< کارهای رسولان 12 >

و در آن زمان هیرودیس پادشاه، دست تطاول بر بعضی از کلیسا دراز کرد ۱ 1
ထိုအခါဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှါစီရင်၍၊
ویعقوب برادر یوحنا را به شمشیر کشت. ۲ 2
ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထား နှင့်ကွပ်မျက် လေ၏။
و چون دید که یهود را پسند افتاد، بر آن افزوده، پطرس رانیز گرفتار کرد و ایام فطیر بود. ۳ 3
ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊
پس او را گرفته، در زندان انداخت و به چهار دسته رباعی سپاهیان سپرد که او را نگاهبانی کنند و اراده داشت که بعداز فصح او را برای قوم بیرون آورد. ۴ 4
ပေတရုကိုလည်း ဘမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့် အရှောက်စစ်သူရဲ တကျိပ်ခြောက် ယောက်တို့၌အပ်၍ ထောင်တွင်လှောင်ထားလေ၏။
پس پطرس را در زندان نگاه می‌داشتند. ۵ 5
ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။
و در شبی که هیرودیس قصد بیرون آوردن وی داشت، پطرس به دو زنجیر بسته، درمیان دو سپاهی خفته بود و کشیکچیان نزد درزندان را نگاهبانی می‌کردند. ۶ 6
ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။
ناگاه فرشته خداوند نزد وی حاضر شد و روشنی در آن خانه درخشید. پس به پهلوی پطرس زده، او را بیدارنمود و گفت: «بزودی برخیز.» که در ساعت زنجیرها از دستش فرو ریخت. ۷ 7
ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဖေးကို ပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ ၏။ သံကြိုးသည်လည်း ပေတရုလက်မှကျွတ်လေ၏။
و فرشته وی راگفت: «کمر خود را ببند و نعلین برپا کن.» پس چنین کرد و به وی گفت: «ردای خود را بپوش و ازعقب من بیا.» ۸ 8
ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကို စည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟုဆိုပြန်၏။
پس بیرون شده، از عقب او روانه گردید و ندانست که آنچه از فرشته روی نمودحقیقی است بلکه گمان برد که خواب می‌بیند. ۹ 9
ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာ ဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။
پس از قراولان اول و دوم گذشته، به دروازه آهنی که به سوی شهر می‌رود رسیدند و آن خودبخود پیش روی ایشان باز شد؛ و از آن بیرون رفته، تا آخر یک کوچه برفتند که در ساعت فرشته از او غایب شد. ۱۰ 10
၁၀လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သော သံတံခါး သို့ရောက်လျှင်၊ ထိုတံခါးသည် အလိုလို ပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတကြောင်း၌ ရှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ခြင်း ပေတရုမှ ခွါ၍ သွားလေ၏။
آنگاه پطرس به خودآمده گفت: «اکنون به تحقیق دانستم که خداوندفرشته خود را فرستاده، مرا از دست هیرودیس واز تمامی انتظار قوم یهود رهانید.» ۱۱ 11
၁၁ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်း လက်မှ၎င်း၊ ယုဒလူတို့၏ မြော်လင့်ခြင်းမှ ၎င်း၊ ငါ့ကိုကယ်နှုတ်တော်မူသည် ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊
چون این را دریافت، به خانه مریم مادریوحنای ملقب به مرقس آمد و در آنجا بسیاری جمع شده، دعا می‌کردند. ۱۲ 12
၁၂လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည် သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏ အိမ်သို့ရောက်၍၊
چون او در خانه راکوبید، کنیزی رودا نام آمد تا بفهمد. ۱۳ 13
၁၃အိမ်ဦးတံခါးကိုခေါက်လေသော်၊ ရောဒေအမည် ရှိသော မိန်းမငယ်တယောက်သည် နားထောင်ခြင်း ငှါလာ၍၊
چون آوازپطرس را شناخت، از خوشی در را باز نکرده، به اندرون شتافته، خبر داد که «پطرس به درگاه ایستاده است.» ۱۴ 14
၁၄ပေတရု၏စကားအသံကိုသိလျှင်၊ ဝမ်းမြောက်သော အားဖြင့် တံခါးကို မဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရု သည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော၏။
وی را گفتند: «دیوانه‌ای.» وچون تاکید کرد که چنین است، گفتند که فرشته اوباشد.» ۱۵ 15
၁၅ထိုသူတို့က၊ သင်သည်အရှုးဖြစ်၏ဟု ထို မိန်းမငယ်အားဆိုကြသော်လည်း၊ ပေတရုအမှန် ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ၏။
اما پطرس پیوسته در را می‌کوبید. پس در را گشوده، او را دیدند و در حیرت افتادند. ۱۶ 16
၁၆ပေတရုသည် ခေါက်၍နေသော်၊ တံခါးကို ဖွင့်ကြ၍ သူ့ကိုမြင် သဖြင့် အလွန်တရာအံ့ဩကြ၏။
اما او به‌دست خود به سوی ایشان اشاره کردکه خاموش باشند و بیان نمود که چگونه خدا او رااز زندان خلاصی داد و گفت: «یعقوب و سایربرادران را از این امور مطلع سازید.» پس بیرون شده، به‌جای دیگر رفت ۱۷ 17
၁၇ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှါ မိမိလက်နှင့်အမှတ်ပေး၍ မိမိကို ထောင်ထဲကသခင်ဘုရားနှုတ်တော်မူ သော အကြောင်းအရာကို ဘော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီ အစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍အခြားတပါးသို့သွားလေ၏။
و چون روز شداضطرابی عظیم در سپاهیان افتاد که پطرس را چه شد. ۱۸ 18
၁၈မိုဃ်းလင်းသောအခါ စစ်သူရဲတို့သည် ပေတရု၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှ ဖြစ်ကြ၏။
و هیرودیس چون او را طلبیده نیافت، کشیکچیان را بازخواست نموده، فرمود تا ایشان را به قتل رسانند؛ و خود از یهودیه به قیصریه کوچ کرده، در آنجا اقامت نمود. ۱۹ 19
၁၉ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည် ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ၏။
اما هیرودیس با اهل صور و صیدون خشمناک شد. پس ایشان به یکدل نزد او حاضرشدند و بلاستس ناظر خوابگاه پادشاه را با خودمتحد ساخته، طلب مصالحه کردند زیرا که دیارایشان از ملک پادشاه معیشت می‌یافت. ۲۰ 20
၂၀ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည်ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။
و درروزی معین، هیرودیس لباس ملوکانه در بر کرد وبر مسند حکومت نشسته، ایشان را خطاب می‌کرد. ۲۱ 21
၂၁ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက် တန်ဆာကိုဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အားမိန့် တော်မူ၏။
و خلق ندا می‌کردند که آواز خداست نه آواز انسان. ۲۲ 22
၂၂လူများတို့က၊ ဤအသံသည်လူ၏အသံမဟုတ်။ ဘုရားသခင်၏ အသံဖြစ်၏ဟု ကြွေးကြော်ကြသည် ရှိသော်၊
که در ساعت فرشته خداوند اورا زد زیرا که خدا را تمجید ننمود و کرم او راخورد که بمرد. ۲۳ 23
၂၃ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏခြင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။
اما کلام خدا نمو کرده، ترقی یافت. ۲۴ 24
၂၄ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလာ၏။
و برنابا و سولس چون آن خدمت را به انجام رسانیدند، از اورشلیم مراجعت کردند و یوحنای ملقب به مرقس را همراه خود بردند. ۲۵ 25
၂၅ဗာနဗနှင့် ရှောလုတို့သည် လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်ပြီးလျှင်၊ မာကုအမည်သစ်ကိုရသော ယောဟန်ကိုလည်း ခေါ်ခဲ့၍ ယေရုရှလင်မြို့မှပြန်ကြ၏။

< کارهای رسولان 12 >