< 4 Mosebok 35 >

1 Og Herren talte til Moses på Moabs ødemarker ved Jordan, midt imot Jeriko, og sa:
မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ၍၊
2 Byd Israels barn at de skal gi levittene byer av sin arveeiendom til å bo i; dessuten skal I gi levittene jorder rundt omkring disse byer.
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိ သားတို့နေစရာဘို့ မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ် တို့ကို၎င်း၊ ပေးရကြမည်။
3 De skal ha byene til å bo i, og jordene som hører til, skal være til beite for deres kløvdyr og for deres fe og for alle deres andre dyr.
ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ ပတ်လည်နယ်တို့၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည်။
4 Og jordene omkring byene, som I skal gi levittene, skal strekke sig fra bymuren tusen alen utefter rundt omkring.
လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင် တထောင် ကျယ်စေရမည်။
5 Utenfor byen skal I måle to tusen alen på østsiden og to tusen alen på sydsiden og to tusen alen på vestsiden og to tusen alen på nordsiden, og byen skal være i midten; dette skal være jordene til deres byer.
မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေ အလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း။
6 De byer I skal gi levittene, skal være de seks tilfluktsstæder som I skal gi, forat manndrapere kan fly dit, og foruten dem skal I gi to og firti byer.
လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကို သတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့မှတပါး အခြားသော မြို့လေးဆယ် နှစ်မြို့တို့ကို ပေးရမည်။
7 I alt skal I gi levittene åtte og firti byer med tilhørende jorder.
ထိုသို့ လေဝိသားတို့အား ပေးရသော မြို့ပေါင်း ကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။
8 Og av de byer som I skal gi av Israels barns eiendom, skal I ta flere av de store stammer og færre av de mindre; enhver av dem skal gi levittene byer efter som de har fått land til.
ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲက နှုတ်ရမည်။ များသောမြေကို ရသောသူသည် များသောမြို့၊ နည်းသောမြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲက နှုတ်၍ လေဝိသားတို့အား ပေးရမည်။
9 Og Herren talte til Moses og sa:
တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
10 Tal til Israels barn og si til dem: Når I er gått over Jordan inn i Kana'ans land,
၁၀သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍၊ ခါနာန် ပြည်သို့ ရောက်ကြသောအခါ၊
11 da skal I velge ut nogen byer som skal være tilfluktsstæder for eder, forat en manndraper som av vanvare slår nogen ihjel, kan fly dit.
၁၁လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှိခိုရာမြို့တို့ကို ရွေးထားရမည်။
12 Disse byer skal I ha til tilfluktsstæder for manndraperen når han flykter for blodhevneren, forat han ikke skal dø før han har stått til doms for menigheten.
၁၂ထိုမြို့တို့ကား၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေသောသူ၏လက်မှ လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
13 Og de av eders byer som I skal gi til tilfluktsstæder, skal være seks i tallet.
၁၃လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန် မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊
14 De tre byer skal I gi på hin side Jordan, og de tre andre byer skal I gi i Kana'ans land; de skal være tilfluktsstæder.
၁၄ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့ တို့ကို ရွေးထားရမည်။
15 Både for Israels barn og for de fremmede og innflyttede som bor iblandt dem, skal disse seks byer være tilfluktsstæder, så hver den som av vanvare slår nogen ihjel, kan fly dit.
၁၅ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ် တမဲ့ သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင် တည်းခိုသော တပါးသော အမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ ဖြစ်သတည်း။
16 Den som slår nogen med et jernredskap så han dør, han er en manndraper, og manndraperen skal late livet.
၁၆သို့ရာတွင် လူအသက်ကို သေစေခြင်းငှါ၊ သံ လက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။
17 Og den som tar en sten i sin hånd stor nok til å drepe en med og slår nogen med den så han dør, han er en manndraper, og manndraperen skal late livet.
၁၇လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံ ရမည်။
18 Eller om en har et redskap av tre i sin hånd, som han kan drepe folk med, og slår nogen med det så han dør, da er han en manndraper, og manndraperen skal late livet.
၁၈လူအသက်ကို သေစေခြင်းငှာ သစ်သားလက် နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
19 Blodhevneren kan drepe manndraperen; når han treffer på ham, kan han drepe ham.
၁၉သေစားသေစေသောသူသည် လူသတ်ကို တွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။
20 Dersom en støter til nogen av hat eller kaster noget på ham med vilje så han dør,
၂၀သူတပါးကို အငြိုးထား၍ တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊
21 eller av fiendskap slår ham med sin hånd så han dør, da skal den som slo, late livet; han er en manndraper, og blodhevneren kan drepe manndraperen når han treffer på ham.
၂၁သေစေခြင်းငှါ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက် သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သော ကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေ စေသောသူသည် တွေ့သောအခါ သတ်ရမည်။
22 Men dersom en støter til nogen av vanvare, uten fiendskap, eller kaster en eller annen ting på ham uten å ville noget ondt,
၂၂သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့ တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိ သော်၎င်း၊
23 eller uten å se ham rammer ham med en sten stor nok til å drepe en med, så han dør, men drapsmannen ikke er hans fiende og ikke vil ham noget ondt,
၂၃သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကို မမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊
24 da skal menigheten dømme mellem drapsmannen og blodhevneren efter disse lover.
၂၄ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌ တရားစီရင်၍၊
25 Og menigheten skal verge manndraperen mot blodhevneren og la ham vende tilbake til den tilfluktsstad som han var flyktet til; og der skal han bli til ypperstepresten - han som er salvet med den hellige olje - er død.
၂၅သတ်သောသူကို သေစားသေစေသောသူ၏ လက်မှ နှုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဒမ္မဆီလောင်းခြင်းကို ခံရသော ယဇ်ပုရော ဟိတ်မင်း မသေမှီတိုင်အောင် ထိုမြို့၌ နေရမည်။
26 Men dersom manndraperen kommer utenfor den tilfluktsstads enemerker som han er flyktet til,
၂၆လူအသက်ကို သတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊
27 og blodhevneren treffer ham utenfor hans tilfluktsstads enemerker og dreper manndraperen, så har han ingen blodskyld på sig.
၂၇သေစားသေစေသော သူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့၍ သတ်လျှင်၊ လူအသက်ကို သတ်သောအပြစ်မရှိ။
28 For manndraperen skal bli i sin tilfluktsstad til ypperstepresten er død; men efter yppersteprestens død kan han vende tilbake til den bygd hvor han har sin eiendom.
၂၈အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာ နေရ မည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူ သည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။
29 Dette skal være en rettsordning for eder fra slekt til slekt hvor I så bor.
၂၉ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက် စောင့်ရသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။
30 Om en slår nogen ihjel, skal manndraperen efter vidners utsagn lide døden; men ett vidne er ikke nok til at nogen dømmes til døden.
၃၀လူအသက်ကို သတ်၍ လူသတ်ဖြစ်သောသူ မည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်းသာရှိလျှင် မသတ်ရ။
31 I skal ikke ta imot løsepenger for en manndrapers liv når han er skyldig til døden; han skal late livet.
၃၁အသေခံထိုက်သော လူသတ်၏ အသက်ဘိုးငွေ ကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည်။
32 Og I skal ikke ta imot løsepenger for en som er flyktet til en tilfluktsstad, så han kan vende tilbake og bo et sted i landet før presten er død.
၃၂မှီခိုရာမြို့သို့ ပြေးသောသူသည်၊ ယဇ်ပုရော ဟိတ်မင်း မသေမှီ၊ မိမိနေရင်းအရပ်သို့ ပြန်၍ နေမည် အကြောင်း၊ အရွေးငွေကို မခံမယူရ။
33 I skal ikke vanhellige det land I bor i; for blod vanhelliger landet, og landet kan ikke få soning for det blod som utøses der, uten ved dens blod som utøser det.
၃၃ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။
34 Du skal ikke gjøre det land I bor i, urent, det land i hvis midte jeg bor; for jeg er Herren, som bor midt iblandt Israels barn.
၃၄ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ် ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသား တို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။

< 4 Mosebok 35 >