< عبرانیان 4 >
پس بترسیم مبادا با آنکه وعده دخول درآرامی وی باقی میباشد، ظاهر شود که احدی از شما قاصر شده باشد. | ۱ 1 |
၁ငြိမ်ဝပ်ချမ်းသာခံစားခွင့်ကိုငါတို့အား ဘုရားသခင်ပေးတော်မူမည်ဟုကတိ တော်ရှိ၏။ သင်တို့အနက်တစ်စုံတစ်ယောက် မျှ ယင်းငြိမ်ဝပ်ရာချမ်းသာကိုလက်မလွတ် စေရန်သတိပြုကြလော့။-
زیرا که به ما نیز به مثال ایشان بشارت داده شد، لکن کلامی که شنیدند بدیشان نفع نبخشید، از اینرو که باشنوندگان به ایمان متحد نشدند. | ۲ 2 |
၂ငါတို့သည်ရှေးခေတ်လူတို့နည်းတူသတင်း ကောင်းကိုကြားကြရ၏။ သို့ရာတွင်ထိုသူ တို့ကြားရသည့်သတင်းကောင်းသည် သူတို့ အတွက်အကျိုးမရှိချေ။ အဘယ်ကြောင့် ဆိုသော် သူတို့သည်သတင်းကောင်းကိုကြား ရသော်လည်း ယုံကြည်ခြင်းဖြင့်လက်မခံ ကြသောကြောင့်ဖြစ်၏။-
زیرا ما که ایمان آوردیم، داخل آن آرامی میگردیم، چنانکه گفته است: «در خشم خود قسم خوردم که به آرامی من داخل نخواهند شد.» و حال آنکه اعمال او از آفرینش عالم به اتمام رسیده بود. | ۳ 3 |
၃သို့ဖြစ်၍ယုံကြည်သူငါတို့သည် ဘုရား သခင်ကတိထားတော်မူသောငြိမ်ဝပ်ရာ ချမ်းသာကိုရရှိကြပေသည်။ ``ငါသည်အမျက်ထွက်၍ကျိန်ဆိုလျက် ထိုသူတို့အား ငြိမ်ဝပ်ရာချမ်းသာရရှိရန်ပြည်တော်သို့ ဝင်ခွင့်ကို အဘယ်အခါ၌မျှပေးလိမ့်မည်မဟုတ်'' ဟုဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ပင်ဖြစ်၏။ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍ ကိုယ်တော်သည်မိမိလုပ်ဆောင်ရန်အမှု ကိစ္စများပြီးဆုံးသွားသော်လည်းဤစကား ကိုမိန့်တော်မူပေသည်။-
ودر مقامی درباره روز هفتم گفت که «در روز هفتم خدا از جمیع اعمال خود آرامی گرفت.» | ۴ 4 |
၄ကျမ်းစာတော်တွင်ခုနစ်ရက်မြောက်သော နေ့နှင့်ပတ်သက်၍``ဘုရားသခင်သည်သတ္တမ နေ့၌ မိမိပြုစရာရှိသမျှသောအမှုကိစ္စ များပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူ၏။'' ဟု ဖော်ပြပါရှိ၏။-
و بازدر این مقام که «به آرامی من داخل نخواهند شد.» | ۵ 5 |
၅တစ်ဖန်ဤအကြောင်းအရာနှင့်ပတ်သက် ၍``ထိုသူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိ ရန် ပြည်တော်သို့အဘယ်အခါ၌မျှဝင် ကြရလိမ့်မည်မဟုတ်'' ဟုဆို၏။-
پس چون باقی است که بعضی داخل آن بشوند و آنانی که پیش بشارت یافتند، بهسبب نافرمانی داخل نشدند، | ۶ 6 |
၆သတင်းကောင်းကိုဦးစွာပထမကြားရ သူတို့သည် ထိုသတင်းကောင်းကိုမယုံကြည် သဖြင့် ငြိမ်ဝပ်ရာချမ်းသာခံစားခွင့်မရ ကြ။ သို့ဖြစ်၍ထိုငြိမ်ဝပ်ရာချမ်းသာကို အခြားသူတို့ရရှိကြပေသည်။-
باز روزی معین میفرماید چونکه به زبان داود بعد از مدت مدیدی «امروز» گفت، چنانکه پیش مذکور شدکه «امروز اگر آواز او را بشنوید، دل خود راسخت مسازید.» | ۷ 7 |
၇ယင်းသို့ရရှိကြကြောင်းကို``ယနေ့'' ဟု နာမည်တွင်သောနေ့ရက်တစ်ရက်ကို ဘုရား သခင်သတ်မှတ်ပေးတော်မူသည့်အချက်က သက်သေပြ၏။ ကိုယ်တော်သည်ကျမ်းစာတော် တွင်ဖော်ပြပြီးသည့်အတိုင်း နှစ်ပေါင်းများ စွာကြာသောအခါဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုအကြောင်းပြု၍ ``သင်တို့သည်ဘုရားသခင်၏အသံတော်ကို ယနေ့ကြားရလျှင်ခေါင်းမမာကြနှင့်'' ဟုမိန့်တော်မူသည်။
زیرا اگر یوشع ایشان را آرامی داده بود، بعد از آن دیگر را ذکر نمی کرد. | ۸ 8 |
၈အကယ်၍ယောရှုပေးသည့်ငြိမ်ဝပ်ရာချမ်း သာမှာ ဘုရားသခင်ကတိထားတော်မူသည့် ငြိမ်ဝပ်ရာချမ်းသာဖြစ်ပါမူ ဘုရားသခင် သည်အခြားနေ့ရက်တစ်ရက်အကြောင်းကို မိန့်ကြားတော်မူမည်မဟုတ်။-
پس برای قوم خدا آرامی سبت باقی میماند. | ۹ 9 |
၉သို့ဖြစ်၍သတ္တမနေ့၌ဘုရားသခင်ငြိမ် ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ လူစုတော်အတွက်ငြိမ်ဝပ်စွာနေရန်နေ့ ရက်တစ်ရက်ရှိသေး၏။-
زیراهرکه داخل آرامی او شد، او نیز از اعمال خودبیارامید، چنانکه خدا از اعمال خویش. | ۱۰ 10 |
၁၀အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကတိ ထားတော်မူသောငြိမ်ဝပ်ရာချမ်းသာကိုရရှိ သူသည် ဘုရားသခင်နည်းတူမိမိအလုပ်မှ ငြိမ်ဝပ်စွာနေမည်ဖြစ်သောကြောင့်တည်း။-
پس جد و جهد بکنیم تا به آن آرامی داخل شویم، مبادا کسی در آن نافرمانی عبرت آمیز بیفتد. | ۱۱ 11 |
၁၁သို့ဖြစ်၍မယုံကြည်သဖြင့်ငြိမ်ဝပ်ရာချမ်း သာကိုမရရှိသောသူတို့ကဲ့သို့ မည်သူမျှ မဖြစ်စေဘဲငြိမ်ဝပ်ရာချမ်းသာကိုရရှိ နိုင်ရန်ငါတို့သည်အစွမ်းကုန်ကြိုးစား ကြစို့။
زیرا کلام خدا زنده و مقتدر و برنده تر است ازهر شمشیر دودم و فرورونده تا جدا کند نفس وروح و مفاصل و مغز را و ممیز افکار و نیتهای قلب است، | ۱۲ 12 |
၁၂ဘုရားသခင်၏နှုတ်ကပတ်တော်သည်သက်ရှင် လှုပ်ရှား၍ သန်လျက်တကာတို့ထက်ထက်မြက် ၏။ အသက်နှင့်ဝိညာဉ်တွေ့ဆုံရာအထိလည်း ကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီတွေ့ရာအထိ လည်းကောင်းထုတ်ချင်းခွင်းတတ်၏။ လူ၏စိတ် နှလုံးအကြံအစည်နှင့်လိုအင်ဆန္ဒများ ကိုစစ်ဆေးတတ်၏။-
و هیچ خلقت از نظر او مخفی نیست بلکه همهچیز در چشمان او که کار ما باوی است، برهنه و منکشف میباشد. | ۱۳ 13 |
၁၃ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။
پس چون رئیس کهنه عظیمی داریم که ازآسمانها درگذشته است یعنی عیسی، پسر خدا، اعتراف خود را محکم بداریم. | ۱۴ 14 |
၁၄သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။-
زیرا رئیس کهنهای نداریم که نتواند همدرد ضعفهای مابشود، بلکه آزموده شده در هر چیز به مثال مابدون گناه. | ۱۵ 15 |
၁၅ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-
پس با دلیری نزدیک به تخت فیض بیاییم تا رحمت بیابیم و فیضی را حاصل کنیم که در وقت ضرورت (ما را) اعانت کند. | ۱۶ 16 |
၁၆သို့ဖြစ်၍ကူညီရန်လိုအပ်ချိန်၌ကရုဏာ တော်နှင့်ကျေးဇူးတော်ကိုခံစားခြင်းငှာ ငါတို့သည်ရဲရင့်သောစိတ်နှင့်ကျေးဇူးတော် ရှိရာဘုရားသခင်၏ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြစို့။