< کارهای رسولان 10 >

و در قیصریه مردی کرنیلیوس نام بود، یوزباشی فوجی که به ایطالیانی مشهوراست. ۱ 1
ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်ဝေါ်သော တပ်တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည် တွင်သော သူတယောက်ရှိ ၏။
و او با تمامی اهل بیتش متقی و خداترس بود که صدقه بسیار به قوم می‌داد و پیوسته نزدخدا دعا می‌کرد. ۲ 2
ထိုသူသည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အားများစွာသော စွန့်ကြဲ ခြင်းကိုပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။
روزی نزدیک ساعت نهم، فرشته خدا را در عالم رویا آشکارا دید که نزد اوآمده، گفت: «ای کرنیلیوس!» ۳ 3
တနေ့သ၌ နေသုံးချက်တီးအချိန်တွင် ဘုရား သခင်၏ ကောင်းကင်တမန်သည်၊ ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည် ထင်ရှားသော ဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ၏။
آنگاه او بر وی نیک نگریسته و ترسان گشته، گفت: «چیست‌ای خداوند؟» به وی گفت: «دعاها و صدقات تو بجهت یادگاری به نزد خدا برآمد. ۴ 4
ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါ သနည်းဟု မေးသော်၊ ကောင်းကင် တမန်က၊ သင်ပြု သောဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဘို့တက်ကြပြီ။
اکنون کسانی به یافا بفرست و شمعون ملقب به پطرس را طلب کن ۵ 5
ထိုကြောင့် ယခုပင်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့။
که نزد دباغی شمعون نام که خانه‌اش به کناره دریا است، مهمان است. او به تو خواهد گفت که تو را چه باید کرد. ۶ 6
ထိုသူသည်သားရေလုပ်သမားရှိမုန်၏ အိမ်၌ တည်းနေ၏။ ထိုအိမ်သည် ပင်လယ်နားမှာ ရှိသည်ဟု ပြောဆို၏။
و چون فرشته‌ای که به وی سخن می‌گفت غایب شد، دو نفر از نوکران خود ویک سپاهی متقی از ملازمان خاص خویشتن راخوانده، ۷ 7
ထိုသို့ပြောဆိုသော ကောင်းကင်တမန်သွားပြီးမှ၊ ကော်နေလိသည် မိမိငယ်သားနှစ်ယောက်နှင့်တကွ မိမိထံ၌ မပြတ်ခစားသောလူစု အဝင်၊ ဘုရားဝတ်၌ မွေ့လျော်သော စစ်သူရဲတယောက်ကိုခေါ်၍၊
تمامی ماجرا را بدیشان باز‌گفته، ایشان را به یافا فرستاد. ۸ 8
ထိုအကြောင်းအရာအလုံးစုံတို့ကို ကြားပြောပြီးမှ ယုပွေမြို့သို့ စေလွှတ်၏။
روز دیگر چون از سفر نزدیک به شهرمی رسیدند، قریب به ساعت ششم، پطرس به بام خانه برآمد تا دعا کند. ۹ 9
နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပွေမြို့ အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်း ငှါအိမ်မိုးပေါ်သို့ တက်လေ ၏။
و واقع شد که گرسنه شده، خواست چیزی بخورد. اما چون برای اوحاضر می‌کردند، بی‌خودی او را رخ نمود. ۱۰ 10
၁၀ဆာမွတ်၍ အစာအာဟာရကို အလိုရှိလျှင် သူတပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ်၍ နေသဖြင့်၊
پس آسمان را گشاده دید و ظرفی را چون چادری بزرگ به چهار گوشه بسته، به سوی زمین آویخته بر او نازل می‌شود، ۱۱ 11
၁၁ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ခြုံထည်ကဲ့သို့ လေးထောင့် ချုပ်၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ဆင်းသက်လာသည် ကို၎င်းမြင်လေ၏။
که در آن هر قسمی ازدواب و وحوش و حشرات زمین و مرغان هوابودند. ۱۲ 12
၁၂ထိုတန်ဆာထဲ၌ သားရဲမှစ၍မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက်မျိုး တို့သည်ရှိကြ၏။
و خطابی به وی رسید که «ای پطرس برخاسته، ذبح کن و بخور.» ۱۳ 13
၁၃စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စား လော့ဟု လာ၏။
پطرس گفت: «حاشا خداوندا زیرا چیزی ناپاک یا حرام هرگزنخورده‌ام.» ۱۴ 14
၁၄ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူး သောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတခါမျှ မစားဘူးပါဟု ပြောဆို၏။
بار دیگر خطاب به وی رسید که «آنچه خدا پاک کرده است، تو حرام مخوان.» ۱۵ 15
၁၅နောက်တဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင် နှင့်ဟု လာပြန်၏။
واین سه مرتبه واقع شد که در ساعت آن ظرف به آسمان بالا برده شد. ۱۶ 16
၁၆ထိုသို့ သုံးကြိမ်မြောက်အောင်လာပြီးလျှင်၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။
و چون پطرس در خود بسیار متحیر بود که این‌رویایی که دید چه باشد، ناگاه فرستادگان کرنیلیوس خانه شمعون را تفحص کرده، بر درگاه رسیدند، ۱۷ 17
၁၇ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံ ကား၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိစေလွှတ် သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊
و ندا کرده، می‌پرسیدند که «شمعون معروف به پطرس در اینجا منزل دارد؟» ۱۸ 18
၁၈ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ၏။
وچون پطرس در رویا تفکر می‌کرد، روح وی راگفت: «اینک سه مرد تو را می‌طلبند. ۱۹ 19
၁၉ပေတရုသည်ထိုဗျာဒိတ်ရူပါရုကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။
پس برخاسته، پایین شو و همراه ایشان برو و هیچ شک مبر زیرا که من ایشان را فرستادم.» ۲۰ 20
၂၀ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊
پس پطرس نزد آنانی که کرنیلیوس نزد وی فرستاده بود، پایین آمده، گفت: «اینک منم آن کس که می‌طلبید. سبب آمدن شما چیست؟» ۲۱ 21
၂၁ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသော သူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။
گفتند: «کرنیلیوس یوزباشی، مرد صالح و خداترس و نزد تمامی طایفه یهود نیکنام، از فرشته مقدس الهام یافت که تو را به خانه خود بطلبد و سخنان از تو بشنود.» ۲۲ 22
၂၂ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်း တည်းဟူသော တပ်မှူး ကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏ စကားကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။
پس ایشان را به خانه برده، مهمانی نمود. وفردای آن روز پطرس برخاسته، همراه ایشان روانه شد و چند نفر از برادران یافا همراه او رفتند. ۲۳ 23
၂၃ပေတရုသည်လည်းထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ် ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့ နှင့်အတူ သွားသဖြင့်၊ ယုပွေ မြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ၏။
روز دیگر وارد قیصریه شدند و کرنیلیوس خویشان و دوستان خاص خود را خوانده، انتظارایشان می‌کشید. ۲۴ 24
၂၄ထိုနောက်တနေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိ အဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကို မြော်လင့်လျက်နေကြ၏။
چون پطرس داخل شد، کرنیلیوس او را استقبال کرده، بر پایهایش افتاده، پرستش کرد. ۲۵ 25
၂၅ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ပြပ်ဝပ်လျက် ကိုးကွယ်လေ၏။
اما پطرس او را برخیزانیده، گفت: «برخیز، من خود نیز انسان هستم.» ۲۶ 26
၂၆ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။
و با اوگفتگوکنان به خانه درآمده، جمعی کثیر یافت. ۲۷ 27
၂၇ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိ ကြသော လူများကိုတွေ့လျှင်၊
پس بدیشان گفت: «شما مطلع هستید که مردیهودی را با شخص اجنبی معاشرت کردن یا نزداو آمدن حرام است. لیکن خدا مرا تعلیم داد که هیچ‌کس را حرام یا نجس نخوانم. ۲۸ 28
၂၈ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တပါး အမျိုးသားတို့နှင့် မပေါင်းတော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ် ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။
از این جهت به مجرد خواهش شما بی‌تامل آمدم و الحال می‌پرسم که از برای چه مرا خواسته‌اید.» ۲۹ 29
၂၉ထိုကြောင့်ငါ့ကိုခေါ်ကြသောအခါ ငါသည် မငြင်းမခုံဘဲလျက် လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်း ကြောင့် ငါ့ကိုခေါ်ကြသနည်း၊ ငါမေးလိုသည်ဟု ထိုသူတို့ အားပြောဆို၏။
کرنیلیوس گفت: «چهار روز قبل از این، تااین ساعت روزه‌دار می‌بودم؛ و در ساعت نهم درخانه خود دعا می‌کردم که ناگاه شخصی با لباس نورانی پیش من بایستاد ۳۰ 30
၃၀ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ်၌ဆုတောင်းလျက် နေသည်၊ ယခု လေးရက်ရှိပါပြီ။ ထိုအချိန်၌ လူတယောက်သည် ထွန်းတောက်သောအဝတ်ကို ဝတ်လျက် အကျွန်ုပ် ရှေ့မှောက်၌ရပ်၍၊
و گفت: “ای کرنیلیوس دعای تو مستجاب شد و صدقات تو در حضورخدا یادآور گردید. ۳۱ 31
၃၁ကော်နေလိ၊ သင်ပြုသောပဌနာကို ဘုရားသခင်သည် ကြား၍၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ။
پس به یافا بفرست و شمعون معروف به پطرس را طلب نما که در خانه شمعون دباغ به کناره دریا مهمان است. او چون بیاید با تو سخن خواهد راند.” ۳۲ 32
၃၂ထိုကြောင့်ယုပွေမြို့သို့စေလွှတ်၍ ပေတရု အမည်သစ်ကို ရသော ရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ် သမားရှိမုန်၏ အိမ်၌တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြော လိမ့်မည်ဟုပြောဆိုပါ၏။
پس بی‌تامل نزدتو فرستادم و تو نیکو کردی که آمدی. الحال همه در حضور خدا حاضریم تا آنچه خدا به توفرموده است بشنویم.» ۳۳ 33
၃၃ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန် စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသော အားဖြင့် ကောင်းမွန်စွာပြုပါ ပြီ။ သို့ဖြစ်၍ ဘုရားသခင် သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင် ခြင်းငှါ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင် ရှေ့တော်၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို၏။
پطرس زبان را گشوده، گفت: «فی الحقیقت یافته‌ام که خدا را نظر به ظاهر نیست، ۳۴ 34
၃၄ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ် စင်စစ် ဘုရား သခင်သည် လူမျက်နှာကို မှတ်တော်မမူ။
بلکه ازهر امتی، هر‌که از او ترسد و عمل نیکو کند، نزداو مقبول گردد. ۳۵ 35
၃၅လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ ၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။
کلامی را که نزد بنی‌اسرائیل فرستاد، چونکه به وساطت عیسی مسیح که خداوند همه است به سلامتی بشارت می‌داد، ۳۶ 36
၃၆အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု ခရစ်အားဖြင့် ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံ ဂေလိတရားကို ဟောတော်မူလျက်၊ ဣသရေလ အမျိုး သား တို့အား ပေးလိုက်တော်မူသော တရားတော်နှင့် အညီ၊
آن سخن را شما می‌دانید که شروع آن از جلیل بود و در تمامی یهودیه منتشر شد، بعد از آن تعمیدی که یحیی بدان موعظه می‌نمود، ۳۷ 37
၃၇ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ၏။
یعنی عیسی ناصری را که خدا او را چگونه به روح‌القدس و قوت مسح نمود که او سیر کرده، اعمال نیکو به‌جا می‌آورد و همه مقهورین ابلیس را شفا می‌بخشید زیرا خدا با وی می‌بود. ۳۸ 38
၃၈ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကို ပေးလျက် လှည့်လည်တော်မူ၏။
و ماشاهد هستیم بر جمیع کارهایی که او در مرزوبوم یهود و در اورشلیم کرد که او را نیز بر صلیب کشیده، کشتند. ۳۹ 39
၃၉ငါတို့သည်လည်း၊ ယေရုရှလင်မြို့မှစ၍ ယုဒ ပြည်တွင်ပြုတော် မူသောအမှုများတို့၏ သက်သေခံ ဖြစ်ကြ၏။ ထိုသူကိုသစ်တိုင်၌ ဆွဲ၍ ကွပ်မျက်ကြလေ၏။
همان کس را خدا در روز سوم برخیزانیده، ظاهر ساخت. ۴۰ 40
၄၀သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည် ထမြောက် စေတော်မူ၍၊
لیکن نه بر تمامی قوم بلکه بر شهودی که خدا پیش برگزیده بود، یعنی مایانی که بعد از برخاستن او از مردگان با اوخورده و آشامیده‌ایم. ۴۱ 41
၄၁လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ၊ ဘုရားသခင်ခန့် ထားတော်မူနှင့်သော သက်သေခံတည်း ဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ ထိုသခင်နှင့် အတူ ငါတို့သည်စားသောက်ရကြ၏။
و ما را مامور فرمود که به قوم موعظه و شهادت دهیم بدین که خدا او رامقرر فرمود تا داور زندگان و مردگان باشد. ۴۲ 42
၄၂ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသော သူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှါ၊ ဘုရားသခင်ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြ လော့ဟု ငါတို့အားပညတ်ထားတော်မူ၏။
وجمیع انبیا بر او شهادت می‌دهند که هر‌که به وی ایمان آورد، به اسم او آمرزش گناهان را خواهد یافت.» ۴۳ 43
၄၃ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော် အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ မရောဖက် အပေါင်းတို့သည် ထိုသခင် ၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက် ဆို၏။
این سخنان هنوز بر زبان پطرس بود که روح‌القدس بر همه آنانی که کلام را شنیدند، نازل شد. ۴۴ 44
၄၄ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရား တော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။
و مومنان از اهل ختنه که همراه پطرس آمده بودند، در حیرت افتادند از آنکه بر امت هانیز عطای روح‌القدس افاضه شد، ۴۵ 45
၄၅တပါးအမျိုးသားတို့ အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကိုသွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူ တည်းဟူသော ပေတရု နှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
زیرا که ایشان را شنیدند که به زبانها متکلم شده، خدا راتمجید می‌کردند. ۴۶ 46
၄၆အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကား အားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်း သည်ကိုကြားကြလေ၏။
آنگاه پطرس گفت: «آیاکسی می‌تواند آب را منع کند، برای تعمید دادن اینانی که روح‌القدس را چون ما نیز یافته‌اند.» ۴۷ 47
၄၇ထိုအခါကေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံရသော ဤသူတို့ကို ဗတ္တိဇံ မပေးစေ ခြင်းငှါ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက်၊
پس فرمود تا ایشان را به نام عیسی مسیح تعمید دهند. آنگاه از او خواهش نمودند که روزی چند توقف نماید. ۴۸ 48
၄၈သခင်ဘုရား၏နာမ၌ ဗတ္တိဇံကို ခံစေမည် အကြောင်းစီရင် လေ၏။ ထိုနောက်မှပေတရုသည် ကာလအတန်အရာနေပါမည် အကြောင်းကို ထိုသူတို့ သည် တောင်းပန်ကြ၏။

< کارهای رسولان 10 >