< Esaias 34 >

1 Kom hit, de folk, og høyr, og de folkeslag, gjev gaum! Jordi høyre og det som fyller henne, jordheimen og alt som veks der!
အို လူ​မျိုး​အ​ပေါင်း​တို့​လာ​ကြ​လော့။ လာ ရောက်​စု​ဝေး​၍​နား​ထောင်​ကြ​လော့။ ကမ္ဘာ​တစ် ဝှမ်း​လုံး​တွင်​နေ​ထိုင်​သ​မျှ​သော​လူ​တို့​သည် ဤ​အ​ရပ်​သို့​လာ​၍​နား​ထောင်​ကြ​ရာ​၏။-
2 For Herrens vreide er yver alle folki, og harmen hans yver all deira her. Han bannstøyter deim, gjev deim til slagting.
ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား လည်း​ကောင်း၊ သူ​တို့​၏​စစ်​တပ်​အ​ပေါင်း​အား လည်း​ကောင်း၊ အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပျက်​စီး​စေ​ရန်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ လေ​ပြီ။-
3 Og deira ihelslegne skal verta burtslengde, og teven av liki deira skal stiga upp, og fjelli skal fljota av blodet deira.
သူ​တို့​၏​အ​လောင်း​များ​သည်​မြှုပ်​နှံ​ခြင်း​ကို မ​ခံ​ရ​ဘဲ မြေ​ပေါ်​တွင်​လဲ​လျက်​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ တောင်​တို့​သည်​လည်း​သွေး​များ ဖြင့်​နီ​ရဲ​လျက်​နေ​လိမ့်​မည်။-
4 Og heile himmelheren skal kverva, og himlarne verta ihoprulla som ei boki, og all heren deira skal visna burt, som bladet fell av vintreet og det visne lauvet av fiketreet.
နေ​လ​နက္ခတ်​တို့​သည်​မြေ​သို့​ကြွေ​ကျ​လိမ့်​မည်။ မိုး​ကောင်း​ကင်​သည်​လိပ်​၍​တင်​လိုက်​သည့်​စာ လိပ်​သ​ဖွယ်​ပျောက်​ကွယ်​သွား​ကာ ကြယ်​တို့ သည်​စ​ပျစ်​ပင်​သို့​မ​ဟုတ်​သင်္ဘော​သ​ဖန်း​ပင် မှ​အ​ရွက်​ကြွေ​သ​ကဲ့​သို့​ကြွေ​ကျ​ကြ​လိမ့် မည်။
5 For sverdet mitt hev vorte drukke i himmelen. Sjå, yver Edom skal det fara ned og yver mitt bannstøytte folk til dom.
ထာ​ဝ​ရ​ဘု​ရား​သည်​ဋ္ဌား​တော်​ကို​ကောင်း​ကင် ဘုံ​တွင် အ​သင့်​ပြင်​ဆင်​တော်​မူ​ပြီး​မှ​ဆုံး​ပါး ပျက်​စီး​ရန် အ​ပြစ်​ဒဏ်​စီ​ရင်​ထား​တော်​မူ သော​ဧ​ဒုံ​ပြည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် စေ​တော်​မူ​လိမ့်​မည်။-
6 Sverdet åt Herren er fullt av blod, gjødt med feitt, med blod av lamb og bukkar og med nyrefeitt av verar. For ei offerslagting held Herren i Bosra og ei stor nedslagting i Edomlandet.
ကိုယ်​တော်​၏​ဋ္ဌား​တော်​သည်​ယဇ်​ပူ​ဇော်​ရာ သိုး​ဆိတ်​တို့​၏​အ​သွေး​အ​ဆီ​ဖြင့်​ဝ​လျက် နေ​သ​ကဲ့​သို့ ထို​သူ​တို့​၏​အ​သွေး​အ​ဆီ​များ နှင့်​ဝ​လျက်​နေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​ဤ​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဗော​ဇ​ရ​မြို့​တွင် ကျင်း​ပ​တော်​မူ​လိမ့်​မည်။ ဤ​လူ​သတ်​ပွဲ ကြီး​ကို​ဧ​ဒုံ​ပြည်​တွင်​ဖြစ်​ပွား​စေ​တော် မူ​လိမ့်​မည်။-
7 Og villuksar skal sturta saman med deim, og stutar saman med sterke uksar, og landet deira skal verta drukke av blod, og jordi deira hævda med feitt.
ပြည်​သူ​တို့​သည်​နွား​ရိုင်း​များ၊ နွား​သိုး​ပျို များ​ကဲ့​သို့​လဲ​ကျ​ကြ​လိမ့်​မည်။ မြေ​ကြီး သည်​လည်း​သွေး​များ​ဖြင့်​နီ​၍​လည်း​ကောင်း၊ အ​ဆီ​များ​ဖြင့်​အီ​၍​လည်း​ကောင်း​နေ​လိမ့် မည်။-
8 For Herren held ein hemnardag og eit attergjeldsår for Sions sak.
ဤ​အ​ချိန်​အ​ခါ​ကား​ဇိ​အုန်​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​ကယ်​ဆယ်​တော်​မူ​၍ ထို​မြို့​၏​ရန်​သူ တို့​အား​လက်​စား​ချေ​တော်​မူ​မည့်​အ​ခါ ပင်​ဖြစ်​သ​တည်း။
9 Og bekkjerne i det skal verta til bik, og moldi til svåvel, og markerne i det skal verta til brennande bik.
ဧ​ဒုံ​ပြည်​မှ​မြစ်​တို့​သည်​ကတ္တ​ရာ​စေး အ​ဖြစ်​သို့​လည်း​ကောင်း၊ မြေ​ဆီ​လွှာ​သည် ကန့်​အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​သွား လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​ကတ္တ​ရာ စေး​ကဲ့​သို့​မီး​စွဲ​လောင်​၍​နေ​လိမ့်​မည်။-
10 Korkje natt eller dag skal det slokna, i all æva skal røyken frå det stiga upp; frå ætt til ætt skal det liggja i øyde, i all æva er det ingen som fer igjenom det.
၁၀ယင်း​သည်​နေ့​ရော​ညဥ့်​ပါ​မီး​လောင်​လျက်​မီး ခိုး​များ​ထာ​ဝ​စဉ်​တက်​၍​နေ​လိမ့်​မည်။ ထို ပြည်​သည်​လူ​မျိုး​စဉ်​ဆက်​အ​ဟော​သိ​ကံ ဖြစ်​၍​နေ​လိမ့်​မည်။ ထို​ပြည်​ကို​နောင်​အ​ဘယ် အ​ခါ​၌​မျှ​ဖြတ်​သန်း​သွား​လာ​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-
11 Og pelikan og bustyvel skal eiga det, og kattula og ramn skal bu i det, og ein skal spana ut yver det mælesnøre til øyding, og bruka lodd til å gjera det tomt.
၁၁ထို​ပြည်​သည်​ဇီး​ကွက်​များ​နှင့်​ကျီး​အ​တို့ ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ကို​ဖန်​ဆင်း တော်​မ​မူ​မီ​အ​ခါ​က​ကဲ့​သို့​ပင် ထာ​ဝ​ရ ဘု​ရား​သည်​ထို​ပြည်​ကို​လွတ်​လပ်​လ​ဟာ ပြင်​ကြီး​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။-
12 Det er ingi gjævingar der som kann ropa nokon ut til konge, det er slutt med alle hovdingarne.
၁၂တိုင်း​ပြည်​ကို​စိုး​မိုး​အုပ်​ချုပ်​သည့်​ဘု​ရင်​နှင့် ပြည်​သူ့​ခေါင်း​ဆောင်​အ​ပေါင်း​တို့​သည်​လည်း ရှိ​ကြ​တော့​မည်​မ​ဟုတ်။-
13 Og klunger skal renna i slotti der, og netla og tistlar i borgerne, og det skal vera ein bustad for sjakalar og ein stad for strussar.
၁၃နန်း​တော်​အ​ဆောက်​အ​ဦ​များ​နှင့်​တံ​တိုင်း ကာ​ရံ​ထား​သည့်​မြို့​အ​ပေါင်း​တို့​တွင် ဆူး ပင်​အ​မျိုး​မျိုး​ပေါက်​လျက် ခွေး​အ​များ​နှင့် ဇီး​ကွက်​များ​ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။-
14 Og ulven og andre villdyr skal møtast, og raggetroll ropa til kvarandre; ja, der uner Lilit og finn seg ein kvilestad.
၁၄ထို​အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လှည့်​လည် သွား​လာ​လျက် မ​ကောင်း​ဆိုး​ရွား​တို့​သည်​လည်း အ​ချင်း​ချင်း​အော်​မြည်​လျက်​နေ​ကြ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​ည​သတ္တ​ဝါ​ကြီး​သည်​လည်း ထို​အ​ရပ်​သို့​လာ​၍​နား​ရန်​နေ​ရာ​ကို​ရှာ လိမ့်​မည်။-
15 Der byggjer pilormen reir og legg egg og klekkjer ut ungar og sankar deim og gjev deim livd. Ja, der sankar gribbarne seg, den eine hjå den andre.
၁၅ဇီး​ကွက်​တို့​သည်​အ​သိုက်​များ​လုပ်​လျက်​ဥ များ​ကို​ဥ​ပြီး​နောက် ဝပ်​၍​သား​ငယ်​တို့​ကို စောင့်​ရှောက်​ကာ​နေ​လိမ့်​မည်။ လင်း​တ​များ သည်​လည်း​တစ်​ကောင်​ပြီး​တစ်​ကောင်​လာ ရောက်​စု​ရုံး​ကြ​လိမ့်​မည်။
16 Leita etter i Herrens bok og les! Ikkje eitt av deim vantar, det eine saknar ikkje det andre. For hans munn byd det, og hans ånd sankar deim,
၁၆သက်​ရှိ​သတ္တ​ဝါ​များ​အ​ကြောင်း​ဖော်​ပြ​ပါ ရှိ​သည့် ထာ​ဝ​ရ​ဘု​ရား​၏​စာ​စောင်​တော်​တွင် ရှာ​၍​ဖတ်​ကြည့်​ကြ​လော့။ ထို​သတ္တ​ဝါ​တစ် ကောင်​မျှ​ပျောက်​ဆုံး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ် သတ္တ​ဝါ​မျှ​လည်း​ကြင်​ဖော်​မဲ့​ဖြစ်​ရ​လိမ့် မည်​မ​ဟုတ်။ ဤ​နည်း​အ​တိုင်း​ဖြစ်​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​ခဲ့​လေ ပြီ။ ကိုယ်​တော်​သည်​သူ​တို့​အား​စု​ဝေး​စေ တော်​မူ​လိမ့်​မည်။-
17 og han kastar lut for deim, og handi hans ætlar deim det med mælesnøre. Til æveleg tid skal dei eiga det, frå ætt til ætt skal dei bu i det.
၁၇ထို​သတ္တ​ဝါ​အ​သီး​သီး​တို့​အား​မြေ​ကြီး ပေါ်​တွင် နယ်​မြေ​ခွဲ​ဝေ​သတ်​မှတ်​ပေး​တော် မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ​ဘု​ရား​တည်း။ သူ​တို့​သည်​အ​မျိုး​စဉ်​ဆက်​ထို​နယ်​မြေ​များ တွင်​နေ​ရ​ကြ​လိမ့်​မည်။ ယင်း​တို့​ကို​လည်း ထာ​ဝ​စဉ်​ပိုင်​ရ​ကြ​လိမ့်​မည်။

< Esaias 34 >