< تثنیه 8 >
تمامی اوامری را که من امروز به شما امرمی فرمایم، حفظ داشته، بجا آورید، تا زنده مانده، زیاد شوید، و به زمینی که خداوند برای پدران شما قسم خورده بود، داخل شده، در آن تصرف نمایید. | ۱ 1 |
၁``သင်တို့သည်အသက်ရှင်၍တိုးပွားများပြား လျက် သင်တို့၏ဘိုးဘေးတို့အား ထာဝရဘုရား ကတိထားတော်မူသောပြည်ကိုသိမ်းပိုက်နေ ထိုင်နိုင်ခြင်းအလို့ငှာ ယနေ့ငါပေးသောပညတ် ရှိသမျှကိုလိုက်နာရန်သတိပြုကြလော့။-
و بیاد آور تمامی راه را که یهوه، خدایت، تو را این چهل سال در بیابان رهبری نمود تا تو را ذلیل ساخته، بیازماید، و آنچه را که در دل تو است بداند، که آیا اوامر او را نگاه خواهی داشت یا نه. | ۲ 2 |
၂သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-
و او تو را ذلیل و گرسنه ساخت و من را به تو خورانید که نه تو آن رامی دانستی و نه پدرانت میدانستند، تا تو رابیاموزاند که انسان نه به نان تنها زیست میکندبلکه به هر کلمهای که از دهان خداوند صادرشود، انسان زنده میشود. | ۳ 3 |
၃ကိုယ်တော်သည်သင်တို့ကိုအစာငတ်စေတော် မူ၏။ ထို့နောက်သင်တို့နှင့်သင်တို့၏ဘိုးဘေး များမစားဘူးသောမန္နမုန့်ကိုကျွေးတော်မူ သည်။ ဤနည်းအားဖြင့်လူသည်အစားအစာ ကိုသာမှီဝဲ၍ အသက်ရှင်ရသည်မဟုတ်။ ထာဝရ ဘုရားမိန့်တော်မူသမျှကိုမှီဝဲ၍ အသက်ရှင် ရမည်ဖြစ်ကြောင်းသင်တို့အားသွန်သင်တော် မူ၏။-
در این چهل سال لباس تو در برت مندرس نشد، و پای تو آماس نکرد. | ۴ 4 |
၄ထိုနှစ်ပေါင်းလေးဆယ်ပတ်လုံးသင်တို့၏ အဝတ်အင်္ကျီများမဟောင်းနွမ်းခဲ့ရ။ သင်တို့ ၏ခြေထောက်များလည်းမရောင်ခဲ့ရ။-
پس در دل خود فکر کن که بطوری که پدر، پسر خود را تادیب مینماید، یهوه خدایت تو را تادیب کرده است. | ۵ 5 |
၅ဖခင်သည်မိမိ၏သားသမီးများကိုအပြစ် ဒဏ်ပေးဆုံးမသကဲ့သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အားဆုံးမသည် ကိုသိမှတ်ကြလော့။-
و اوامر یهوه خدای خود را نگاه داشته، در طریقهای او سلوک نما و ازاو بترس. | ۶ 6 |
၆သို့ဖြစ်၍သင်တို့အား ထာဝရဘုရားမိန့်တော် မူသည်အတိုင်းနာခံလော့။ ပညတ်တော်များ ကိုလိုက်နာ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။-
زیرا که یهوه خدایت تو را به زمین نیکو درمی آورد؛ زمین پر از نهرهای آب و ازچشمهها و دریاچهها که از درهها و کوهها جاری میشود. | ۷ 7 |
၇သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအစာရေစာပေါကြွယ်ဝသောပြည် သို့ပို့ဆောင်လျက်ရှိတော်မူ၏။ ထိုပြည်ရှိချိုင့် ဝှမ်းနှင့်တောင်ကုန်းများတွင် မြစ်များ၊ စမ်းပေါက် များ၊ မြေအောက်စမ်းများစီးထွက်လျက်ရှိလေ သည်။-
زمینی که پر از گندم و جو و مو و انجیرو انار باشد، زمینی که پر از زیتون زیت و عسل است. | ۸ 8 |
၈ထိုပြည်တွင်ဂျုံ၊ မုယောစပါး၊ စပျစ်သီး၊ သဖန်း သီး၊ သလဲသီး၊ သံလွင်သီး၊ ပျားရည်စသည်တို့ ပေါများသည်။-
زمینی که در آن نان را به تنگی نخواهی خورد، و در آن محتاج به هیچچیز نخواهی شد، زمینی که سنگهایش آهن است، و از کوههایش مس خواهی کند. | ۹ 9 |
၉ထိုပြည်တွင်အစားအစာပြတ်လပ်ခြင်းမရှိရ။ အဘယ်အရာကိုမျှလိုလိမ့်မည်မဟုတ်။ ကျောက် တောင်မှသံကိုလည်းကောင်း၊ တောင်ကုန်းများမှ ကြေးနီကိုလည်းကောင်းတူးဖော်ရရှိနိုင်လိမ့် မည်။-
و خورده، سیر خواهی شد، و یهوه خدای خود را به جهت زمین نیکو که به تو داده است، متبارک خواهی خواند. | ۱۰ 10 |
၁၀သင်တို့သည်အစားအစာကိုဝစွာစားရကြ သဖြင့် အစာရေစာပေါကြွယ်ဝသောပြည်ကို ပေးသနားတော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။''
پس باحذر باش، مبادا یهوه خدای خود رافراموش کنی و اوامر و احکام و فرایض او را که من امروز به تو امر میفرمایم، نگاه نداری. | ۱۱ 11 |
၁၁``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မမေ့ရန်သတိပြုလော့။ ယနေ့သင်တို့အား ငါပေးသောပညတ်တော်ရှိသမျှကိုလိုက် နာရန်မမေ့နှင့်။-
مباداخورده، سیر شوی، و خانه های نیکو بنا کرده، درآن ساکن شوی. | ۱۲ 12 |
၁၂ဝစွာစားရလျက်အိမ်ကြီးအိမ်ကောင်းများ ဆောက်လျက် နေထိုင်ရသည့်အခါ၌လည်း ကောင်း၊-
و رمه و گله تو زیاد شود، ونقره و طلا برای تو افزون شود، و مایملک توافزوده گردد. | ۱۳ 13 |
၁၃သိုး၊ နွား၊ ရွှေ၊ ငွေမှစ၍ပစ္စည်းဥစ္စာတိုးပွား လာသည့်အခါ၌လည်းကောင်း၊-
و دل تو مغرور شده، یهوه خدای خود را که تو را از زمین مصر از خانه بندگی بیرون آورد، فراموش کنی. | ۱۴ 14 |
၁၄သင်တို့သည်မာနထောင်လွှား၍သင်တို့အား ကျွန်ခံရာအီဂျစ်ပြည်မှကယ်ဆယ်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုမမေ့ရန်သတိပြုကြလော့။-
که تو را در بیابان بزرگ وخوفناک که در آن مارهای آتشین و عقربها و زمین تشنه بیآب بود، رهبری نمود، که برای تو آب ازسنگ خارا بیرون آورد. | ۱۵ 15 |
၁၅ကိုယ်တော်သည်သင်တို့အားမြွေဆိုးနှင့်ကင်းမီး ကောက်ပေါ၍ ကျယ်ဝန်းကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းပို့ဆောင်တော် မူခဲ့၏။ ခြောက်သွေ့၍ရေမရှိသောအရပ်တွင် ကိုယ်တော်သည်ကျောက်ဆောင်မှရေကိုထွက်စေ တော်မူ၏။-
که تو را در بیابان من راخورانید که پدرانت آن را ندانسته بودند، تا تو راذلیل سازد و تو را بیازماید و بر تو در آخرت احسان نماید. | ۱۶ 16 |
၁၆တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-
مبادا در دل خود بگویی که قوت من و توانایی دست من، این توانگری را ازبرایم پیدا کرده است. | ۱۷ 17 |
၁၇ထို့ကြောင့်သင်တို့၏အစွမ်းသတ္တိဖြင့်ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာသည်ဟူ၍မထင်မမှတ် နှင့်။-
بلکه یهوه خدای خود رابیاد آور، زیرا اوست که به تو قوت میدهد تاتوانگری پیدا نمایی، تا عهد خود را که برای پدرانت قسم خورده بود، استوار بدارد، چنانکه امروز شده است. | ۱۸ 18 |
၁၈သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး တော်မူသောအစွမ်းသတ္တိကြောင့်သာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာရကြောင်းသိမှတ်လော့။ ယင်းသို့အစွမ်းသတ္တိပေးတော်မူခြင်းအကြောင်း မှာ ကိုယ်တော်သည်သင်တို့၏ဘိုးဘေးတို့နှင့် ပြုတော်မူသောပဋိညာဉ်ကို ယနေ့တိုင်အောင် တည်စေလျက်ရှိသောကြောင့်တည်း။-
و اگر یهوه خدای خود رافراموش کنی و پیروی خدایان دیگر نموده، آنهارا عبادت و سجده نمایی، امروز برشما شهادت میدهم که البته هلاک خواهید شد. | ۱۹ 19 |
၁၉သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့၍ အခြားသောဘုရားများကိုဆည်း ကပ်ဝတ်ပြုခြင်းမပြုနှင့်။ ထိုသို့ပြုလျှင်သင် တို့သည်မုချပျက်စီးဆုံးပါးရမည်ဖြစ် ကြောင်း သင်တို့အားငါယနေ့သတိပေး၏။-
مثل قومهایی که خداوند پیش روی تو هلاک میسازد، شما همچنین هلاک خواهید شد از این جهت که قول یهوه خدای خود را نشنیدید. | ۲۰ 20 |
၂၀သင်တို့သည်ထာဝရဘုရား၏စကားတော် ကိုနားမထောင်လျှင် သင်တို့ချီတက်သည့်အခါ သင်တို့ကိုခုခံတိုက်ခိုက်သောလူမျိုးတို့အား ထာဝရဘုရားသေကြေပျက်စီးစေသကဲ့ သို့ သင်တို့ကိုလည်းသေကြေပျက်စီးစေတော် မူမည်။''