< ارمیا 26 >
در ابتدای سلطنت یهویاقیم بن یوشیاپادشاه یهودا این کلام از جانب خداوندنازل شده، گفت: | ۱ 1 |
၁ယုဒပြည်တွင်ယောရှိ၏သား ယောယကိမ် နန်းတက်ပြီးနောက်များမကြာမီထာဝရ ဘုရားသည်ငါ့အား၊-
«خداوند چنین میگوید: درصحن خانه خداوند بایست و به ضد تمامی شهرهای یهودا که به خانه خداوند برای عبادت میآیند همه سخنانی را که تو را امر فرمودم که به ایشان بگویی بگو و سخنی کم مکن. | ۲ 2 |
၂ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
شایدبشنوند و هر کس از راه بد خویش برگردد تا ازبلایی که من قصد نمودهام که بهسبب اعمال بدایشان به ایشان برسانم پشیمان گردم. | ۳ 3 |
၃လူတို့သည်နားထောင်၍မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ အကယ်၍သူတို့သည်ဤသို့စွန့်ပစ်ကြပါ မူငါသည်သူတို့၏ယုတ်မာမှုများအတွက် သုတ်သင်ဖျက်ဆီးရန်အကြံအစည်တော် နှင့်ပတ်သက်၍စိတ်တော်ပြောင်းလဲတော်မူ မည်'' ဟုမိန့်တော်မူ၏။
پس ایشان را بگو: خداوند چنین میفرماید: اگر به من گوش ندهید و در شریعت من که پیش شما نهادهام سلوک ننمایید، | ۴ 4 |
၄ထာဝရဘုရားသည်လူတို့အားဆင့်ဆိုရန် ငါ့အားမိန့်တော်မူသည်မှာ``ထာဝရဘုရား ကသင်တို့သည်ငါပေးအပ်ခဲ့သည့်သြဝါဒ များကိုလိုက်နာကျင့်သုံးကာငါ၏စကား ကိုနားထောင်ရကြမည်။-
و اگر کلام بندگانم انبیا را که من ایشان را نزد شما فرستادم اطاعت ننمایید با آنکه من صبح زود برخاسته، ایشان را ارسال نمودم اماشما گوش نگرفتید. | ۵ 5 |
၅သင်တို့ထံသို့ထပ်ကာထပ်ကာငါစေလွှတ် သည့် ငါ၏အစေခံပရောဖက်တို့၏စကား ကိုပမာဏပြုရကြမည်။ သင်တို့သည်သူ တို့၏စကားကိုအဘယ်အခါ၌မျှနား မထောင်ခဲ့ကြ။-
آنگاه این خانه را مثل شیلوه خواهم ساخت و این شهر را برای جمیع امت های زمین لعنت خواهم گردانید.» | ۶ 6 |
၆သင်တို့သည်ယခုငါပြောသည့်အတိုင်းမပြု ဘဲနေခဲ့ပါမူ ငါသည်ဤမြို့ကိုရှိလောရွာကဲ့ သို့ဖြစ်စေမည်။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ သည်လည်း ဤမြို့၏အမည်နာမကိုကျိန်ဆဲ ရာတွင်အသုံးပြုကြလိမ့်မည်ဟုပြောကြား လော့'' ဟူ၍ဖြစ်၏။
و کاهنان و انبیا و تمامی قوم، این سخنان راکه ارمیا در خانه خداوند گفت شنیدند. | ۷ 7 |
၇ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ပြည် သူအပေါင်းတို့သည် ဗိမာန်တော်ထဲ၌ငါဆင့် ဆိုဟောပြောသည့်ထိုစကားတို့ကိုကြား ကြ၏။-
و چون ارمیا از گفتن هرآنچه خداوند او را مامور فرموده بود که به تمامی قوم بگوید فارغ شد، کاهنان وانبیا و تمامی قوم او را گرفته، گفتند: «البته خواهی مرد. | ۸ 8 |
၈မိမိအားထာဝရဘုရားမိန့်မှာတော်မူသမျှ ကိုငါပြန်ကြားပြောဆိုပြီးသည်နှင့်တစ်ပြိုင် နက်သူ၏ပုရောဟိတ်များ၊ ပရောဖက်များ နှင့်ပြည်သူတို့သည်ငါ့အားဆွဲကိုင်ဖမ်းဆီး ကာ``သင်သည်ဤစကားတို့ကိုပြောဆိုသည့် အတွက်သေဒဏ်ခံထိုက်၏။-
چرا به اسم یهوه نبوت کرده، گفتی که این خانه مثل شیلوه خواهد شد و این شهر خراب وغیرمسکون خواهد گردید؟» پس تمامی قوم درخانه خداوند نزد ارمیا جمع شدند. | ۹ 9 |
၉အဘယ်ကြောင့်ဗိမာန်တော်သည်ရှိလောရွာကဲ့ သို့ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤမြို့သည် ဖျက်ဆီးခြင်းခံရ၍လူသူဆိတ်ငြိမ်ရာဖြစ် လိမ့်မည်ဟူ၍လည်းကောင်း သင်သည်ထာဝရ ဘုရား၏နာမတော်ကိုအမှီပြု၍ပြောဆို ပါသနည်း'' ဟုဟစ်အော်ကြ၏။ ထိုနောက် လူတို့သည်ဗိမာန်တော်အတွင်း၌စုရုံး၍ ငါ့အားဝိုင်းရံထားကြ၏။
و چون روسای یهودا این چیزها را شنیدنداز خانه پادشاه به خانه خداوند برآمده، به دهنه دروازه جدید خانه خداوند نشستند. | ۱۰ 10 |
၁၀ယုဒခေါင်းဆောင်များသည် ထိုအဖြစ်အပျက် အကြောင်းကိုကြားသိကြသောအခါ ဘုရင် နန်းတော်မှလာ၍ဗိမာန်တော်တံခါးသစ် အဝင်ဝ၌နေရာယူကြ၏။-
پس کاهنان و انبیا، روسا وتمامی قوم را خطاب کرده، گفتند: «این شخص مستوجب قتل است زیراچنانکه به گوشهای خود شنیدید به خلاف این شهر نبوت کرد.» | ۱۱ 11 |
၁၁ထိုနောက်ယဇ်ပုရောဟိတ်များနှင့်ပရောဖက် တို့ကခေါင်းဆောင်များနှင့်ပြည်သူတို့အား``ဤ သူသည်ငါတို့၏မြို့ကိုဆန့်ကျင်ပြောဆိုသဖြင့် သေဒဏ်ခံထိုက်ပေသည်။ သူပြောဆိုသည့်စကား ကိုသင်တို့ကိုယ်တိုင်ကြားကြ၏'' ဟုဆို၏။
پس ارمیا جمیع سروران و تمامی قوم رامخاطب ساخته، گفت: «خداوند مرا فرستاده است تا همه سخنانی را که شنیدید به ضد این خانه و به ضد این شهر نبوت نمایم. | ۱۲ 12 |
၁၂ထိုအခါငါသည်ခေါင်းဆောင်များနှင့် ပြည်သူ တို့အား``ဤဗိမာန်တော်နှင့်ဤမြို့ကိုဆန့်ကျင် ၍ ငါပြောဆိုသည်ကိုသင်တို့ကြားရကြ၏။ ထိုစကားတို့သည်ငါ့အား၊ ထာဝရဘုရား စေလွှတ်ပြန်ကြားစေတော်မူသည့်စကား များဖြစ်၏။-
پس الان راهها و اعمال خود را اصلاح نمایید و قول یهوه خدای خود را بشنوید تا خداوند از این بلایی که درباره شما فرموده است پشیمان شود. | ۱۳ 13 |
၁၃သင်တို့သည်မိမိတို့နေထိုင်ပြုကျင့်ပုံကို ပြောင်းလဲကာ သင်တို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ရကြမည်။ ထို အခါကိုယ်တော်သည်သင်တို့အားဖျက်ဆီး တော်မူမည်ဟု ယခင်မိန့်ကြားခဲ့သော်လည်း မိမိ၏စိတ်တော်ကိုပြောင်းလဲစေတော်မူ လိမ့်မည်။-
اما من اینک در دست شما هستم موافق آنچه در نظرشما پسند و صواب آید بعمل آرید. | ۱۴ 14 |
၁၄ငါမူကားသင်တို့၏လက်တွင်း၌ရှိ၏။ သင်တို့ ၏စိတ်တွင်မှန်သည်၊ တရားသည်ဟုထင်မှတ် သည့်အတိုင်းငါ့အားပြုလော့။-
لیکن اگر شما مرا به قتل رسانید یقین بدانید که خون بیگناهی را بر خویشتن و بر این شهر و ساکنانش وارد خواهید آورد. زیرا حقیقت خداوند مرا نزدشما فرستاده است تا همه این سخنان را به گوش شما برسانم.» | ۱۵ 15 |
၁၅သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။
آنگاه روسا و تمامی قوم به کاهنان و انبیاگفتند که «این مرد مستوجب قتل نیست زیرا به اسم یهوه خدای ما به ما سخن گفته است.» | ۱۶ 16 |
၁၆ထိုအခါခေါင်းဆောင်များနှင့်ပြည်သူတို့က ယဇ်ပုရောဟိတ်များနှင့်ပရောဖက်တို့အား``ဤ သူသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ ငါတို့အားဟော ပြောသဖြင့်သူ့အားသေဒဏ်မပေးသင့်'' ဟုပြောဆိုကြ၏။
وبعضی از مشایخ زمین برخاسته، تمامی جماعت قوم را خطاب کرده، گفتند | ۱۷ 17 |
၁၇ထိုနောက်မြို့မိမြို့ဖအချို့တို့သည်ထ၍ စုဝေးလျက်ရှိသောပရိသတ်အား၊-
که «میکای مورشتی در ایام حزقیا پادشاه یهودا نبوت کرد وبه تمامی قوم یهودا تکلم نموده، گفت: یهوه صبایوت چنین میگوید که صهیون را مثل مزرعه شیار خواهند کرد و اورشلیم خراب شده، کوه این خانه به بلندیهای جنگل مبدل خواهد گردید. | ۱۸ 18 |
၁၈``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊ `ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက် ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟု မိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။
آیا حزقیا پادشاه یهودا و تمامی یهودا او راکشتند؟ نی بلکه از خداوند بترسید و نزد خداونداستدعا نمود و خداوند از آن بلایی که درباره ایشان گفته بود پشیمان گردید. پس ما بلای عظیمی بر جان خود وارد خواهیم آورد.» | ۱۹ 19 |
၁၉ယုဒဘုရင်ဟေဇကိနှင့်သူ၏ပြည်သူတို့ သည် မိက္ခာအားသေဒဏ်မပေးခဲ့ကြ။ သေ ဒဏ်ပေးမည့်အစားဟေဇကိသည် ထာဝရ ဘုရားအားကြောက်ရွံ့သဖြင့်ရှေ့တော်၌ မျက်နှာပွင့်လန်းရန်ကြိုးစား၍ဆောင်ရွက် ၏။ ထိုအခါထာဝရဘုရားသည်ထိုသူတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးသက်ရောက် စေမည်ဟု ယခင်ကမိန့်ကြားခဲ့သော်လည်း မိမိစိတ်တော်ကိုပြောင်းလဲစေတော်မူ၏။ ယခုငါတို့သည်မိမိတို့အပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ဆိုးသက်ရောက်အောင်ပြုကြသည်တကား'' ဟုဆိုကြ၏။
و نیز شخصی اوریا نام ابن شمعیا از قریت یعاریم بود که به نام یهوه نبوت کرد و او به ضد این شهر و این زمین موافق همه سخنان ارمیا نبوت کرد. | ۲۰ 20 |
၂၀(ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ ဟောပြောကြသူအခြားလူတစ် ယောက်ရှိသေး၏။ ထိုသူသည်ရှေမာယ ၏သား၊ ကိရယတ်ယာရိမ်မြို့သားဥရိယ ဖြစ်၏။ သူသည်ဤမြို့နှင့်ဤလူမျိုးအား ဆန့်ကျင်၍ယေရမိဟောပြောသကဲ့သို့ ဟောပြောခဲ့၏။-
و چون یهویاقیم پادشاه و جمیع شجاعانش و تمامی سرورانش سخنان او راشنیدند پادشاه قصد جان او نمود و چون اوریا این را شنید بترسید و فرار کرده، به مصر رفت. | ۲۱ 21 |
၂၁သူ၏စကားကိုယောယကိမ်မင်းနှင့်သူ၏ မှူးမတ်များနှင့်စစ်သည်တော်များကြားသော အခါ မင်းကြီးသည်သူ့အားကွပ်မျက်ရန် ကြိုးစား၏။ သို့ရာတွင်ဥရိယသည်ထိုသတင်း ကိုကြားသဖြင့်ကြောက်၍အီဂျစ်ပြည်သို့ ထွက်ပြေးသွားလေသည်။-
ویهویاقیم پادشاه کسان به مصر فرستاد یعنی الناتان بن عکبور و چند نفر را با او به مصر(فرستاد). | ۲۲ 22 |
၂၂ယောယကိမ်မင်းသည်လည်းဥရိယအား ဖမ်းဆီးရန် အာခဗော်၏သားဧလနာသန် နှင့်လူအချို့ကိုအီဂျစ်ပြည်သို့စေလွှတ် လိုက်၏။-
و ایشان اوریا را از مصر بیرون آورده، او را نزد یهویاقیم پادشاه رسانیدند و او رابه شمشیر کشته، بدن او را به قبرستان عوام الناس انداخت. | ۲۳ 23 |
၂၃သူတို့သည်ဥရိယအားအီဂျစ်ပြည်မှ ယောယကိမ်မင်းထံသို့ပြန်လည်ခေါ်ဆောင် လာလေလျှင် မင်းကြီးသည်သူ့ကိုသတ်၍ ပြည်သူတို့၏သင်္ချိုင်းတွင်ပစ်ထားစေ၏။)
لیکن دست اخیقام بن شافان با ارمیابود تا او را بهدست قوم نسپارند که او را به قتل رسانند. | ۲۴ 24 |
၂၄သို့ရာတွင်ငါသည်ရှာဖန်၏သား အဟိကံ ၏ထောက်ခံမှုကိုရရှိသဖြင့် လူတို့လက် သို့အပ်၍အသတ်မခံရခြင်းဖြစ်၏။