< ارمیا 46 >

کلام خداوند درباره امت‌ها که به ارمیانازل شد؛ ۱ 1
တပါးအမျိုးကိုရည်မှတ်၍ ပရောဖက်ယေရမိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် တည်းဟူသော၊
درباره مصر و لشکر فرعون نکو که نزد نهر فرات در کرکمیش بودند ونبوکدرصر پادشاه بابل ایشان را در سال چهارم یهویاقیم بن یوشیا پادشاه یهودا شکست داد: ۲ 2
ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံ လေးနှစ်တွင်၊ ကာခေမိတ်အရပ်၊ ဥဖရတ်မြစ်နား၌ တပ်ချ၍၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရော နေခေါ်၏ စစ်သူရဲ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ် တော်ဟူမူကား၊
«مجن و سپر را حاضر کنید و برای جنگ نزدیک آیید. ۳ 3
ဒိုင်းလွှားတို့ကို ပြင်ဆင်၍၊ စစ်တိုက်ခြင်းငှါ ချဉ်းကပ်ကြလော့။
‌ای سواران اسبان را بیارایید و سوار شویدو با خودهای خود بایستید. نیزه‌ها را صیقل دهیدو زره‌ها را بپوشید. ۴ 4
မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကိုပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။
خداوند می‌گوید: چرا ایشان را می‌بینم که هراسان شده، به عقب برمی گردند وشجاعان ایشان خرد شده، بالکل منهزم می‌شوندو به عقب نمی نگرند، زیرا که خوف از هر طرف می‌باشد. ۵ 5
သူတို့သည်ကြောက်ရွံ့၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အားကြီးသော သူတို့ သည် ရှုံးသဖြင့် ပြန်၍မကြည့်ဝံ့။ အလျင်အမြန်ပြေးကြ ၏။ ပတ်လည်အရပ်၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
تیزروان فرار نکنند و زورآوران رهایی نیابند. بطرف شمال به کنار نهر فرات می‌لغزند ومی افتند. ۶ 6
လျင်မြန်သောသူကို မပြေးစေနှင့်။ အားကြီး သော သူကိုမလွတ်စေနှင့်။ ဥဖရတ်မြစ်နား၊ မြောက် မျက်နှာ၌ ထိမိ၍လဲကြလိမ့်မည်။
این کیست که مانند رود نیل سیلان کرده است و آبهای او مثل نهرهایش متلاطم می‌گردد؟ ۷ 7
နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာသော ဤသူကား အဘယ်သူနည်း။
مصر مانند رود نیل سیلان کرده است و آبهایش مثل نهرها متلاطم گشته، می‌گوید: من سیلان کرده، زمین را خواهم پوشانید و شهر وساکنانش را هلاک خواهم ساخت. ۸ 8
အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာလျက်၊ ငါသည် ထ၍ မြေကြီးကို လွှမ်းမိုးမည်။ မြို့နှင့်တကွမြို့ သားတို့ကို ဖျက်ဆီးမည်ဟု ပြောဆို၏။
‌ای اسبان، برآیید و‌ای ارابه‌ها تند بروید و شجاعان بیرون بروند. ای اهل حبش و فوت که سپرداران هستیدو‌ای لودیان که کمان را می‌گیرید و آن رامی کشید. ۹ 9
မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သောလုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။
زیرا که آن روز روز انتقام خداوندیهوه صبایوت می‌باشد که از دشمنان خود انتقام بگیرد. پس شمشیر هلاک کرده، سیر می‌شود و ازخون ایشان مست می‌گردد. زیرا خداوند یهوه صبایوت در زمین شمال نزد نهر فرات ذبحی دارد. ۱۰ 10
၁၀ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ ရန်သူတို့ကို ဒဏ်ပေးရသောနေ့၊ အမျက်တော်ကို ဖြေရသောနေ့ရက်ဖြစ်သည်နှင့် အညီ၊ ထားတော်သည် ကိုက်စား၍ဝလိမ့်မည်။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားအဘို့၊ မြောက်မျက်နှာ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာ အကြောင်ရှိ၏။
‌ای باکره دختر مصر به جلعاد برآی وبلسان بگیر. درمانهای زیاد را عبث به‌کار می‌بری. برای تو علاج نیست. ۱۱ 11
၁၁အိုအဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့ သွား၍ဗာလစံစေးကို ယူလော့။ သင်သည်များစွာသော ဆေးကိုအချည်းနှီးသုံးတတ်၏။ သင်၏အနာ မပျောက် နိုင်ရာ။
امت‌ها رسوایی تو رامی شنوند و جهان از ناله تو پر شده است زیرا که شجاع بر شجاع می‌لغزد و هر دوی ایشان با هم می‌افتند.» ۱۲ 12
၁၂သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ။ သင် မြည်တမ်းသော အသံသည်းမြေတပြင် လုံး၌ နှံ့ပြားပြီး။ သူရချင်းတယောက်နှင့် တယောက် ထိခိုက်၍၊ နှစ်ယောက်တို့သည်လဲကြပြီဟု မိန့်တော်မူ၏။
کلامی که خداوند درباره آمدن نبوکدرصرپادشاه بابل و مغلوب ساختن زمین مصر به ارمیانبی گفت: ۱۳ 13
၁၃အဲဂုတ္တုပြည်ကိုလုပ်ကြံခြင်းငှါ ဗာဗုလုန် ရှင်ဘုရင်နေဗုဒဒ်နေဇာလာမည်အကြောင်းကြောင့်၊ ထာဝရဘုရားသည် ပရောဖက်ယေရမိအား မိန့်တော်မူ သော စကားဟူမူကား၊
«به مصر خبر دهید و به مجدل اعلام نمایید و به نوف و تحفنحیس اطلاع دهید. بگویید برپا شوید و خویشتن را آماده سازید زیراکه شمشیر مجاورانت را هلاک کرده است. ۱۴ 14
၁၄သင့်ပတ်လည်၌နေသောသူတို့ကို ထားတော် သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ ဟု အဲဂုတ္တုပြည်၌ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သိတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။
زورآورانت چرا به زیر افکنده می‌شوند ونمی توانند ایستاد؟ زیرا خداوند ایشان را پراکنده ساخته است. ۱۵ 15
၁၅သင်၏သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ် မနေနိုင်ရာ။
بسیاری را لغزانیده است و ایشان بر یکدیگر می‌افتند، و می‌گویند: برخیزید و ازشمشیر بران نزد قوم خود و به زمین مولد خویش برگردیم. ۱۶ 16
၁၆လူများတို့သည် ထိမိ၍တယောက်အပေါ်မှာ တယောက်လဲစေခြင်းငှါ ပြုတော်မူသည်ဖြစ်၍၊ သူတို့က၊ ထကြကုန်အံ့။ ညှဉ်းဆဲတတ်သော ထားကြောင့် ကိုယ် အမျိုး၊ ကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟု ပြောဆို ကြ၏။
در آنجا فرعون، پادشاه مصر را هالک می‌نامند و فرصت را از دست داده است. ۱۷ 17
၁၇ရောက်ပြီးမှ အဲဂုတ္တု ရှင်ဘုရင်ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။
پادشاه که نام او یهوه صبایوت می‌باشد می گوید به حیات خودم قسم که او مثل تابور، درمیان کوهها و مانند کرمل، نزد دریا خواهد آمد. ۱۸ 18
၁၈ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါသည် အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင် ကဲ့သို့၎င်း၊ ပင်လယ်နားမှာကရမေလတောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာလိမ့်မည်။
‌ای دختر مصر که در (امنیت ) ساکن هستی، اسباب جلای وطن را برای خود مهیا ساز زیرا که نوف ویران و سوخته و غیرمسکون گردیده است. ۱۹ 19
၁၉နေရာကျသော အဲဂုတ္တုသတို့သမီး၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံးအဆောင်များကို ပြင်လော့။ အကြောင်းမူကား၊ နေဖမြို့သည် နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကို ခံရမည်။
مصر گوساله بسیار نیکو منظر است اما هلاکت از طرف شمال می‌آید و می‌آید. ۲۰ 20
၂၀အဲဂုတ္တုပြည်သည်အဆင်းလှသော နွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ရှက်ခြင်း အကြောင်းပေါ်လာ၏။
سپاهیان به مزد گرفته او در میانش مثل گوساله های پرواری می‌باشند. زیرا که ایشان نیز روتافته، با هم فرارمی کنند و نمی ایستند. چونکه روز هلاکت ایشان و وقت عقوبت ایشان بر ایشان رسیده است. ۲۱ 21
၂၁သူငှါးတို့သည် သူ၏အလယ်၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့်၊ သူတို့ သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။
آوازه آن مثل مار می‌رود زیرا که آنها با قوت می‌خرامند و با تبرها مثل چوب بران بر اومی آیند. ۲۲ 22
၂၂သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံး အရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံ သည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။
خداوند می‌گوید که جنگل او را قطع خواهند نمود اگر‌چه لایحصی می‌باشد. زیرا که ایشان از ملخها زیاده و از حد شماره افزونند. ۲۳ 23
၂၃ထိုတောသည် အလွန်ရှုပ်သော်လည်း၊ သူတို့ သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင် များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
دختر مصر خجل شده، به‌دست قوم شمالی تسلیم گردیده است. ۲۴ 24
၂၄အဲဂုတ္တုသတို့သမီးသည် မိန်းမောတွေဝေလျက် ရှိ၏။ မြောက်မျက်နှာပြည်သားတို့ လက်သို့ရောက်လေပြီ။
یهوه صبایوت خدای اسرائیل می‌گوید: اینک من بر آمون نو و فرعون ومصر و خدایانش و پادشاهانش یعنی بر فرعون وآنانی که بر وی توکل دارند، عقوبت خواهم رسانید. ۲۵ 25
၂၅ဣသရေလအမျိုး၏ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်း ဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစား သော သူတို့ကို ငါဆုံးမမည်။
و خداوند می‌گوید که ایشان را به‌دست آنانی که قصد جان ایشان دارند، یعنی به‌دست نبوکدرصر پادشاه بابل و به‌دست بندگانش تسلیم خواهم کرد و بعد از آن، مثل ایام سابق مسکون خواهد شد. ۲۶ 26
၂၆သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့်သူ၏ ကျွန်တို့ လက်သို့ သူတို့ကို ငါအပ်မည်။ ထိုနောက်မှတဖန် အဲဂုတ္တု ပြည်သည်အရင်ကဲ့သို့ စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
اما تو‌ای بنده من یعقوب مترس و‌ای اسرائیل هراسان مشو زیرا اینک من تو را از جای دور و ذریت تو را از زمین اسیری ایشان نجات خواهم داد و یعقوب برگشته، درامنیت و استراحت خواهد بود و کسی او را نخواهد ترسانید. ۲۷ 27
၂၇အိုငါ့ကျွန်ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကိုဝေးသောအရပ်မှ၎င်း၊ သင်၏အမျိုးသားတို့ကို သိမ်းသွားရာ ပြည်မှ၎င်း ငါနှုတ် ယူဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည်ပြန်လာ၍၊ ချောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရ လိမ့်မည်။
و خداوند می‌گوید: ای بنده من یعقوب مترس زیرا که من با تو هستم و اگر‌چه تمام امت‌ها را که تو را در میان آنها پراکنده ساخته‌ام بالکل هلاک سازم لیکن تو را بالکل هلاک نخواهم ساخت. بلکه تو را به انصاف تادیب خواهم نمود و تو را هرگز بی‌سزا نخواهم گذاشت.» ۲۸ 28
၂၈ငါ့ကျွန်ယာကုပ်မကြောက်နှင့်။ သင်နှင့်အတူ ငါရှိ၏။ သင့်ကို ငါနှင်ထုတ်သော တိုင်းနိုင်ငံရှိသမျှတို့ကို ငါသည်ဆုံးမစေသော်လည်း၊ သင့်ကို မဆုံးစေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ်မလွှတ်ဘဲ အတော်အတန် ဆုံးမမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

< ارمیا 46 >