< حزقیال 22 >

و کلام خداوند بر من نازل شده، گفت: ۱ 1
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
«ای پسر انسان آیا داوری خواهی نمود؟ آیا بر شهر خونریز داوری خواهی نمود؟ پس آن را از همه رجاساتش آگاه ساز. ۲ 2
အချင်းလူသား ၊ လူအသက် ကိုသတ် တတ်သော မြို့ ကို သင်သည် စစ်ကြော လော့။ စစ်ကြော လော့။ သူ ၌ ပြုသမျှ သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုပြ လော့။
و بگوخداوند یهوه چنین می‌فرماید: ای شهری که خون را در میان خودت می‌ریزی تا اجل توبرسد! ای که بتها را به ضد خود ساخته، خویشتن را نجس نموده‌ای! ۳ 3
အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ မိမိ အချိန် ရောက် စေခြင်းငှါ ၊ မိမိ အလယ် ၌ လူအသက် ကိုသတ်၍ ၊ မိမိကိုညစ်ညူး စေဘို့ မိမိတဘက်၌ ရုပ်တု တို့ကိုလုပ် တတ်သောမြို့၊
به‌سبب خونی که ریخته‌ای مجرم شده‌ای و به‌سبب بتهایی که ساخته‌ای نجس گردیده‌ای. لهذا اجل خویش را نزدیک آورده، به انتهای سالهای خود رسیده‌ای. لهذا تورا نزد امت‌ها عار و نزد جمیع کشورها مسخره گردانیده‌ام. ۴ 4
သင်သည် လူအသက် ကိုသတ် သောအားဖြင့် အပြစ် ရောက်၏။ လုပ် သောရုပ်တု အားဖြင့် ညစ်ညူး ခြင်း ရှိ၏။ သင် ၏နေ့ရက် ကာလအချိန် ကို ကိုယ်တိုင်ရောက် စေ ပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်း အပြည်ပြည် တို့တွင် ကဲ့ရဲ့ ရာ၊ ပျက်ချော် ရာဖြစ် စေမည်။
‌ای پلید نام! و‌ای پر فتنه! آنانی که به تو نزدیک و آنانی که از تو دورند بر تو سخریه خواهند نمود. ۵ 5
အိုအသရေ ပျက်၍ နှောင့်ရှက် ခြင်းကို ခံရသောသင် ကို ၊ အဝေး အနီး ၌နေသောသူတို့ သည် ပျက်ချော် ကြလိမ့်မည်။
اینک سروران اسرائیل، هر کس به قدر قوت خویش مرتکب خونریزی در میان تومی بودند. ۶ 6
ဣသရေလ မင်းသား တို့သည် အသီးအသီး အခွင့် တန်ခိုးရှိသည်အတိုင်း ၊ သင့် အလယ် ၌ လူအသက် ကိုသတ် တတ်ကြ၏။
پدر و مادر را در میان تو اهانت نمودند. و غریبان را در میان تو مظلوم ساختند وبر یتیمان و بیوه‌زنان در میان تو ستم نمودند. ۷ 7
သင့် အလယ် ၌ မိဘ တို့ကိုမထီမဲ့မြင်ပြု ကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြု ကြ၏။ မိဘ မရှိသောသူ နှင့် မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ ကြ၏။
وتو مقدس های مرا خوار شمرده، سبت های مرابی عصمت نمودی. ۸ 8
သင်သည် ငါ ၏ သန့်ရှင်းသောအရာတို့ကို မထီမဲ့မြင်ပြု ပြီ။ ငါ ၏ ဥပုသ် နေ့တို့ကို ရှုတ်ချ ပြီ။
و بعضی در میان تو به جهت ریختن خون، نمامی می‌نمودند. و بر کوهها درمیان تو غذا می‌خوردند. و در میان تو مرتکب قباحت می‌شدند. ۹ 9
သင့် အလယ် ၌ လူအသက် ကိုသတ် လို၍ ကုန်းတိုက် သောသူ၊ တောင် ပေါ်မှာ စား သောသူ၊ အဓမ္မ အမှုကိုပြု သောသူရှိ ကြ၏။
و عورت پدران را در میان تو منکشف می‌ساختند. و زنان حایض را در میان توبی عصمت می‌نمودند. ۱۰ 10
၁၀သင့် အလယ် ၌ အဘ ၏မယားကို ပြစ်မှား ကြ၏။ ဥတု ရောက်သော မိန်းမနှင့်မှားယွင်း ကြ၏။
یکی در میان تو با زن همسایه خود عمل زشت نمود. و دیگری عروس خویش را به جور بی‌عصمت کرد. و دیگری خواهرش، یعنی دختر پدر خود را ذلیل ساخت. ۱۱ 11
၁၁သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်း မယား ကို ပြစ်မှား ကြ၏။ အချို့တို့သည် မိမိ ချွေးမ နှင့် ဆိုးညစ် သောအဓမ္မ အမှုကို ပြုကြ၏။ အချို့တို့သည် မိမိ နှမ ၊ မိမိ အဘ ၏သမီး ကို ရှုတ်ချ ကြ၏။
و در میان تو به جهت ریختن خون رشوه خوردند و سود و ربح گرفتند. و تو مال همسایه خود را به زور غصب کردی و مرا فراموش نمودی. قول خداوند یهوه این است. ۱۲ 12
၁၂သင့် အလယ် ၌လည်း လူအသက် သတ်ခ ကို ခံ ကြ ၏။ အတိုး စား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း ၏ ဥစ္စာကို လုယူ ကြ၏။ ငါ့ ကိုလည်း မေ့လျော့ ကြ၏။
لهذا هان من به‌سبب حرص تو که مرتکب آن شده‌ای و به‌سبب خونی که در میان خودت ریخته‌ای، دستهای خود را بهم می‌زنم. ۱۳ 13
၁၃သို့ဖြစ်၍ ၊ သင်ဆည်းဖူး သောဥစ္စာ ၊ သင့် အလယ် ၌ သွန်းသော အသွေး ကြောင့် ငါလက်ခုပ်တီး ၏။
پس در ایامی که من به تو مکافات رسانم آیا دلت قوی و دستهایت محکم خواهد بود؟ من که یهوه هستم تکلم نمودم و بعمل خواهم آورد. ۱۴ 14
၁၄သင့် ကိုငါ စီရင် သောအခါ ၊ သင် ၏နှလုံး သည် ခိုင်ခံ့ နိုင်သလော။ သင် ၏လက် သည်လည်း အားကြီး နိုင် သလော။ ငါ ထာဝရဘုရား သည် အမိန့် တော်ရှိသည် အတိုင်း ပြု မည်။
و تو را در میان امت هاپراکنده و در میان کشورها متفرق ساخته، نجاسات تو را از میانت نابود خواهم ساخت. ۱۵ 15
၁၅သင့် ကိုလည်း အတိုင်းတိုင်း အပြည်ပြည်တို့တွင်၊ အရပ်ရပ် သို့ ကွဲပြား စေမည်။ သင် ၏အညစ်အကြေး ကိုလည်း ပယ်ရှင်း မည်။
وبه نظر امت‌ها بی‌عصمت خواهی شد و خواهی دانست که من یهوه هستم.» ۱۶ 16
၁၆လူ အမျိုးမျိုးတို့ရှေ့မှာ ၊ သင်သည် ကိုယ်တိုင်အသရေ ရှုတ်ချခြင်းကို ခံရ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကိုသိ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
و کلام خداوند بر من نازل شده، گفت: ۱۷ 17
၁၇တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
«ای پسر انسان خاندان اسرائیل نزد من دردشده‌اند و جمیع ایشان مس و روی و آهن و سرب در میان کوره و درد نقره شده‌اند. ۱۸ 18
၁၈အချင်းလူသား ၊ ဣသရေလ အမျိုး သည် ငါ့ ရှေ့မှာ ချော် ဖြစ် လေပြီ။ ထိုသူအပေါင်းတို့သည် မိုက် ထဲ၌ ထည့်သော ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲ ကဲ့သို့ငွေ နှင့် ကွာသော ချော် ဖြစ် ကြ၏။
بنابراین خداوند یهوه چنین می‌گوید: چونکه همگی شمادرد شده‌اید، لهذا من شما را در میان اورشلیم جمع خواهم نمود. ۱۹ 19
၁၉ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့အပေါင်း သည် ချော် ဖြစ် သောကြောင့် ၊ ယေရုရှလင် မြို့ထဲ၌ ငါ စုဝေး စေမည်။
چنانکه نقره و مس و آهن و سرب و روی را در میان کوره جمع کرده، آتش بر آنها می‌دمند تا گداخته شود، همچنان من شمارا در غضب و حدت خشم خویش جمع کرده، در آن خواهم نهاد و شما را خواهم گداخت. ۲۰ 20
၂၀ငွေ ၊ ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲ တို့ကို မီး မှုတ် ၍ အရည်ကျို ခြင်းငှါမိုက် ထဲ၌ စုထား သကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက် ထွက်လျက်၊ သင် တို့ကို ထိုမြို့ထဲ၌စုထား ၍အရည်ကျို မည်။
وشما را جمع کرده، آتش غضب خود را بر شماخواهم دمید که در میانش گداخته شوید. ۲۱ 21
၂၁အကယ်စင်စစ်စုထား ပြီးမှ ငါ့ အမျက် မီး ကို မှုတ် ၍ ၊ သင်တို့သည် မြို့ထဲမှာ အရည်ကျို ခြင်းကိုခံရကြ လိမ့်မည်။
چنانکه نقره در میان کوره گداخته می‌شود، همچنان شما در میانش گداخته خواهید شد وخواهید دانست که من یهوه حدت خشم خویش را بر شما ریخته‌ام.» ۲۲ 22
၂၂ငွေ ကိုမိုက် ထဲ၌ အရည်ကျို သကဲ့သို့ ၊ သင်တို့သည် မြို့ ထဲမှာ အရည်ကျို ခြင်းကိုခံရသဖြင့် ၊ ငါ ထာဝရဘုရား သည် သင် တို့အပေါ်သို့ ၊ ငါ ၏ဒေါသ အရှိန်ကို သွန်းလောင်း သည်ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
و کلام خداوند بر من نازل شده، گفت: ۲۳ 23
၂၃တဖန် အရှင်ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
«ای پسر انسان او را بگو: تو زمینی هستی که طاهر نخواهی شد. و باران در روز غضب بر تونخواهد بارید. ۲۴ 24
၂၄အချင်းလူသား ၊ သင်ဆင့်ဆို ရမည်မှာ၊ အမျက် ထွက် သောနေ့ ၌ မိုဃ်း မ ရွာ၊ သင်သည် မိုဃ်း ရေကို မ ခံရသောပြည် ဖြစ်၏။
فتنه انبیای آن در میانش می‌باشد. ایشان مثل شیر غران که شکار رامی درد، جانها را می‌خورند. و گنجها و نفایس رامی برند. و بیوه‌زنان را در میانش زیاد می‌سازند. ۲۵ 25
၂၅ထိုပြည် အလယ် ၌ ပရောဖက် တို့သည် သင်းဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက် ၍အကောင် ကို ကိုက်ဖြတ် သော ခြင်္သေ့ ကဲ့သို့ လူ တို့ကို ကိုက်စား ကြ၏။ ဘဏ္ဍာ များနှင့် အဘိုး ထိုက်သော ဥစ္စာများကို လုယူ ကြ၏။ ပြည် အလယ် ၌ မုတ်ဆိုးမ တို့ကို များပြား စေကြ၏။
کاهنانش به شریعت من مخالفت ورزیده، موقوفات مرا حلال می‌سازند. و در میان مقدس وغیر مقدس تمیز نمی دهند و در میان نجس وطاهر فرق نمی گذارند. و چشمان خود را ازسبت های من می‌پوشانند و من در میان ایشان بی‌حرمت گردیده‌ام. ۲۶ 26
၂၆ယဇ်ပုရောဟိတ် တို့သည်လည်း ငါ ၏တရား ကို ဖျက် ၍ ၊ ငါ ၏သန့်ရှင်း ရာဌာနကိုလည်း ညစ်ညူး စေကြ ၏။ သန့်ရှင်း သောအရာ၊ မ သန့်ရှင်းသောအရာတို့ကို မ ပိုင်းခြား ၊ စင်ကြယ် သောအရာ၊ မ စင်ကြယ်သောအရာ တို့ကို ရောနှော ကြ၏။ ငါ ၏ ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲ ကြ၏။ သူ တို့ အလယ် ၌ ငါသည်ရှုတ်ချ ခြင်းကို ခံရ၏။
سرورانش مانند گرگان درنده خون می‌ریزند و جانها را هلاک می‌نمایندتا سود ناحق ببرند. ۲۷ 27
၂၇မင်း တို့သည်လည်း အကောင် ကို ကိုက်ဖြတ် သော တောခွေး ကဲ့သို့ ပြည် အလယ် ၌ ဖြစ်၍၊ မတရား သော စီးပွားကို ရှာ လိုသောငှါ လူအသက် ကိုသတ် ၍၊ သူတပါး တို့ကို သုတ်သင် ပယ်ရှင်းတတ်ကြ၏။
و انبیایش ایشان را به گل ملاط اندود نموده، رویاهای باطل می‌بینند وبرای ایشان تفال دروغ زده، می‌گویند که خداوندیهوه چنین گفته است با آنکه یهوه تکلم ننموده. ۲۸ 28
၂၈ပရောဖက် တို့ကလည်း ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ဟု ထာဝရဘုရား မိန့် တော်မ မူဘဲ၊ အချည်းနှီး သောအရာကို မြင် ၍၊ မုသား စကားကို ဟောပြော လျက်၊ သူ တို့ကို အင်္ဂတေ နှင့်မွမ်းမံ ကြ၏။
و قوم زمین به شدت ظلم نموده و مال یکدیگررا غصب کرده‌اند. و بر فقیران و مسکینان جفانموده، غریبان را به بی‌انصافی مظلوم ساخته‌اند. ۲۹ 29
၂၉ပြည်သူ ပြည်သားတို့သည်လည်း ညှဉ်းဆဲ ခြင်း၊ ထားပြ တိုက်ခြင်း၊ ဆင်းရဲ ငတ်မွတ် သောသူတို့ကို နှိပ်စက် ခြင်း၊ တပါး အမျိုးသားတို့အား မတရား သဖြင့် ညှဉ်းဆဲ ခြင်း ကို ပြုကြ၏။
و من در میان ایشان کسی را طلبیدم که دیوار رابنا نماید و برای زمین به حضور من در شکاف بایستد تا آن را خراب ننمایم، اما کسی را نیافتم. ۳۰ 30
၃၀ထိုပြည် ကို ငါမ ဖျက်ဆီး စေခြင်းငှါ ကွယ်ကာသောသူ၊ မြို့ရိုး ပျက် ပေါ်မှာ ရပ် ၍ ဆီးတား သောသူ တယောက်ကိုမျှ ငါရှာ ၍မ တွေ့ ။
پس خداوند یهوه می‌گوید: خشم خود را برایشان ریخته‌ام و ایشان را به آتش غضب خویش هلاک ساخته، طریق ایشان را بر سر ایشان واردآورده‌ام.» ۳۱ 31
၃၁ထိုကြောင့် ၊ ငါ့ အမျက် ကို ငါသွန်းလောင်း လျက်၊ ငါ့ ဒေါသ မီး ဖြင့် သူ တို့ကိုရှို့ ၍၊ သူတို့အပြစ်ကို သူ တို့ ခေါင်း ပေါ်သို့ ရောက် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

< حزقیال 22 >