدشد.» ۳۶ 36
၃၆ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက်ပြည့်စုံမည်အကြောင်းတည်း။
و باز کتاب دیگر می‌گوید: «آن کسی راکه نیزه زدند خواهند نگریست.» ۳۷ 37
၃၇တဖန်ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။
و بعد از این، یوسف که از اهل رامه وشاگرد عیسی بود، لیکن مخفی به‌سبب ترس یهود، از پیلاطس خواهش کرد که جسد عیسی رابردارد. پیلاطس اذن داد. پس آمده، بدن عیسی رابرداشت. ۳۸ 38
၃၈ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ် သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်းအခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။
و نیقودیموس نیز که اول در شب نزدعیسی آمده بود، مر مخلوط با عود قریب به صدرطل با خود آورد. ۳۹ 39
၃၉အထက်ကညဉ့်အခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန် ရှိသောမုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက်လာ၏။
آنگاه بدن عیسی را بداشته، در کفن با حنوط به رسم تکفین یهود پیچیدند. ۴۰ 40
၄၀ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။
و در موضعی که مصلوب شد باغی بود و درباغ، قبر تازه‌ای که هرگز هیچ‌کس در آن دفن نشده بود. ۴۱ 41
၄၁လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင်ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်တွင် တယောက်ကိုမျှ မသင်္ဂြိုဟ် ဘူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။
پس به‌سبب تهیه یهود، عیسی را در آنجاگذاردند، چونکه آن قبر نزدیک بود. ۴۲ 42
၄၂ယုဒလူတို့၏ အဘိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းအတွင်း၌ အလောင်း တော်ကိုထားကြ၏။

< یوحنا 19 >