< اول قرنتیان 12 >
اما درباره عطایای روحانی، ای برادران نمی خواهم شما بیخبر باشید. | ۱ 1 |
၁ညီအစ်ကိုတို့၊ သင်တို့ရေးသားမေးမြန်း သည့်ဝိညာဉ်တော်၏ဆုကျေးဇူးများနှင့် ပတ်သက်၍ သင်တို့အားသိစေလိုသော အချက်များရှိ၏။-
می دانید هنگامی که امتها میبودید، به سوی بتهای گنگ برده میشدید بطوری که شما رامی بردند. | ۲ 2 |
၂သင်တို့သည်ယုံကြည်သူမဖြစ်မီက စိတ် လှုပ်ရှားရာသို့လိုက်ပါကာလမ်းလွဲလျက် သက်မဲ့ရုပ်တုများကိုကိုးကွယ်ခဲ့ကြကြောင်း သင်တို့အသိပင်ဖြစ်၏။-
پس شما را خبر میدهم که هرکه متکلم به روح خدا باشد، عیسی را اناتیمانمی گوید و احدی جزیه روحالقدس عیسی راخداوند نمی تواند گفت. | ۳ 3 |
၃အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။
و نعمتها انواع است ولی روح همان. | ۴ 4 |
၄ဝိညာဉ်ဆုကျေးဇူးကားအမျိုးမျိုးရှိ၏။ သို့ သော်ထိုဆုကျေးဇူးများကိုချပေးတော် မူသောဝိညာဉ်တော်တစ်ပါးတည်းရှိ၏။-
وخدمتها انواع است اما خداوند همان. | ۵ 5 |
၅အစေခံရန်နည်းအမျိုးမျိုးရှိသော်လည်း အစေခံရသည့်သခင်ကားတစ်ပါးတည်းရှိ၏။-
و عملهاانواع است لکن همان خدا همه را در همه عمل میکند. | ۶ 6 |
၆အမှုတော်ဆောင်ရန်စွမ်းရည်အမျိုးမျိုးရှိသော် လည်း လူအသီးသီး၌ရှိသောစွမ်းရည်များကို ပေးတော်မူသောအရှင်ကားတစ်ပါးတည်းရှိ၏။-
ولی هرکس را ظهور روح بجهت منفعت عطا میشود. | ۷ 7 |
၇အများကောင်းကျိုးအတွက်လူအသီးသီး တို့နှင့်ဝိညာဉ်တော်ပါရှိကြောင်းတစ်နည်း တစ်ဖုံအားဖြင့်ဖော်ပြ၏။-
زیرا یکی را بوساطت روح، کلام حکمت داده میشود و دیگری را کلام علم، بحسب همان روح. | ۸ 8 |
၈ဝိညာဉ်တော်သည်လူတစ်ယောက်အားဉာဏ် ပညာဖြင့်ပြောဆိုနိုင်သောစွမ်းရည်ကိုပေး တော်မူ၏။ အခြားတစ်ယောက်အားအသိ ဉာဏ်ဖြင့်ခက်ခဲသောအရာတို့ကိုထုတ်ဖော် ပြောဆိုနိုင်သောစွမ်းရည်ကိုပေးတော်မူ၏။-
و یکی را ایمان به همان روح و دیگری را نعمتهای شفا دادن به همان روح. | ۹ 9 |
၉ဝိညာဉ်တော်ကပင်တစ်ယောက်အားယုံကြည်မှု ပါရမီကိုလည်းကောင်း၊ အခြားတစ်ယောက် အားအနာရောဂါများပျောက်ကင်းစေနိုင် သောတန်ခိုးကိုလည်းကောင်းပေးတော်မူ၏။-
و یکی را قوت معجزات ودیگری را نبوت و یکی را تمییز ارواح و دیگری را اقسام زبانها و دیگری را ترجمه زبانها. | ۱۰ 10 |
၁၀ဝိညာဉ်တော်သည်တစ်ယောက်အားနိမိတ်လက္ခ ဏာများပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်အားဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောနိုင်သောစွမ်း ရည်ကိုလည်းကောင်း၊ နောက်တစ်ယောက်အား ဝိညာဉ်တော်ချပေးတော်မူသည့်ဆုကျေးဇူး များနှင့်ချပေးတော်မမူသည့်ဆုကျေးဇူး များကိုပိုင်းခြားသိရှိနိုင်သောစွမ်းရည် ကိုလည်းကောင်းပေးတော်မူ၏။ ကိုယ်တော် သည်တစ်ယောက်အားထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုအနက်ပြန်ဆိုနိုင် သောစွမ်းရည်ကိုလည်းကောင်း၊ အခြားတစ် ယောက်အားထိုဘာသာစကားအမျိုးမျိုး ကိုပြောဆိုနိုင်သောစွမ်းရည်ကိုလည်းကောင်း ပေးတော်မူ၏။-
لکن در جمیع اینها همان یک روح فاعل است که هرکس را فرد بحسب اراده خود تقسیم میکند. | ۱۱ 11 |
၁၁သို့ရာတွင်ဤတန်ခိုးစွမ်းရည်အပေါင်းတို့ ကိုချပေးတော်မူသောအရှင်ကားဝိညာဉ် တော်တစ်ပါးတည်းဖြစ်၏။ ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်းလူတစ်ဦးစီအား ထူးခြားသည့်ဆုကျေးဇူးကိုချပေးတော် မူသတည်း။
زیرا چنانکه بدن یک است و اعضای متعدددارد و تمامی اعضای بدن اگرچه بسیار است یکتن میباشد، همچنین مسیح نیز میباشد. | ۱۲ 12 |
၁၂ခရစ်တော်သည်အင်္ဂါအစိတ်အပိုင်းများရှိ သည့်ကိုယ်ခန္ဓာနှင့်တူ၏။ ကိုယ်ခန္ဓာသည်အင်္ဂါ အစိတ်အပိုင်းများရှိသော်လည်းတစ်ကိုယ် တည်းသာဖြစ်၏။-
زیرا که جمیع ما به یک روح در یک بدن تعمیدیافتم، خواه یهود، خواه یونانی، خواه غلام، خواه آزاد و همه از یک روح نوشانیده شدیم. | ۱۳ 13 |
၁၃ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။
زیرابدن یک عضو نیست بلکه بسیار است. | ۱۴ 14 |
၁၄လူ၏ကိုယ်ခန္ဓာတွင်အင်္ဂါအစိတ်အပိုင်းတစ် ခုတည်းရှိသည်မဟုတ်။ အများပင်ရှိပေ သည်။-
اگر پاگوید چونکه دست نیستم از بدن نمی باشم، آیابدین سبب از بدن نیست؟ | ۱۵ 15 |
၁၅ခြေက ``ငါသည်လက်မဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကခြေသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။-
و اگر گوش گویدچونکه چشم نیم از بدن نیستم، آیا بدین سبب ازبدن نیست؟ | ۱۶ 16 |
၁၆နားက``ငါသည်မျက်စိမဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကနားသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။-
اگر تمام بدن چشم بودی، کجامی بود شنیدن و اگر همه شنیدن بودی کجا میبودبوییدن؟ | ۱۷ 17 |
၁၇ကိုယ်ခန္ဓာတစ်ခုလုံးသည်မျက်စိသာလျှင် ဖြစ်ပါကအဘယ်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည်နားသာလျှင် ဖြစ်ပါမူအဘယ်သို့အနံ့ခံနိုင်မည်နည်း။-
لکن الحال خدا هریک از اعضا را دربدن نهاد برحسب اراده خود. | ۱۸ 18 |
၁၈သို့ရာတွင်ဘုရားသခင်သည်အလိုတော် ရှိသည့်အတိုင်းကိုယ်ခန္ဓာတွင် အင်္ဂါအစိတ် အပိုင်းအသီးသီးတို့သူ့နေရာနှင့်သူ ရှိစေတော်မူ၏။-
و اگر همه یک عضو بودی بدن کجا میبود؟ | ۱۹ 19 |
၁၉အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာလျှင် ရှိခဲ့သော်ကိုယ်ခန္ဓာဖြစ်လာနိုင်မည်မဟုတ်။-
اما الان اعضابسیار است لیکن بدن یک. | ۲۰ 20 |
၂၀အမှန်အားဖြင့်ဆိုသော်အင်္ဂါအစိတ်အပိုင်း အများရှိသော်လည်းကိုယ်ခန္ဓာတစ်ခုတည်း သာရှိသတည်း။
و چشم دست رانمی تواند گفت که محتاج تو نیستم یا سر پایها رانیز که احتیاج به شما ندارم. | ۲۱ 21 |
၂၁ထိုကြောင့်မျက်စိကလက်အား ``သင့်ကိုငါ အလိုမရှိ'' ဟုမဆိုနိုင်။ ဦးခေါင်းကလည်း ခြေအား ``သင့်ကိုငါအလိုမရှိ'' ဟုမဆို နိုင်။-
بلکه علاوه بر این، آن اعضای بدن که ضعیفتر مینمایند، لازم ترمی باشند. | ۲۲ 22 |
၂၂အားနည်းသောလက္ခဏာရှိသောကိုယ်အင်္ဂါ အစိတ်အပိုင်းများမှာမရှိလျှင်မဖြစ်။-
و آنها را که پستتر اجزای بدن میپندارم، عزیزتر میداریم و اجزای قبیح ماجمال افضل دارد. | ۲۳ 23 |
၂၃ယုတ်သည်ဟုထင်ရသောအင်္ဂါအစိတ်အပိုင်း များကိုပို၍ပင်ငါတို့ဂရုစိုက်ကြရ၏။ တင့်တယ်ခြင်းမရှိသည့်အင်္ဂါအစိတ်အပိုင်း များကိုပို၍တင့်တယ်အောင်မွမ်းမံကြရ၏။-
لکن اعضای جمیله ما رااحتیاجی نیست، بلکه خدا بدن را مرتب ساخت بقسمی که ناقص را بیشتر حرمت داد، | ۲۴ 24 |
၂၄တင့်တယ်ပြီးဖြစ်သည့်အင်္ဂါအစိတ်အပိုင်း များကိုမူကားမွမ်းမံနေစရာမလို။ ဂုဏ် အသရေလိုသည့်အင်္ဂါအစိတ်အပိုင်းတို့ ကိုပို၍ဂုဏ်အသရေရှိစေရန်ဘုရား သခင်ကိုယ်တော်တိုင်ကိုယ်ခန္ဓာကိုစေ့စပ် ပြုပြင်ထားတော်မူ၏။-
تا که جدایی در بدن نیفتد، بلکه اعضا به برابری در فکریکدیگر باشند. | ۲۵ 25 |
၂၅သို့ဖြစ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းအချင်း ချင်းစိတ်ဝမ်းကွဲပြားမှုမရှိဘဲ အချင်းချင်း ၏အကျိုးကိုပြုစုလျက်ရှိပေသည်။-
و اگر یک عضو دردمند گردد، سایر اعضا با آن همدرد باشند و اگر عضوی عزت یابد، باقی اعضا با او به خوشی آیند. | ۲۶ 26 |
၂၆အကယ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုက ဝေဒနာခံရလျှင်အခြားအစိတ်အပိုင်းများ သည်လည်းအတူခံရကြ၏။ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုကချီးမွမ်းခြင်းခံရလျှင် အခြားအစိတ်အပိုင်းများသည်လည်းအတူ ဝမ်းမြောက်ရကြ၏။
اما شما بدن مسیح هستید و فرد اعضای آن میباشید. | ۲۷ 27 |
၂၇သင်တို့အပေါင်းသည်ခရစ်တော်၏ကိုယ်ခန္ဓာ တော်ဖြစ်၏။ သင်တို့အသီးသီးသည်ကား ကိုယ်ခန္ဓာတော်၏အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။-
و خدا قرارداد بعضی را درکلیسا: اول رسولان، دوم انبیا، سوم معلمان، بعدقوات، پس نعمتهای شفا دادن و اعانات و تدابیر واقسام زبانها. | ۲۸ 28 |
၂၈ဘုရားသခင်သည်ပထမအနေဖြင့်တမန် တော်များ၊ ဒုတိယအနေဖြင့်ပရောဖက်များ၊ တတိယအနေဖြင့်ဆရာများကိုလည်း ကောင်း၊ ထိုနောက်နိမိတ်လက္ခဏာပြသူများ၊ အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးကိုရရှိသူများ၊ သူတစ်ပါး တို့ကိုကူညီသူများ၊ ရှေ့ဆောင်လမ်းပြ နိုင်စွမ်းရှိသူများ၊ ထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုပြောနိုင်သူများကို လည်းကောင်းအသင်းတော်တွင်ခန့်ထား တော်မူ၏။-
آیا همه رسول هستند، یا همه انبیا، یا همه معلمان، یا همه قوات؟ | ۲۹ 29 |
၂၉သူတို့အားလုံးပင်တမန်တော်များဖြစ်ကြ သလော။ သူတို့အားလုံးပင်ပရောဖက်များ ဖြစ်ကြသလော။ သူတို့အားလုံးပင်ဆရာ များဖြစ်ကြသလော။ သူတို့အားလုံးပင် နိမိတ်လက္ခဏာပြနိုင်သူများဖြစ်ကြ သလော။-
یا همه نعمتهای شفا دارند، یا همه به زبانها متکلم هستند، یا همه ترجمه میکنند؟ | ۳۰ 30 |
၃၀သူတို့အားလုံးပင်အနာရောဂါများကို ပျောက်ကင်းစေနိုင်သောတန်ခိုးကိုရရှိသူ များဖြစ်ကြသလော။ သူတို့အားလုံးပင် ထူးဆန်းသောဘာသာစကားအမျိုးမျိုး ကိုအနက်အဋ္ဌိပ္ပါယ်ပြန်ဆိုနိုင်သူများ ဖြစ်ကြသလော။-
لکن نعمتهای بهتر را به غیرت بطلبید و طریق افضلتر نیز به شمانشان میدهم. | ۳۱ 31 |
၃၁သို့ဖြစ်၍သင်တို့သည်ပို၍မြတ်သည့်ဆု ကျေးဇူးများကိုစွဲလမ်းကြလော့။ သို့ရာတွင်အမြတ်ဆုံးသောဆုကျေးဇူး ကိုငါဖော်ပြမည်။