< 2 Mosebok 29 >

1 Høyr no kva du skal gjera med deim, når du vigjer deim til prestar: Du skal taka ein ung ukse og tvo verar som ikkje hev lyte,
သူ တို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း ၊ အဘယ်သို့သန့်ရှင်း စေရမည် နည်းဟူမူကား၊ အပြစ်မပါသော နွား သငယ် အထီးနှင့် သိုး နှစ် ကောင်တို့ကို၎င်း၊
2 og so søtt omnsbrød og hellekakor med olje i og tunnbrødleivar som er smurde med olje. Alt dette skal du laga av fint kveitemjøl.
တဆေး မပါသော ဂျုံမုန့် ၊ တဆေး မပါဘဲ ဆီ နှင့် လုပ် သော ဂျုံမုန့်ပြား ၊ တဆေး မပါဘဲ ဆီ နှင့် လူး သော ဂျုံမုန့်ကြွပ် တို့ကို၎င်းယူ ရမည်။
3 Du skal leggja deim i ei korg, og so skal du bera det fram i korgi, og leida fram uksen og verarne.
ထိုမုန့် များကို တောင်း တလုံးထဲ ၌ထည့် ပြီးမှ ၊ နွား တကောင်၊ သိုး နှစ် ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။
4 Aron og sønerne hans skal du kalla burt åt døri til møtetjeldet og två deim med vatn.
အာရုန် နှင့် သူ ၏သား တို့ကို၊ ပရိသတ် စည်းဝေး ရာ တံခါး နားသို့ ခေါ် ခဲ့၍ ရေချိုး ရမည်။
5 So skal du taka den heilage klædebunaden, og klæda Aron med underkjolen og prestekjolen, og hava på honom messehakelen og bringeduken, og binda livgjordi um honom,
အဝတ်တန်ဆာ များကိုယူ ၍၊ အင်္ကျီ ၊ ဝတ်လုံ ၊ သင်တိုင်း ၊ ရင်ဖုံး နှင့် အာရုန် ကို ဝတ် စေ၍၊ ထူးဆန်းသောသင်တိုင်း ရင်စည်း နှင့် စည်း ရမည်။
6 og setja huva på hovudet hans, og den heilage gullspongi i huva,
သူ ၏ ခေါင်း ပေါ် မှာ ဗေါင်း ကိုတင် ၍ ၊ ဗေါင်း ၌ သန့်ရှင်း သော သင်းကျစ် ကို တပ် ရမည်။
7 og du skal taka salvingsoljen og hella ut yver hovudet hans og salva honom.
ထိုအခါ လိမ်း စရာ ဆီ ကိုယူ ၍ သူ ၏ ခေါင်း ပေါ် ၌ လောင်း သဖြင့် သူ့ ကိုလိမ်း ရမည်။
8 So skal du kalla fram sønerne hans, og klæda deim med kjolar,
သူ ၏သား တို့ကိုလည်း ခေါ် ခဲ့၍ အင်္ကျီ ဝတ် စေရမည်။
9 og spenna beltet um deim, både um Aron og sønerne, og binda hovudplagg på deim, og sidan skal dei hava retten til prestedømet i all æva. So skal du setja Aron og sønerne hans inn i preste-embættet.
ခါးပန်း ကိုလည်း စည်း ၍ ၊ ဦးထုပ် ကိုလည်း ဆောင်း စေပြီးလျှင်။ သူ တို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင် ရမည်။ ထိုသို့ အာရုန် နှင့် သူ ၏သား တို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့် ထားရမည်။
10 Du skal leida uksen fram åt møtetjeldet, og Aron og sønerne hans skal leggja henderne på hovudet åt uksen.
၁၀ထိုနောက်၊ နွားထီး တကောင်ကို ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏ သား တို့သည်၊ မိမိ တို့ လက် ကို နွား ခေါင်း ပေါ် မှာ တင်ရကြမည်။
11 Og du skal slagta uksen framfor augo åt Herren, i døri til møtetjeldet.
၁၁ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ ထာဝရဘုရား ရှေ့ တော်၌ ထိုနွား ကိုသတ် ရမည်။
12 So skal du taka noko av blodet og strjuka på altarhorni med fingeren, og alt hitt blodet skal du hella ut innmed altarfoten.
၁၂အသွေး ကို ယူ ၍ ယဇ်ပလ္လင် ဦးချို တို့၌ လက်ညှိုး နှင့် ထည့် ပြီးမှ ၊ ကြွင်း သောအသွေး ကို ယဇ်ပလ္လင် ခြေရင်း နား၌ သွန် ရမည်။
13 Heila netja og den store livreflaga og båe nyro med talgi som er på deim, skal du taka og brenna på altaret, so røyken stig upp imot himmelen.
၁၃အအူ ကို ဖုံး သောဆီဥ ရှိသမျှ ၊ အသည်း ပေါ် ၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ကိုယူ ၍ ယဇ်ပလ္လင် ပေါ် မှာ မီးရှို့ ရမည်။
14 Men kjøtet av uksen og hudi og goret skal du brenna upp utanfor lægret. Dette er eit syndoffer.
၁၄နွား ၏အသား ၊ အရေ ၊ ချေးနု ကိုကား ၊ တပ် ပြင် မှာ မီးရှို့ ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်၏
15 So skal du taka den eine veren, og Aron og sønerne hans skal leggja henderne på hovudet åt veren.
၁၅သိုးထီး တကောင်ကိုလည်း ယူ ၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ရမည်။
16 Og du skal slagta veren og taka blodet og skvetta rundt ikring på altaret.
၁၆ထိုသိုး ကိုသတ် ပြီးလျှင် အသွေး ကိုယူ ၍ ယဇ်ပလ္လင် အပေါ် နား ပတ်လည် ၌ ဖြန်း ရမည်။
17 Sjølve veren skal du lema sund, og innvolen og føterne skal du två og leggja ovanpå lemerne og hovudet.
၁၇သိုး ကိုလည်း အပိုင်းပိုင်း ဖြတ် ၍ ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ပြီးလျှင် ၊ ခေါင်း နှင့် သားတစ်များကို စု ထား၍ ၊
18 Og so skal du brenna heile veren på altaret, so røyken stig upp imot himmelen; det er eit brennoffer åt Herren, eit eldoffer er det, som stig upp til Herren med kveikjande ange.
၁၈သိုး တကောင်လုံး ကို ယဇ်ပလ္လင် ပေါ် မှာ မီးရှို့ ရမည်။ ထာဝရဘုရား အား မီးရှို့ သောယဇ်ဖြစ်၏။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော် သက္ကာဖြစ်၏။
19 So skal du taka den andre veren, og Aron og sønerne hans skal leggja henderne på hovudet åt veren.
၁၉အခြား သော သိုး ကိုလည်း ယူ ၍ ၊ အာရုန် နှင့် သူ ၏သား တို့သည် မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ရမည်။
20 Og du skal slagta veren og taka noko av blodet og strjuka på den høgre øyresnippen åt Aron og sønerne hans og på den høgre tumarsfingeren og høgre tumarståi deira, og hitt blodet skal du skvetta rundt ikring på altaret.
၂၀ထိုသိုး ကိုသတ် ပြီးလျင် အသွေး ကိုယူ ၍ အာရုန် ၏ လက်ျာနားပျဉ်း ၌ ၎င်း၊ သူ ၏သား တို့၏ လက်ျာ နားပျဉ်း ၌ ၎င်း။ သူ တို့၏ လက်ျာ လက်မ ၌ ၎င်း၊ လက်ျာ ခြေမ ၌ ၎င်း ထည့် ၍ ၊ ယဇ်ပလ္လင် အပေါ် ပတ်လည် ၌ ဖြန်း ရမည်။
21 So skal du taka noko av det blodet som er på altaret og noko av salvingsoljen og skvetta på Aron og klædi hans, og sameleis på sønerne hans og klædi deira, so vert han og klædi hans vigsla, og like eins sønerne hans og klædi deira.
၂၁ယဇ်ပလ္လင် ပေါ် မှာရှိသော အသွေး နှင့် လိမ်း စရာဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း ၊ သူ ၏ သား တို့နှင့် သူ တို့ အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့် ၊ အာရုန် မှစ၍ သား များ၊ အဝတ် များတို့သည် သန့်ရှင်း ကြလိမ့်မည်။
22 Sidan skal du taka det feitaste av veren, både spælen og netja og den store livreflaga og båe nyro med talgi som er på deim, og so det høgre låret; for dette er ein vigslever.
၂၂ထိုသိုးသည် အရာ၌ ခန့်ထားရာသိုး ဖြစ်သောကြောင့်၊ ဆီဥ ၊ အမြီး ၊ အအူ ကို ဖုံး သောဆီဥ ၊ အသည်း ပေါ်၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ်ခု နှင့် ကျောက်ကပ်ကိုဖုံးသော ဆီဥ ၊ လက်ျာ ပခုံး ၊
23 Og or søtebrødkorgi som stend framfor augo åt Herren, skal du taka eit kakebrød og ei oljekaka og ein tunnbrødleiv.
၂၃ထာဝရဘုရား ရှေ့ တော၌ထား သော တဆေး မဲ့ မုန့်တောင်း ထဲက မုန် တလုံး၊ ဆီ နှင့် လုပ်သော မုန့် ပြားတပြား၊ မုန့် ကြွပ်တချပ်ကို ယူ၍၊
24 Alt dette skal du leggja i henderne på Aron og sønerne hans, og svinga det att og fram for Herrens åsyn.
၂၄အာရုန် လက် ၊ သူ ၏ သား တို့လက် ၌ ထိုအရာတို့ကို ထား ပြီးလျှင် ၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ ၍၊ ချီလွှဲသော ပူဇော် သက္ကာ ပြုရမည်။
25 Sidan skal du taka det utor henderne deira, og brenna det på altaret i hop med brennofferet, so det kann anga godt for Herren; det er eit eldoffer til Herren.
၂၅ထို အရာတို့ကို သူ တို့လက် မှ ခံယူ ၍ ၊ ထာဝရဘုရား ရှေ့တော်တွင် မွှေးကြိုင် သောအနံ့ ဖြစ်စေခြင်းငှါ ၊ ယဇ်ပလ္လင် ၌ မီးရှို့ ရာ ယဇ်အပေါ် မှာ ရှို့ ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာ ဖြစ်၏။
26 So skal du taka bringa av vigsleveren åt Aron og svinga henne att og fram for Herrens åsyn; den skal vera din lut.
၂၆အာရုန် ၏အရာ ၌ ခန့်ထားရာ သိုး ၏ရင်ပတ် ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော် သက္ကာပြုပြီးမှ ၊ သိုး၏ ရင်ပတ်သည် သင် ၏ အဘို့ ဖြစ် ရမည်။
27 Og svingebringa og lyftelåret, det som vert svinga og det som vert lyft av vigsleveren åt Aron og sønerne hans, det skal du lysa heilagt;
၂၇ထိုသို့ အာရုန် နှင့် သား တို့၏ အရာ ၌ ခန့်ထားသော သိုး ထဲက ၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲ သော ရင်ပတ် ကို၎င်း၊ ချီ မြှောက်သော ပူဇော်သက္ကာပြု၍ ၊ ချီမြှောက်သော ပခုံး ကို၎င်းသန့်ရှင်း စေ ပြီးမှ ၊
28 det skal vera retten åt Aron og sønerne hans hjå Israels-folket i all æva; for det er ei reida, ei reida som Israels-folket skal gjeva av takkofferi sine, ei reida frå deim til Herren.
၂၈ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရ ပညတ်တော်အတိုင်း၊ ဣသရေလ အမျိုးသား လှူ သော အာရုန် ၏ အဘို့၊ သူ့ သား တို့၏အဘို့ ဖြစ် ရမည်။ ဣသရေလ အမျိုးသား ပြုသောမိဿဟာယ ယဇ်ထဲက ၊ ထာဝရဘုရား ရှေ့တော်၌ ချီးမြှောက် ၍၊ ချီးမြှောက်ရာ ပူဇော် သက္ကာ ဖြစ် ၏။
29 Den heilage klædebunaden åt Aron skal sønerne hans erva; den skal dei hava på seg når dei vert salva og innsette i embættet.
၂၉အာရုန် ၏ သန့်ရှင်း သော အဝတ် တန်ဆာကို၊ သူ ၏သား တို့သည် အမွေခံ သဖြင့်၊ ဆီလိမ်း ခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသောအခါ၊
30 Sju dagar skal den av sønerne som vert prest i staden hans, bera denne bunaden, han som gjeng inn i møtetjeldet og gjer tenesta i heilagdomen.
၃၀အာရုန် ကိုယ်စား ယဇ် ပုရောဟိတ်လုပ်သော သား သည်၊ သန့်ရှင်း ရာဌာန၌ အမှုတော် ကို ဆောင်ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဝင် သောအခါ ခုနစ် ရက် ပတ်လုံးဝတ်ဆင် ရမည်။
31 Du skal taka vigsleveren og sjoda kjøtet på ein heilag stad.
၃၁အရာ ၌ခန့်ထားရာ သိုး ၏အသား ကို ယူ ၍ ၊ သန့်ရှင်း ရာဌာန ၌ ပြုတ် ပြီးမှ ၊
32 Og kjøtet av veren og brødet som er i korgi, skal Aron og sønerne hans eta i døri til møtetjeldet.
၃၂အာရုန် နှင့် သူ ၏သား တို့သည် ထိုအသား ကို၎င်း ၊ တောင်း ထဲ၌ ရှိသော မုန့် ကို၎င်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ စားရကြမည်။
33 Dei skal eta det soningsofferet som vert frambore når dei vert innsette i embættet og vigde til prestar. Men framande folk må ikkje eta av det; for det er heilagt.
၃၃သူတို့ကို သန့်ရှင်းစေ၍၊ အရာ၌ ခန့်ထား စေခြင်းငှါ ၊ အပြစ် ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သော အရာတို့ကို၊ သူတို့သည် စား ရကြမည်။ ထို အရာတို့သည် သန့်ရှင်း သောကြောင့် ၊ မဆိုင် သောသူ မ စား ရ။
34 Og vert noko av vigsleofferkjøtet eller av brødet liggjande til morgons, so skal du brenna det upp. Det må ikkje etast; for det er heilagt.
၃၄အရာ ၌ ခန့်ထားရာနှင့် ဆိုင်သောအမဲသား ဖြစ်စေ ၊ မုန့် ဖြစ်စေ၊ နံနက် တိုင်အောင် ကျန် ကြွင်းလျှင် ၊ ထိုအကြွင်း ကို မီးရှို့ ရမည်။ သန့်ရှင်း သောကြောင့် ၊ အဘယ်သူမျှမ စား ရ။
35 Soleis er det du skal gjera med Aron og sønerne hans; du skal i alle måtar gjera som eg segjer deg fyre. Sju dagar skal prestevigsla vara,
၃၅ထိုသို့ ငါပညတ် သမျှ အတိုင်း အာရုန် နှင့် သူ ၏ သား တို့ အား ပြု ၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ခြင်း မင်္ဂလာကို၊ ခုနစ် ရက် ပတ်လုံးဆောင် ရမည်။
36 og kvar dag skal du ofra ein ung ukse til syndoffer og soning; du skal reinsa altaret for synd, med di du gjer soning for det, og du skal salva det og vigsla det.
၃၆ထိုမှတပါး၊ အပြစ် ဖြေခြင်းအလိုငှါ ၊ နေ့ တိုင်း နွားထီး တကောင်ကို ပူဇော် ၍၊ အပြစ် ဖြေရာယဇ် ပြုရမည်။ ထိုသို့ ယဇ်ပလ္လင်ဘို့ အပြစ် ဖြေခြင်းကို ပြုပြီးမှ ၊ ပလ္လင် ကို စင်ကြယ် စေရမည်။ ထို့နောက် သန့်ရှင်း စေခြင်းငှါ ဆီ နှင့် လိမ်းရမည်။
37 Sju dagar skal du gjera soning for altaret og vigsla det, og då skal altaret vera høgheilagt; kvar den som kjem nær altaret, skal vera vigd til heilagdomen.
၃၇ခုနစ် ရက် ပတ်လုံးယဇ်ပလ္လင် ဘို့ အပြစ် ဖြေခြင်းကို ပြု၍ သန့်ရှင်း စေပြီးမှ ၊ အလွန်သန့်ရှင်း သော ယဇ်ပလ္လင် ဖြစ် ၍၊ ထိုပလ္လင် နှင့် တွေ့ သမျှ သောအရာတို့သည် သန့်ရှင်း သောအရာ ဖြစ်ရမည်။
38 Tvo årsgamle lamb skal du dagstødt ofra på altaret.
၃၈ယဇ်ပလ္လင် ပေါ် မှာ ပူဇော် ရသော အရာ ဟူမူကား ၊ အခါ မလည်သော သိုးသငယ် နှစ် ကောင်ကို ယူ၍၊
39 Det eine lambet skal du ofra um morgonen, og det andre soleglads bil.
၃၉နေ့ တိုင်း အစဉ်မပြတ် နံနက် ယံ၌ တ ကောင်၊ ညဦး ယံ၌ တ ကောင်ကို ပူဇော် ရမည်။
40 Tiandeparten av ei skjeppa fint kveitemjøl, blanda med ei halvkanna av den finaste beroljen, skal du hava attåt det fyrste lambet, og til drykkoffer ei halvkanna vin.
၄၀သိုးသငယ်တကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း ၍၊ ရသောသံလွင်ဆီ သုံးလောဃ နှင့် ရော သော မုန့်ညက် တဩမဲကို၎င်း၊ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃ ကို ၎င်း၊ သိုးသငယ် နှင့် အတူ ပူဇော်ရမည်။
41 Det andre lambet skal du ofra soleglads bil; med same grjonofferet som um morgonen, og same drykkofferet, skal du bera det fram, til ein kveikjande ange, ein rjukande rett for Herren.
၄၁အခြား သော သိုးသငယ် ကို ညဦး ယံ၌ ပူဇော် သောအခါ၊ နံနက်ယံ ၌ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော် သက္ကာပြုရမည်။
42 Det er det brennofferet som de og etterkomarane dykkar dagstødt skal bera fram for Herrens åsyn i døri til møtetjeldet, der som eg vil møtast med dykk og tala til deg.
၄၂ထိုသို့ သင် တို့သား စဉ်မြေးဆက်တို့သည် သင် နှင့် ငါတွေ့ ၍ နှုတ်ဆက်ရာအရပ် ၊ ထာဝရဘုရား ရှေ့ တော် ၌၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ အစဉ်မပြတ် မီးရှို့ သောယဇ်ကို ပူဇော်ရကြမည်။
43 Der er det eg vil møtast med Israels-borni, og huset skal helgast av herlegdomen min.
၄၃ထို အရပ်၌ ဣသရေလ အမျိုးသား တို့နှင့် ငါတွေ့ ၍ ၊ ငါ့ ဘုန်း တော်အားဖြင့် သူတို့ကို သန့်ရှင်း စေမည်။
44 Både møtetjeldet og altaret vil eg helga, og Aron og sønerne hans vil eg vigja til prestar for meg.
၄၄ငါ့ ရှေ့ ၌ ယဇ် ပုရောဟိတ်အမှုကို ဆောင်စေ ခြင်းငှါ ၊ အာရုန် နှင့် သူ ၏သား တို့ကို၎င်း၊ ပရိသတ် စည်းဝေး ရာ တဲ တော်ကို၎င်း ၊ ယဇ်ပလ္လင် ကို၎င်း ၊ ငါသန့်ရှင်း စေမည်။
45 Eg vil bu midt imillom Israels-folket og vera deira Gud,
၄၅ဣသရေလ အမျိုးသား တို့တွင် ငါနေ ၍ ၊ သူ တို့၏ ဘုရား ဖြစ် မည်။
46 og dei skal sanna at eg er Herren, deira Gud, som leidde deim ut or Egyptarlandet, og vil bu millom deim, eg, Herren, deira Gud.
၄၆ငါ သည် သူတို့တွင် နေ ခြင်းငှါ ၊ သူ တို့ကို အဲဂုတ္တု ပြည် ထဲက ကယ်နှုတ် ဆောင်ယူခဲ့သော သူ တို့ ၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ သိ ကြလိမ့်မည်။ ငါ သည် သူ တို့ ဘုရား သခင်ထာဝရဘုရား ဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။

< 2 Mosebok 29 >