< Josvas 1 >

1 Efter Moses', Herrens tjeners død sa Herren til Josva, Nuns sønn, Moses' tjener:
ထာဝရဘုရား၏ ကျွန်မောရှေသည် အနိစ္စ ရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သား ယောရှုအား ထာဝရဘုရားက၊
2 Moses, min tjener, er død; så gjør dig nu rede og dra over Jordan her med hele dette folk til det land som jeg vil gi Israels barn!
ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တဘက်သို့ ကူးကြလော့။ ဣသရေ လအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။
3 Hvert sted I setter eders fot på, gir jeg eder, som jeg sa til Moses:
မောရှေအား ငါဂတိရှိသည်အတိုင်း သင်တို့နင်း သမျှသောမြေကို သင်တို့အား ငါပေးမည်။
4 Fra ørkenen og Libanon der nord like til den store elv, elven Frat - over hele hetittenes land og helt til det store hav i vest skal eders land nå.
တောကြီးမှစ၍ လေဗနုန်တောင်တိုင်အောင် ၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ဟိတ္တိပြည်တရှောက်လုံး ပါလျက်၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင်၎င်း၊ သင်တို့နယ် အပိုင်းအခြားဖြစ်ရမည်။
5 Ingen skal kunne stå sig mot dig alle ditt livs dager; likesom jeg var med Moses, vil jeg være med dig; jeg vil ikke slippe dig og ikke forlate dig.
သင့်အသက်တည်သည် ကာလပတ်လုံး သင့်ရှေ့ မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကိုပစ်၍မထား။
6 Vær frimodig og sterk! For du skal skifte ut til arv blandt dette folk det land som jeg tilsvor deres fedre å ville gi dem.
အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အား ပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့ အားဝေ၍ အမွေပေးရမည်။
7 Vær du bare riktig frimodig og sterk, så du akter vel på å gjøre efter hele den lov som Moses, min tjener, lærte dig! Vik ikke av fra den, hverken til høire eller til venstre, så du kan gå viselig frem i alt det du tar dig fore!
သို့ဖြစ်၍ ငါ၏ကျွန်မောရှေ မှာထားသော တရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှါ အားယူ ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။
8 Denne lovens bok skal ikke vike fra din munn, men du skal grunde på den dag og natt, så du akter vel på å gjøre efter alt det som står skrevet i den; da skal du ha lykke på dine veier, og da skal du gå viselig frem.
ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့် မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့် မည်။
9 Har jeg ikke befalt dig: Vær frimodig og sterk, frykt ikke og reddes ikke? For Herren din Gud er med dig i alt det du tar dig fore.
သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွား လေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
10 Da bød Josva folkets tilsynsmenn og sa:
၁၀ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကို ခေါ်၍၊
11 Gå midt igjennem leiren og byd folket og si: Lag i stand reisekost for eder! For om tre dager skal I gå over Jordan her, så I kan komme og innta det land som Herren eders Gud gir eder til eie.
၁၁တပ်တရှောက်လုံးသို့ သွားကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ် တဘက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည် အကြောင်း၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထား လေ၏။
12 Og til rubenittene og gadittene og den halve Manasse stamme sa Josva:
၁၂တဖန် ယောရှုသည် ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သား၊ မနာရှေအမျိုးသားတဝက်တို့ကို ခေါ်၍၊
13 Kom i hu det som Moses, Herrens tjener, bød eder da han sa: Herren eders Gud lar eder nu komme til ro og gir eder dette land.
၁၃ထာဝရဘုရား၏ ကျွန်မောရှေသည်၊ သင်တို့ အား မှာထားသော စကားဟူမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ဤပြည်၌ နေရာချတော်မူပြီ။
14 Eders hustruer, eders barn og eders fe skal bli i det land Moses har gitt eder østenfor Jordan; men selv skal I, så mange av eder som er djerve stridsmenn, dra fullt rustet frem foran eders brødre og hjelpe dem,
၁၄သင်တို့သားမယား၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသော ပြည်၌ နေရစ်ရကြမည်။
15 inntil Herren lar eders brødre komme til ro likesom eder, og også de har tatt det land i eie som Herren eders Gud gir dem; da skal I vende tilbake og bosette eder i eders eget land, det som Moses, Herrens tjener, gav eder på østsiden av Jordan.
၁၅ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမှီ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၊ သင်တို့တွင် ခွန်အား ကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍ မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရ ဘုရား၏ကျွန် မောရှေသည် ယော်ဒန်မြစ် နေထွက်ရာ ဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ ဝင်စားရကြ မည်ဟု ပြောဆို၏။
16 Da svarte de Josva og sa: Alt det du har befalt oss, vil vi gjøre, og hvor du sender oss, vil vi gå.
၁၆ထိုသူတို့ကလည်း၊ ကိုယ်တော်မှာထားတော်မူ သမျှကို ကျွန်တော်တို့ပြုပါမည်။ စေလွှတ်တော်မူသမျှ သော အရပ်သို့ သွားပါမည်။
17 Aldeles som vi lød Moses, vil vi lyde dig, bare Herren din Gud må være med dig, likesom han var med Moses.
၁၇အရာရာတို့၌ မောရှေ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါ မည်။ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား သည် မောရှေနှင့်အတူ ရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။
18 Enhver som er gjenstridig mot din befaling og ikke lyder dine ord i alt det du byder ham, han skal dø. Vær bare frimodig og sterk!
၁၈အာဏာတော်ကို ဆန်၍၊ မှာထားတော်မူသမျှ သောစကားကို နားမထောင်သောသူ မည်သည်ကား၊ အသေသတ်ခြင်းကို ခံစေရမည်။ သို့ဖြစ်၍ အားယူတော် မူပါ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။

< Josvas 1 >