< پیدایش 33 >
پس یعقوب چشم خود را باز کرده، دید که اینک عیسو میآید و چهارصدنفر با او. آنگاه فرزندان خود را به لیه و راحیل و دوکنیز تقسیم کرد. | ۱ 1 |
၁ဧသောသည်လူလေးရာပါလျက်လာနေသည် ကိုယာကုပ်မြင်လျှင်သားသမီးတို့ကိုလေအာ၊ ရာခေလနှင့်မယားငယ်နှစ်ဦးတို့ထံခွဲ၍ အပ်နှံထားလေ၏။-
و کنیزان را با فرزندان ایشان پیش داشت و لیه را با فرزندانش در عقب ایشان، وراحیل و یوسف را آخر. | ۲ 2 |
၂သူသည်မယားငယ်တို့နှင့်သူတို့၏ကလေး များကိုရှေ့ဆုံး၌ထား၍ ထိုနောက်လေအာနှင့် သူ၏ကလေးတို့ကိုလည်းကောင်း၊ နောက်ဆုံး ၌ရာခေလနှင့်ယောသပ်ကိုလည်းကောင်း နေရာချထားလေ၏။-
و خود درپیش ایشان رفته، هفت مرتبه رو به زمین نهاد تا به برادر خودرسید. | ۳ 3 |
၃ယာကုပ်သည်ထိုသူတို့ရှေ့ကသွား၍အစ်ကို ၏အနီးသို့ချဉ်းကပ်မိလျှင် ခုနစ်ကြိမ်ဦးညွှတ် ၍အရိုအသေပြုလေသည်။-
اما عیسو دوان دوان به استقبال او آمد واو را در برگرفته، به آغوش خود کشید، و او رابوسید و هر دو بگریستند. | ۴ 4 |
၄ထိုအခါဧသောသည်ပြေး၍ယာကုပ်ကိုဖက် ယမ်းနမ်းရှုပ်လေသည်။ သူတို့နှစ်ဦးငိုကြွေးကြ ၏။-
و چشمان خود را بازکرده، زنان و فرزندان را بدید و گفت: «این همراهان تو کیستند؟» | ۵ 5 |
၅ဧသောသည်မော်ကြည့်၍မိန်းမများနှင့်ကလေး များကိုမြင်လျှင်``သင်နှင့်အတူပါလာသောဤ သူတို့ကားမည်သူတို့နည်း'' ဟုမေးလေ၏။
آنگاه کنیزان با فرزندان ایشان نزدیک شده، تعظیم کردند. | ۶ 6 |
၆ယာကုပ်က``ဘုရားသခင်သည်ကျွန်တော်အား ပေးသနားတော်မူသောသားသမီးများဖြစ် ပါသည်'' ဟုဖြေ၏။ ထို့နောက်သူ၏မယားငယ် တို့သည် မိမိတို့၏သားသမီးများနှင့်အတူ ဧသောအနီးသို့ချဉ်းကပ်၍ဦးညွှတ်ကြ၏။-
و لیه با فرزندانش نزدیک شده، تعظیم کردند. پس یوسف و راحیل نزدیک شده، تعظیم کردند. | ۷ 7 |
၇လေအာနှင့်သူ၏သားသမီးတို့နှင့်ယောသပ် နှင့်ရာခေလတို့သည် ဧသောအနီးသို့ချဉ်း ကပ်၍ဦးညွှတ်ကြ၏။
و او گفت: «از تمامی این گروهی که بدان برخوردم، چه مقصود داری؟» گفت: «تا در نظر آقای خود التفات یابم.» | ۸ 8 |
၈ဧသောက``လမ်းတွင်ငါတွေ့ခဲ့သောတိရစ္ဆာန် အုပ်များကိုမည်သည့်အတွက်ကြောင့်ရှေ့က သွားစေသနည်း'' ဟုမေးလျှင်၊ ယာကုပ်က``ကိုယ်တော်ထံမှမျက်နှာသာရ စေရန်ဖြစ်ပါသည်'' ဟုပြန်ဖြေလေ၏။
عیسوگفت: «ای برادرم مرا بسیار است، مال خود را نگاه دار.» | ۹ 9 |
၉ထိုအခါဧသောက``ငါ့ညီ၊ ငါ၌ဥစ္စာအလုံ အလောက်ရှိ၏။ သင့်ပစ္စည်းကိုပြန်ယူပါ'' ဟု ဆိုလေ၏။
یعقوب گفت: «نی، بلکه اگر در نظرت التفات یافتهام، پیشکش مرا از دستم قبول فرما، زیرا که روی تو را دیدم مثل دیدن روی خدا، ومرا منظور داشتی. | ۱۰ 10 |
၁၀ယာကုပ်က``ကိုယ်တော်၏ထံမှမျက်နှာသာရ သည်မှန်လျှင် ကျွန်တော်ဆက်သသောလက်ဆောင် များကိုလက်ခံတော်မူပါ။ ကိုယ်တော်သည်ကျွန် တော်ကိုကြည်ဖြူစွာကြိုဆိုပါပြီ။ ကိုယ်တော် ၏မျက်နှာကိုမြင်ရသည်မှာဘုရားသခင်၏ မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ပင်ဖြစ် ပါသည်။-
پس هدیه مرا که به حضورت آورده شد بپذیر، زیرا خدا به من احسان فرموده است و همهچیز دارم.» پس او را الحاح نمود تا پذیرفت. | ۱۱ 11 |
၁၁ကိုယ်တော်ထံသို့ယခုကျွန်တော်ယူဆောင်လာ သောလက်ဆောင်များကိုလက်ခံပါ။ ဘုရားသခင်သည်ကျွန်တော်လိုသမျှကိုပေးသနား တော်မူပါပြီ'' ဟုမနေမနားတိုက်တွန်း သဖြင့်ဧသောသည်လက်ဆောင်များကို လက်ခံလိုက်လေသည်။
گفت: «کوچ کرده، برویم و من همراه تو میآیم.» | ۱۲ 12 |
၁၂ထိုနောက်ဧသောက``သွားကြစို့။ သင့်အရှေ့မှာ ငါသွားမည်'' ဟုပြော၏။
گفت: «آقایم آگاه است که اطفال نازکند وگوسفندان و گاوان شیرده نیز با من است، و اگرآنها را یک روز برانند، تمامی گله میمیرند؛ | ۱۳ 13 |
၁၃ယာကုပ်က``ကိုယ်တော်သိသည်အတိုင်းကျွန် တော်၏ကလေးများသည်နုနယ်ကြပါ၏။ နို့စို့သားငယ်များပါသောသိုး၊ ဆိတ်၊ နွားတို့ ကိုလည်းညှာရပါမည်။ တိရစ္ဆာန်တို့ကိုတစ်နေ့ မျှခရီးပြင်းနှင်လျှင်တစ်အုပ်လုံးသေဆုံး ကုန်ပါလိမ့်မည်။-
پس آقایم پیشتر از بنده خود برود و من موافق قدم مواشی که دارم. و به حسب قدم اطفال، آهسته سفر میکنم، تا نزد آقای خود به سعیربرسم. | ۱۴ 14 |
၁၄ကိုယ်တော်သွားနှင့်ပါ။ ကျွန်တော်တိရစ္ဆာန်များ၊ ကလေးများနှင့်ခရီးတွင်နိုင်သမျှဖြင့်အစ် ကိုရှိရာဧဒုံပြည်သို့ရောက်အောင်တဖြည်း ဖြည်းလိုက်ခဲ့ပါမည်'' ဟုဆို၏။
عیسو گفت: «پس بعضی از این کسانی را که با منند نزد تو میگذارم.» گفت: «چه لازم است، فقط در نظر آقای خود التفات بیابم.» | ۱۵ 15 |
၁၅ထိုအခါဧသောက``ထိုသို့ဆိုလျှင်ကာကွယ် စောင့်ရှောက်ရန်ငါ့လူအချို့ကိုသင့်ထံ၌ ထားခဲ့မည်'' ဟုပြော၏။ ယာကုပ်က``ကျွန်တော်အတွက်အစောင့်အရှောက် မလိုပါ။ ကိုယ်တော်၏ထံမှမျက်နှာသာရရှိ နိုင်ရန်သာတောင်းလျှောက်လိုပါသည်'' ဟုဖြေ လေ၏။-
در همان روز عیسو راه خود را پیش گرفته، به سعیرمراجعت کرد. | ۱۶ 16 |
၁၆ထိုနေ့၌ဧသောသည်ဧဒုံပြည်သို့ပြန်သွား လေသည်။-
و اما یعقوب به سکوت سفرکرد و خانهای برای خود بنا نمود و برای مواشی خود سایبانها ساخت. از این سبب آن موضع به «سکوت» نامیده شد. | ۱۷ 17 |
၁၇ယာကုပ်ကမူသုကုတ်အရပ်သို့သွား၍ ထို အရပ်တွင်သူနေထိုင်ရန်အိမ်နှင့်တိရစ္ဆာန် များအတွက် တင်းကုပ်များကိုတည်ဆောက် လေ၏။ ထိုကြောင့်ထိုအရပ်ကိုသုကုတ်ဟု ခေါ်တွင်လေသည်။
پس چون یعقوب از فدان ارام مراجعت کرد، به سلامتی به شهر شکیم، در زمین کنعان آمد، و در مقابل شهر فرود آمد. | ۱۸ 18 |
၁၈ယာကုပ်သည်ပါဒနာရံပြည်မြောက်ပိုင်းမှ ပြန်လာရာ ခါနာန်ပြည်ရှိရှေခင်မြို့သို့လုံ ခြုံစွာရောက်ရှိလာ၍မြို့နားရှိမြေကွက် တွင်စခန်းချလေ၏။-
و آن قطعه زمینی را که خیمه خود را در آن زده بود ازبنی حمور، پدر شکیم، به صد قسیط خرید. | ۱۹ 19 |
၁၉သူသည်ထိုမြေကွက်ကိုရှေခင်၏အဖ ဟာမော်၏သားချင်းတို့ထံမှငွေသား တစ်ရာပေး၍ဝယ်ယူလေသည်။-
ومذبحی در آنجا بنا نمود و آن را ایل الوهی اسرائیل نامید. | ۲۰ 20 |
၂၀ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍ ပလ္လင်ကို ဣသရေလ၏ဘုရားတည်းဟူသောဧလေ လောဟုသမုတ်လေ၏။