< 1 Samuels 3 >

1 Guten Samuel gjorde tenesta for Herren hjå Eli. Herrens ord var dyrt i dei dagarne, og profetsynerne var sjeldfengde.
သူငယ်ရှမွေလသည်၊ ဧလိရှေ့တွင် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ရွက်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် နည်းပါး၏။ ထင်ရှားသော ရူပါရုံမရှိ။
2 Då bar det so til med Eli låg i det vanlege kvileromet sitt - han tok til å dimmast på syni, so han ikkje kunde skilja -
တရံရောအခါ ဧလိသည် မိမိနေရာ၌ အိပ်လျက်၊ သူ၏ မျက်စိမှုန်သောကြောင့် မမြင်နိုင်သည်ကာလ၊-
3 og dei endå ikkje hadde sløkt Guds lampa, og Samuel sov i Herrens heilagdom, der Guds kista stod:
ဘုရားသခင်၏ သေတ္တာတော်ရှိရာ ထာဝရဘုရားအိမ်တော်၌ မီးခွက်မသေမှီ၊ ရှမွေလသည်လည်း အိပ်လျက်ရှိသောအခါ၊-
4 då ropa Herren på Samuel, og han svara: «Ja, her er eg.»
ထာဝရဘုရားသည် ရှမွေလကို ခေါ်တော်မူ၍၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးသဖြင့်၊-
5 Han sprang til Eli og sagde: «Her er eg, du ropa på meg.» Han svara: «Nei, eg ropa ikkje; gakk og legg deg att!» Han gjekk og lagde seg.
ဧလိထံသို့ ပြေး၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုလျှင်၊ ဧလိက ငါမခေါ်၊ အိပ်တော့ဟု ဆိုသည်အတိုင်း၊ ရှမွေလသွား၍ အိပ်ပြန်လေ၏။
6 Herren ropa ein gong til: «Samuel!» Samuel reis upp og gjekk til Eli og sagde: «Ja, her er eg, du ropa på meg!» Han svara: «Nei, eg ropa ikkje, guten min! gakk og legg deg att!»
တဖန် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလသည် ထပြီးလျှင်၊ ဧလိထံသို့ သွား၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုသော်၊ ဧလိက ငါမခေါ် ငါ့သား၊ အိပ်တော့ဟု ဆို၏။ -
7 Samuel hadde ikkje endå lært å kjenna Herren; Herrens ord hadde ikkje openberra seg for honom endå.
ရှမွေလသည် ထာဝရဘုရားကို မသိသေး။ ဗျာဒိတ်တော်ကို မခံရသေး။
8 Tridje venda heldt Herren fram og ropa på Samuel. Han reis upp og gjekk til Eli og sagde: «Ja, her er eg, du ropa på meg.» Då skyna Eli det var Herren som ropa på guten.
တတိယအကြိမ် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလ ထပြီးလျှင် ဧလိထံသို့ သွား၍ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟုဆိုသော်၊ ထာဝရဘုရားသည် ထိုသူ ငယ်ကို ခေါ်တော်မူကြောင်းကို ဧလိသည် ရိပ်မိလျှင်၊-
9 Og Eli sagde til Samuel: «Gakk du og legg deg! Hender det so at einkvan ropar på deg, skal du svara: «Tala, Herre! tenaren din høyrer!»» Samuel gjekk og lagde seg i romet sitt.
သင်သွား၍ အိပ်ဦးတော့၊ နောက်တဖန်ခေါ်လျှင်၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော် ကျွန်ကြားပါသည်ဟု လျှောက်ရမည်အကြောင်း ရှမွေလကို မှာထားသည်အတိုင်း၊ ရှမွေလသွား၍ မိမိ နေရာ၌ အိပ်လေ၏။-
10 Då so Herren gjekk innåt og ropa som gongerne fyrr: «Samuel, Samuel!» då svara Samuel: «Tala, Herre! tenaren din høyrer.»
၁၀ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊-
11 Då sagde Herren til Samuel: «Eg kjem til å gjera verk i Israel som kjem til å ringja for båe øyro på deim som høyrer det.
၁၁ထာဝရဘုရားက၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ၊ ငါသည် ဣသရေလ အမျိုး၌ တစုံတခုကိုပြုမည်။
12 På den dagen skal eg lata koma yver Eli alt det eg hev tala um ætti hans, frå fyrst til sist.
၁၂ဧလိအိမ်သားတို့တဘက်၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည်။ ပြုစရှိပြီးမှ လက်စသတ်မည်။-
13 Eg hev kunngjort for honom at eg vil døma ætti hans til æveleg tid, for den misgjerning som han visste um, at sønerne hans drog forbanning yver seg, og likevel aga han deim ikkje.
၁၃ထိုသူ၏သားတို့သည် ကိုယ်ယုတ်မာသည်တိုင်အောင်၊ ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိသော် လည်း ကျပ်တည်းစွာ မဆုံးမဘဲနေသောကြောင့်၊ သူ၏ အိမ်သားတို့၌ ငါသည် အစဉ်အမြဲ ဒဏ်ပေး မည်ဟု ငါပြောပြီ။-
14 Difor hev eg svore Eli-ætti: «Aldri i æva skal syndi i Eli-ætti kunna sonast antan med slagtoffer eller noko anna offer.»»
၁၄ထိုကြောင့် ဧလိ၏အိမ်သားတို့ အပြစ်သည် ယဇ်နှင့်ပူဇော်သက္ကာအားဖြင့် မဖြေ၊ အစဉ်အမြဲ တည်ရ မည်အကြောင်း သူတို့အား ငါ ကျိန်ဆိုပြီဟု မိန့်တော်မူ၏။
15 Samuel vart liggjande til morgons, då han skulde opna dørerne til Herrens hus. Samuel torde ikkje fortelja Eli um syni.
၁၅ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ၊ ထာဝရဘုရား၏ အိမ်တော်တံခါးတို့ကို ဖွင့်လေ၏။ မြင်ရ သော ရူပါရုံကို ဧလိအား မကြားမပြောဝံ့။
16 Men Eli ropa på Samuel, og sagde: «Samuel, guten min!» Han svara: «Her er eg.»
၁၆ဧလိက၊ ငါ့သားရှမွေလဟုခေါ်လျှင်၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးလေ၏။
17 Han sagde: «Kva var det Gud tala til deg? Kjære, dyl det ikkje for meg! Gud late deg bøta no og sidan, dersom du løynar noko for meg av det han tala til deg!»
၁၇ဧလိကလည်း၊ အဘယ်သို့ မိန့်တော်မူသနည်း။ ငါ့အား ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှ တစုံတခု ကို ငါ့အား ဝှက်ထားလျှင်၊ မိန့်တော်မူသည်အတိုင်းမက သင်၌ပြုတော်မူပါစေသောဟု ဆိုလေသော်၊-
18 So fortalde Samuel alt saman, og løynde ingen ting for honom. Eli svara: Han er Herren. Han gjere som tekkjest honom!
၁၈ရှမွေလသည် တစုံတခုကိုမျှ ဝှက်မထား အလုံးစုံတို့ကို ပြန်ကြား၏။ ဧလိကလည်း၊ ထာဝရဘုရားဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေသောဟု ဝန်ခံလေ၏။
19 Samuel voks til, og Herren, var med honom, og let ikkje eitt av alle sine ord falla til jordi.
၁၉ရှမွေလသည် အစဉ်အတိုင်း ကြီး၍၊ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့်၊ သူ၏ စကား တခွန်းမျှ ပျက်စေခြင်းငှါ အခွင့်ပေးတော်မမူ။-
20 Heile Israel frå Dan til Be’erseba skyna at Samuel var utvald til profet for Herren.
၂၀သူသည် ထာဝရဘုရား၏ ပရောဖက်စစ် ဖြစ်ကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် သိကြ၏။
21 Og Herren heldt fram med å syna seg i Silo. For Herren openberra seg for Samuel i Silo gjenom Herrens ord.
၂၁ထာဝရဘုရားသည် ရှိလောမြို့၌ အထပ်ထပ် ထင်ရှားတော်မူ၍၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် ရှမွေလအား ဗျာဒိတ်ပေးတော်မူ၏။ ရှမွေလ စကားသည်လည်း၊ ဣသရေလအမျိုးတရှောက် လုံးကို နှံ့ပြားလေ၏။

< 1 Samuels 3 >