< 2 Krønikebok 17 >

1 Josafat, son hans, vart konge i staden hans. Han synte seg sterk imot Israel,
ယော​ရှ​ဖတ်​သည်​ခ​မည်း​တော်​အာ​သ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး နောက် ဣ​သ​ရေ​လ​နိုင်​ငံ​အား​ခု​ခံ​တိုက်​ခိုက် ရန်​မိ​မိ​၏​နိုင်​ငံ​ကို​ခိုင်​ခံ့​အောင်​ပြု​တော် မူ​၏။-
2 og lagde herfolk i alle dei faste byarne i Juda og sette inn vakter i Judalandet og i dei byarne i Efraim som Asa, far hans, hadde herteke.
သူ​သည်​ယု​ဒ​ပြည်​ခံ​တပ်​မြို့​များ၊ ယု​ဒ ကျေး​လက်​များ​နှင့်​ဧ​ဖ​ရိမ်​နယ်​မြေ​မှ အာ​သ​သိမ်း​ယူ​ထား​သည့်​မြို့​များ​တွင် မိ​မိ​၏​စစ်​တပ်​များ​ကို​ချ​ထား​လေ​သည်။-
3 Og Herren var med Josafat, for han fylgde dei fyrste vegarne åt David, far sin, og heldt seg ikkje til Ba’alarne,
ယော​ရှ​ဖတ်​သည်​ခ​မည်း​တော်​အာ​သ​နန်း တက်​စ​အ​ခါ​က​ပြု​မူ​ခဲ့​သည့်​စံ​န​မူ​နာ ကို​လိုက်​၍ ဗာ​လ​ဘု​ရား​အား​ဝတ်​မ​ပြု ရှိ​မ​ခိုး​ဘဲ​နေ​သ​ဖြင့်​ထာ​ဝရ​ဘု​ရား​သည် သူ့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။-
4 men søkte til far sin’s Gud og fylgde bodi hans og gjorde ikkje soleis som Israel.
သူ​သည်​ခ​မည်း​တော်​၏​ဘု​ရား​ကို​ကိုး​ကွယ် ၍​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​နာ​ခံ တော်​မူ​၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​၏​လမ်း​စဉ် ကို​လိုက်​တော်​မ​မူ။-
5 Difor grunnfeste Herren kongedømet i hans hand, og heile Juda gav Josafat gåvor, so at han fekk mykje rikdom og æra.
ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှ​ဖတ်​၏​အာ​ဏာ ကို​တည်​စေ​တော်​မူ​၏။ ပြည်​သူ​အ​ပေါင်း​တို့ သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ ဆောင်​လာ​ကြ​၏။ ထို​ကြောင့်​မင်း​ကြီး​သည် ချမ်း​သာ​ကြွယ်​ဝ​ကာ​ဂုဏ်​အ​သ​ရေ​ကြီး မြင့်​လာ​တော်​မူ​၏။-
6 Då voks modet hans på Herrens vegar, og han fekk ogso burt offerhaugarne og Astarte-bilæti frå Juda.
သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ကိုး​ကွယ်​မှု တွင်​စိတ်​အား​ထက်​သန်​လျက်​ယု​ဒ​ပြည်​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​နှင့်​အာ​ရှ​ရ ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို​ဖျက် ဆီး​တော်​မူ​၏။
7 I det tridje styringsåret sitt sende han hovdingarne sine Benha’il og Obadja og Zakarja og Netanel og Mikaja til å læra i Juda-byarne,
နန်း​စံ​တ​တိ​ယ​နှစ်​၌​ယော​ရှ​ဖတ်​သည် မှူး​မတ်​များ​ဖြစ်​ကြ​သော​ဗင်​ဟဲ​လ၊ သြ​ဗ​ဒိ၊ ဇာ​ခ​ရိ၊ နာ​သ​နေ​လ​နှင့်​မိက္ခာ​ယ​တို့​အား ယု​ဒ​ပြည်​အ​မြို့​မြို့​သို့​သြ​ဝါ​ဒ​ပေး​ရန် စေ​လွှတ်​တော်​မူ​၏။-
8 og saman med deim levitarne Semaja og Netanja og Zebadja og Asael og Semiramot og Jonatan og Adonja og Tobia og Tob-Adonia, levitarne, og med deim prestarne Elisama og Joram.
သူ​တို့​နှင့်​အ​တူ​လေ​ဝိ​အ​နွယ်​ဝင်​ကိုး​ဦး နှင့်​ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​လိုက်​ပါ​သွား ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှာ​ရှေ​မာ​ယ၊ နေ​သ​နိ၊ ဇေ​ဗ​ဒိ၊ အာ​သ​ဟေ​လ၊ ရှေ​မိ​ရ​မုတ်၊ ယော​န​သန်၊ အ​ဒေါ​နိ​ယ၊ တော​ဘိ​ယ၊ တော​ဘ၊ ဒေါ​နိ​ယ​တို့​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် တို့​မှာ​ဧ​လိ​ရှ​မာ​နှင့်​ယော​ရံ​တို့​ဖြစ်​ကြ ၏။-
9 Dei lærde i Juda, for dei hadde Herrens lovbok med seg, og dei drog kringum i alle Juda-byarne og lærde folket.
သူ​တို့​သည်​မိ​မိ​တို့​နှင့်​အ​တူ​ယူ​ဆောင် သွား​သော​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား ကျမ်း​အ​ရ ယု​ဒ​မြို့​အ​သီး​သီး​သို့​လှည့် လည်​ကာ​ပြည်​သူ​တို့​အား​သွန်​သင်​ကြ​၏။
10 Då kom ein støkk frå Herren yver alle riki i dei landi som låg rundt ikring Juda, so dei våga seg ikkje i krig med Josafat.
၁၀ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း​ကျင်​နိုင်​ငံ အ​ပေါင်း​တို့​အား ယော​ရှ​ဖတ်​နှင့်​စစ်​ဖြစ် ရန်​ကြောက်​လန့်​စေ​တော်​မူ​၏။-
11 Nokre av filistarane førde gåvor til Josafat, og sylv til skatt, og arabarane og førde småfe til honom, sju tusund og sju hundrad verar og sju tusund sju hundrad bukkar.
၁၁ဖိ​လိတ္တိ​အ​မျိုး​သား​အ​ချို့​တို့​သည်​ယော ရှ​ဖတ်​ထံ​သို့ ငွေ​အ​မြောက်​အ​မြား​နှင့် အ​ခြား​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင် လာ​ကြ​၏။ အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့ က​လည်း​သိုး​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ် ရာ​နှင့် ဆိတ်​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ်​ရာ ကို​ယူ​ဆောင်​လာ​လေ​သည်။-
12 Soleis gjekk Josafat frametter stødt til han vart overlag megtig, og han bygde borger og upplagsbyar i Juda,
၁၂သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​တန်​ခိုး​ကြီး​သည် ထက်​ကြီး​လာ​တော်​မူ​၏။ သူ​သည်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ခံ​တပ်​များ​ကို​လည်း ကောင်း၊-
13 og han store forråd i Juda-byarne og stridsdjerve herfolk i Jerusalem.
၁၃ရိက္ခာ​အ​မြောက်​အ​မြား​သို​လှောင်​ရာ​မြို့ များ​ကို​လည်း​ကောင်း​တည်​ဆောက်​တော်​မူ​၏။ မင်း​ကြီး​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ထူး​ချွန် သည့်​တပ်​မှူး​များ​ကို၊-
14 Dette er lista yver deim etter ættgreinerne deira: Yverhovdingarne i Juda var: Hovdingen Adna med tri hundrad tusund djerve stridsmenner;
၁၄သား​ချင်း​စု​များ​အ​လိုက်​နေ​ရာ​ချ​ထား တော်​မူ​၏။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး သည်​အာ​ဒ​န​ဖြစ်​၍ သူ​၏​လက်​အောက် တွင်​စစ်​သည်​သုံး​သိန်း​ရှိ​လေ​သည်။-
15 jamsides honom hovdingen Johanan med tvo hundrad og åtteti tusund mann;
၁၅ဒု​တိ​ယ​တပ်​မှူး​မှာ​ယော​ဟ​နန်​ဖြစ်​၍​စစ် သည်​နှစ်​သိန်း​ရှစ်​သောင်း​ကို​အုပ်​ချုပ်​ရ​၏။-
16 jamsides honom Amasja Zikrison, som hadde gjenge i Herrens tenesta friviljugt, og med honom var tvo hundrad tusund djerve stridsmenner;
၁၆တ​တိ​ယ​တပ်​မှူး​ကား​ဇိ​ခ​ရိ​၏​သား​အာ​မ​သိ ဖြစ်​၍​စစ်​သည်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​လေ​သည်။ (အာ​မ​သိ​သည်​မိ​မိ​စေ​တ​နာ​အ​လျောက် ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် သူ​ဖြစ်​သည်။-)
17 framleides var det frå Benjamin den djerve kjempa Eljada med tvo hundrad tusund mann, som bar boge og skjold,
၁၇ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး​သည်​ဧ​လျာ​ဒ ဖြစ်​၏။ သူ​သည်​လေး​နှင့်​ဒိုင်း​လွှား​ကိုင်​စစ်​သည် တော်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​သူ၊ ထူး​ချွန်​သည့် စစ်​သူ​ရဲ​တစ်​ဦး​ဖြစ်​လေ​သည်။-
18 jamsides honom Jozabad med hundrad og åtteti tusund djerve stridsmenner.
၁၈သူ​၏​လက်​ထောက်​တပ်​မှူး​မှာ​လက်​နက်​အ​ပြည့် အ​စုံ​နှင့် လူ​တစ်​သိန်း​ရှစ်​သောင်း​ကို​အုပ်​ချုပ် ရ​သူ​ယော​ဇ​ဗဒ်​ဖြစ်​၏။-
19 Dette var dei som stod i tenesta åt kongen, umfram deim som kongen hadde lagt i borgbyarne i heile Juda.
၁၉ယု​ဒ​ပြည်​ခံ​တပ်​မြို့​များ​တွင်​နေ​ရာ​ချ​ထား သည့်​စစ်​သည်​တော်​များ​အ​ပြင် ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ရာ​ချ​ထား​သည့်​ဤ​သူ​တို့​သည် လည်း မင်း​ကြီး​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ရ​ကြ​လေ​သည်။

< 2 Krønikebok 17 >