< حزقیال 33 >

و کلام خداوند بر من نازل شده، گفت: ۱ 1
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
«ای پسر انسان پسران قوم خود راخطاب کرده، به ایشان بگو: اگر من شمشیری برزمینی آورم و اهل آن زمین کسی را از میان خودگرفته، او را به جهت خود به دیده بانی تعیین کنند، ۲ 2
အချင်းလူသား၊ သင်၏ အမျိုးသားအချင်းတို့ အား ဟော်ပြော၍ ဆင့်ဆိုရမည်မှား၊ ငါသည် တစုံတခု သောပြည်သို့ ထားဘေးရောက်စေသောအခါ၊ ပြည်သား တို့သည် ပြည်သားတယောက်ကို ယူ၍ ကင်းစောင့် ထားပြီးမှ၊
و او شمشیر را بیند که بر آن زمین می‌آید وکرنارا نواخته، آن قوم را متنبه سازد، ۳ 3
ထိုသူသည် ထားဘေးရောက်သည်ကို မြင်လျက် တံပိုးမှုတ်၍ သတိပေးသော်လည်း၊
و اگر کسی صدای کرنا را شنیده، متنبه نشود، آنگاه شمشیرآمده، او را گرفتار خواهد ساخت و خونش برگردنش خواهد بود. ۴ 4
တစုံတယောက်သောသူသည် တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား၊ ထားဘေးရောက်၍ သူ၏ အသက်ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည်။
چونکه صدای کرنا را شنیدو متنبه نگردید، خون او بر خودش خواهد بود واگر متنبه می‌شد جان خود را می‌رهانید. ۵ 5
တံပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုယ်အသက်ကို ကယ်တင် လိမ့်မည်။
و اگردیده بان شمشیر را بیند که می‌آید و کرنا راننواخته قوم را متنبه نسازد و شمشیر آمده، کسی را از میان ایشان گرفتار سازد، آن شخص در گناه خود گرفتار شده است، اما خون او را از دست دیده بان خواهم طلبید. ۶ 6
သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေး ရောက်ကြောင်းကိုမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့ အား အသိမပေးသောကြောင့် ထားဘေးရောက်၍ တစုံတယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက် ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်။
و من تو را‌ای پسر انسان برای خاندان اسرائیل به دیده بانی تعیین نموده‌ام تا کلام را از دهانم شنیده، ایشان را از جانب من متنبه سازی. ۷ 7
ထိုအတူ၊ အချင်းလူသား၊ သင့်ကိုဣသရေလ အမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့်၊ သင်သည်ငါ၏ နှုတ်ထွက်စကားကို နာခံ၍ သူတို့ကို သတိပေးရမည်။
حینی که من به مرد شریر گویم: ای مرد شریر البته خواهی مرد! اگر تو سخن نگویی تاآن مرد شریر را از طریقش متنبه سازی، آنگاه آن مرد شریر در گناه خود خواهد مرد، اما خون او رااز دست تو خواهم طلبید. ۸ 8
ငါသည် လူဆိုးအား၊ အိုလူဆိုး၊ အကယ်စင်စစ် သင်သည် အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကို သူ၏လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏အသက်ကိုသင်၌ ငါတောင်းမည်။
اما اگر تو آن مردشریر را از طریقش متنبه سازی تا از آن بازگشت نماید و او از طریق خود بازگشت نکند، آنگاه اودر گناه خود خواهد مرد، اما تو جان خود رارستگار ساخته‌ای. ۹ 9
သို့မဟုတ်။ လူဆိုးကိုသူ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိပေး၍ သူသည်မလွှဲဘဲနေလျှင်၊ မိမိ အပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သင်သည် ကိုယ် အသက်ကို ကယ်တင်ပြီ။
پس تو‌ای پسر انسان به خاندان اسرائیل بگو: شما بدین مضمون می‌گویید: چونکه عصیان و گناهان ما بر گردن مااست و به‌سبب آنها کاهیده شده‌ایم، پس چگونه زنده خواهیم ماند؟ ۱۰ 10
၁၀သို့ဖြစ်၍၊ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှား၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့ သည်ဖြစ်၍၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော်၊
«به ایشان بگو: خداوند یهوه می‌فرماید: به حیات خودم قسم که من از مردن مرد شریرخوش نیستم بلکه (خوش هستم ) که شریر ازطریق خود بازگشت نموده، زنده ماند. ای خاندان اسرائیل بازگشت نمایید! از طریق های بد خویش بازگشت نمایید زیرا چرا بمیرید؟ ۱۱ 11
၁၁အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေ ခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုသော လမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလအမျိုးသားတို့၊ သင်တို့လိုက် သောလမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ် ကြောင့်အသေခံလိုကြသနည်း။
و تو‌ای پسرانسان به پسران قوم خود بگو: عدالت مرد عادل در روزی که مرتکب گناه شود، او را نخواهدرهانید. و شرارت مرد شریر در روزی که او ازشرارت خود بازگشت نماید، باعث هلاکت وی نخواهد شد. و مرد عادل در روزی که گناه ورزد، به عدالت خود زنده نتواند ماند. ۱۲ 12
၁၂သို့ဖြစ်၍၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့အား ဟောပြောရမည်မှာ၊ ဖြောင့်မတ်သော သူသည် ဖေါက်ပြန်လျှင်၊ အရင်ဖြောင့်မတ်ခြင်း အမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ်။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင်၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ်။ ဖြောင့်မတ်သော သူသည်ပြစ်မှားသောနေ့၌ အသက်ရှင်ရသော အခွင့် မရှိရ။
حینی که به مرد عادل گویم که البته زنده خواهی ماند، اگر اوبه عدالت خود اعتماد نموده، عصیان ورزد، آنگاه عدالتش هرگز به یاد آورده نخواهد شد بلکه درعصیانی که ورزیده است خواهد مرد. ۱۳ 13
၁၃ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရ လိမ့်မည်ဟု ငါဆိုသော်လည်း၊ သူသည် မိမိဖြောင့်မတ် ခြင်းကို ကိုးစား၍ ဒုစရိုက်ကိုပြုမိလျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခုကိုမျှ မအောက်မေ့ရ။ ပြုမိသော ဒုစရိုက်ကြောင့် အသေခံရလိမ့်မည်။
وهنگامی که به مرد شریر گویم: البته خواهی مرد! اگر او از گناه خود بازگشت نموده، انصاف و عدالت بجا آورد، ۱۴ 14
၁၄တဖန်ဆိုးသော သူအား သင်သည် စင်စစ် အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း၊ ထိုသူသည် မိမိဒုစရိုက်ကို ရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ် သောအမှုကို ပြုလျက်၊
و اگر آن مرد شریر رهن راپس دهد و آنچه دزدیده بود رد نماید و به فرایض حیات سلوک نموده، مرتکب بی‌انصافی نشود، اوالبته زنده خواهد ماند و نخواهد مرد. ۱۵ 15
၁၅ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသော ဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲအသက် ရှင်ရာပညတ်တရားလမ်းသို့လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။
تمام گناهی که ورزیده بود بر او به یاد آورده نخواهدشد. چونکه انصاف و عدالت را بجا آورده است، البته زنده خواهد ماند. ۱۶ 16
၁၆ပြုမိသော ဒုစရိုက်အပြစ်တစုံတခုကိုမျှ သူ၌ မတင်။ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည်။
اما پسران قوم تومی گویند که طریق خداوند موزون نیست، بلکه طریق خود ایشان است که موزون نیست. ۱۷ 17
၁၇သို့သော်လည်း၊ သင်၏အမျိုးသားချင်းတို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ်၍၊ သူတို့စီရင်ချက်မဖြောင့်ပါတကား။
هنگامی که مرد عادل از عدالت خود برگشته، عصیان ورزد، به‌سبب آن خواهد مرد. ۱۸ 18
၁၈ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့်၍ ဒုစရိုက်ကိုပြုမိလျှင်၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည်။
و چون مرد شریر از شرارت خود بازگشت نموده، انصاف و عدالت را بجا آورد به‌سبب آن زنده خواهدماند. ۱۹ 19
၁၉ဆိုးသောသူမူကား၊ မိမိဒုစရိုက်ကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည်။
اما شما می‌گویید که طریق خداوندموزون نیست. ای خاندان اسرائیل من بر هر یکی از شما موافق طریق هایش داوری خواهم نمود.» ۲۰ 20
၂၀သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင် ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုးသားတို့၊ သင်တို့ အသီးသီးပြုကြသည်အတိုင်း ငါစီရင်မည်ဟုမိန့်တော်မူ၏။
و در روز پنجم ماه دهم از سال دوازدهم اسیری ما واقع شد که کسی‌که از اورشلیم فرارکرده بود نزد من آمده، خبر داد که شهر تسخیرشده است. ۲۱ 21
၂၁သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော၏။
و در وقت شام قبل از رسیدن آن فراری دست خداوند بر من آمده، دهان مراگشود. پس چون او در وقت صبح نزد من رسید، دهانم گشوده شد و دیگر گنگ نبودم. ۲۲ 22
၂၂ထိုသူမရောက်မှီ ညဦးမှစ၍ သူရောက်သော နံနက်အချိန်တိုင်အောင်၊ ထာဝရဘုရားသည် လက်တော် ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည် စကားမပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။
و کلام خداوند بر من نازل شده، گفت: ۲۳ 23
၂၃ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
«ای پسر انسان ساکنان این خرابه های زمین اسرائیل می‌گویند: ابراهیم یک نفر بود حینی که وارث این زمین شد وما بسیار هستیم که زمین به ارث به ما داده شده است. ۲۴ 24
၂၄အချင်းလူသား၊ ပျက်စီးသော ဣသရေလပြည်၌ နေသေးသော သူတို့က၊ အာဗြဟံသည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ၏။ ငါတို့မူကား အများဖြစ်ကြ၏။ ငါတို့အမွေခံရာဘို့ ပေးတော်မူပြီဟု ဆိုကြသော်၊
بنابراین به ایشان بگو: خداوند یهوه چنین می‌فرماید: (گوشت را) با خونش می‌خورید و چشمان خود را بسوی بتهای خویش برمی افرازید و خون می‌ریزید. پس آیاشما وارث زمین خواهید شد؟ ۲۵ 25
၂၅သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သွေးနှင့်တကွ အမဲသားကို စားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သက်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
«بر شمشیرهای خود تکیه می‌کنید ومرتکب رجاسات شده، هر کدام از شما زن همسایه خود را نجس می‌سازید. پس آیا وارث این زمین خواهید شد؟ ۲۶ 26
၂၆ထားကို ခိုလှုံလျက်၊ စက်ဆုပ်ဘွယ်သော အမှုကို ပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
بدینطور به ایشان بگوکه خداوند یهوه چنین می‌فرماید: به حیات خودم قسم البته آنانی که در خرابه‌ها هستند به شمشیرخواهند افتاد. و آنانی که بر روی صحرااند برای خوراک به حیوانات خواهم داد. و آنانی که درقلعه‌ها و مغارهایند از وبا خواهند مرد. ۲۷ 27
၂၇တဖန်အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါအသက်ရှင်သည်အတိုင်း၊ ပျက်စီး သော အရပ်၌နေသော သူတို့သည် ထားဖြင့် လဲ၍ သေရ ကြလိမ့်မည်။ လွင်ပြင်၌ရှိသော သူတို့ကို ငါသည်သားရဲ ၌အပ်၍ ကိုက်စားစေမည်။ ရဲတိုက်ဥမင်၌ရှိသော သူတို့ သည် ကာလနာနှင့် သေရကြလိမ့်မည်။
و این زمین را ویران و محل دهشت خواهم ساخت وغرور قوتش نابود خواهد شد. و کوههای اسرائیل به حدی ویران خواهد شد که رهگذری نباشد. ۲۸ 28
၂၈တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသဖြင့်၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေကုန်၍၊ အဘယ်သူမျှ မရှောက်မသွားရေအောင်၊ ဣသရေလတောင်တို့သည် လူဆိတ်ညံလျက် ရှိရကြလိမ့်မည်။
و چون این زمین را به‌سبب همه رجاساتی که ایشان بعمل آورده‌اند ویران و محل دهشت ساخته باشم، آنگاه خواهند دانست که من یهوه هستم. ۲۹ 29
၂၉ပြည်သားတို့သည် ပြုမိသောစက်ဆုပ်ဘွယ် အမှုအလုံးစုံတို့ကြောင့်၊ ထိုပြည်ကို ငါသုတ်သင်ပယ်ရှင်း သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်း သူတို့ သိရကြလိမ့်မည်။
اما تو‌ای پسر انسان پسران قومت به پهلوی دیوارها و نزد درهای خانه‌ها درباره توسخن می‌گویند. و هر یک به دیگری و هر کس به برادرش خطاب کرده، می‌گوید بیایید و بشنوید! چه کلام است که از جانب خداوند صادرمی شود. ۳۰ 30
၃၀ထိုမှတပါး၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့က၊ ငါတို့သွားကြကုန်အံ့။ ထာဝရဘုရားသည် အဘယ်သို့ဗျာဒိတ်ပေးတော်မူသည်ကို ကြာကြကုန်အံ့ဟု၊ ထရံနား၊ အိမ်တံခါးနားမှာ သင့်ကိုရည်မှတ်၍ တယောက် ကိုတယောက် ပြောတတ်ကြ၏။
و نزد تو می‌آیند بطوری که قوم (من )می آیند. و مانند قوم من پیش تو نشسته، سخنان تو را می‌شنوند، اما آنها را بجا نمی آورند. زیرا که ایشان به دهان خود سخنان شیرین می‌گویند. لیکن دل ایشان در‌پی حرص ایشان می‌رود. ۳۱ 31
၃၁ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကိုကြာသော်လည်း၊ နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုန်နှင့်ပြသော်လည်း၊ စိတ်နှလုံးမူကား လောကီ ဥစ္စာကိုစွဲလမ်းလျက်ရှိ၏။
واینک تو برای ایشان مثل سرود شیرین مطرب خوشنوا و نیک نواز هستی. زیرا که سخنان تو رامی شنوند، اما آنها را بجا نمی آورند. ۳۲ 32
၃၂သင်၏စကားသည်၊ ကောင်းမွန်စွာတီး၍ သာယာသောအသံနှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက် ဘွယ်သော သီချင်းကဲ့သို့ သူတို့၌ဖြစ်၍၊ သူတို့သည် ကြားရ သော်လည်း နားမထောင်တတ်ကြ။
و چون این واقع می‌شود و البته واقع خواهد شد، آنگاه خواهند دانست که نبی در میان ایشان بوده است.» ۳۳ 33
၃၃သို့ရာတွင်၊ အမှုရောက်လိမ့်မည်။ အမှုရောက် သောအခါ သူတို့တွင် ပရောဖက်ရှိဘူးသည်ကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< حزقیال 33 >