< دوم قرنتیان 7 >

پس‌ای عزیزان، چون این وعده‌ها راداریم، خویشتن را از هر نجاست جسم وروح طاهر بسازیم و قدوسیت را در خدا ترسی به‌کمال رسانیم. ۱ 1
ထိုကြောင့်ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။
ما را در دلهای خود جا دهید. بر هیچ‌کس ظلم نکردیم و هیچ‌کس را فاسد نساختیم وهیچ‌کس را مغبون ننمودیم. ۲ 2
ငါတို့ကိုလက်ခံကြလော့။ ငါတို့သည် အဘယ်သူကိုမျှမပြစ်မှား။ အဘယသူကိုမျှမယိုယွင်းစေ၊ အဘယ်သူ၏ဥစ္စာကိုမျှ ပရိယာယ်အားဖြင့် မယူ။
این را از روی مذمت نمی گویم، زیرا پیش گفتم که در دل ماهستید تا در موت و حیات با هم باشیم. ۳ 3
သင်တို့ကိုအပြစ်တင်၍ ဤသို့ငါဆိုသည်မဟုတ်။ သင်တို့နှင့် အတူအသက်ရှင်ခြင်းငှါ၎င်း၊ သေခြင်းငှါ၎င်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။
مرا برشما اعتماد کلی و درباره شما فخر کامل است. ازتسلی سیر گشته‌ام و در هر زحمتی که بر مامی آید، شادی وافر می‌کنم. ۴ 4
သင်တို့ကြောင့် အလွန်ရဲရင့်ခြင်းရှိ၏။ သင်တို့ကြောင့် အလွန်ကြွားဝါခြင်းရှိရ၏။ သက်သာခြင်းနှင့် ပြည့်စုံ၏။ ညှင်းဆဲခြင်းကို ခံလေရာရာ၌ အတိုင်းထက် အလွန်ဝမ်းမြောက်ခြင်းရှိ၏။
زیرا چون به مکادونیه هم رسیدیم، جسم ماآرامی نیافت، بلکه در هرچیز زحمت کشیدیم؛ در ظاهر، نزاعها و در باطن، ترسها بود. ۵ 5
ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံကြရ၏။ ပြင်၌ကား တိုက်လှန်ခြင်းရှိ၏။ အတွင်း၌ကားစိုးရိမ်ခြင်းရှိ၏။
لیکن خدایی که تسلی دهنده افتادگان است، ما را به آمدن تیطس تسلی بخشید. ۶ 6
သို့သော်လည်း နှိမ့်ကျလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည်၊ တိတု ရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏။
و نه از آمدن او تنهابلکه به آن تسلی نیز که او در شما یافته بود، چون ما را مطلع ساخت از شوق شما و نوحه گری شماو غیرتی که درباره من داشتید، به نوعی که بیشترشادمان گردیدم. ۷ 7
တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည်မဟုတ်။ တိတုသည် သင်တို့ဆီမှရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ သင်တို့၏တောင့်တခြင်း၊ ညည်းတွားခြင်း၊ ငါ၏အကျိုးအလို့ငှါ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည်ငါတို့အား ကြားပြော၏။ ထိုကြောင့် ငါသည်သာ၍ ဝမ်မြောက်ခြင်းရှိ၏။
زیرا که هرچند شما را به آن رساله محزون ساختم، پشیمان نیستم، اگرچه پشیمان هم بودم زیرا یافتم که آن رساله شما رااگر هم به ساعتی، غمگین ساخت. ۸ 8
အထက်ကပေးလိုက်သော စာအားဖြင့် သင်တို့ကို ဝမ်းနည်းစေသောကြောင့်၊ ငါသည်ယခင်အခါ၌ နောင်တရှိသော်လည်း ယခုအခါ၌ မရှိ။ အကြောင်းမူကား၊ ထိုစာသည်သင်တို့ကို ခဏသာဝမ်းနည်းစေသည် ကို ငါမြင်၏။
الحال شادمانم، نه از آنکه غم خوردید بلکه از اینکه غم شما به توبه انجامید، زیرا که غم شما برای خدابود تا به هیچ وجه زیانی از ما به شما نرسد. ۹ 9
သင်တို့ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ ဝမ်နည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့် သင်တို့၏ အကျိုးအလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏။
زیرا غمی که برای خداست منشا توبه می‌باشد به جهت نجات که از آن پشیمانی نیست؛ اما غم دنیوی منشا موت است. ۱۰ 10
၁၀အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင် ခြင်းနှင့်ယှဉ်သောနောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။
زیرا اینک همین‌که غم شما برای خدا بود، چگونه کوشش، بل احتجاج، بل خشم، بل ترس، بل اشتیاق، بل غیرت، بل انتقام را در شما پدید آورد. در هر چیزخود را ثابت کردید که در این امر مبرا هستید. ۱۱ 11
၁၁ဘုရားသခင်၏အလိုတော်နှင့်ညီသော သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုး အလို့ငှါ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။
باری هرگاه به شما نوشتم، بجهت آن ظالم یا مظلوم نبود، بلکه تا غیرت ما درباره شما به شمادر حضور خدا ظاهر شود. ۱۲ 12
၁၂ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကိုငါတို့သည် ဘုရားသခင်ရှေ့တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှါ ရေးသတည်း။
و از این جهت تسلی یافتیم لیکن در تسلی خود شادی ما ازخوشی تیطس بینهایت زیاده گردید چونکه روح او از جمیع شما آرامی یافته بود. ۱۳ 13
၁၃ထိုကြောင့်သင်တို့၏ သက်သာခြင်း အကြောင်း အားဖြင့်၊ ငါတို့သည်လည်း သက်သာခြင်း သို့ရောက်သည် သာမက၊ တိတု၏ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ၍အလွန်ဝမ်းမြောက်ကြ၏။ သင်တို့ရှိသမျှသည် ထိုသူ၏စိတ်နှလုံးကို သက်သာဝမ်းမြောက်စေကြသည် ဖြစ်၍၊
زیرا اگردرباره شما بدو فخر کردم، خجل نشدم بلکه چنانکه همه سخنان را به شما به راستی گفتیم، همچنین فخر ما به تیطس راست شد. ۱۴ 14
၁၄အထက်ကငါသည် သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသော စကားကိုထိုသူအားပြောပြီးလျှင်၊ ယခု ရှက်ကြောက်ခြင်းမရှိ။ ငါတို့သည် အရာရာ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါ ဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား၏။
و خاطراو به سوی شما زیادتر مایل گردید، چونکه اطاعت جمیع شما را به یاد می‌آورد که چگونه به ترس و لرز او را پذیرفتید. ۱۵ 15
၁၅သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူတို့ လက်ခံ၍နားထောင် ကြသည်ကို သူသည် အောက်မေ့သဖြင့်၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။
شادمانم که درهرچیز بر شما اعتماد دارم. ۱۶ 16
၁၆ငါသည်အရာရာ၌ သင်တို့ကို ယုံနိုင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၏။

< دوم قرنتیان 7 >