< Josvas 3 >

1 Morgenen efter stod Josva tidlig op og tok ut fra Sittim med alle Israels barn og kom til Jordan; der blev de en tid før de gikk over.
နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​၌ ယော​ရှု နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ကေ​ရှ​စ​ခန်း​မှ​ယော်ဒန်​မြစ်​သို့​ထွက်​ခွာ လာ​ကြ​သည်။ မြစ်​ကို​မ​ဖြတ်​ကူး​မီ​မြစ်​နား တွင်​စ​ခန်း​ချ​ကြ​၏။-
2 Og da tre dager var til ende, gikk tilsynsmennene gjennem leiren,
သုံး​ရက်​လွန်​ပြီး​နောက်​ခေါင်း​ဆောင်​တို့​သည် စ​ခန်း​သို့​လှည့်​လည်​၍-
3 og de bød folket og sa: Når I ser Herrens, eders Guds pakts-ark og de levittiske prester i ferd med å bære den, så skal I bryte op fra eders sted og følge efter den
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယဇ်​ပု​ရော​ဟိတ်​များ ပင့်​ဆောင်​လာ​သည်​ကို​မြင်​လျှင် သင်​တို့​သည် စ​ခန်း​သိမ်း​၍​သူ​တို့​နောက်​သို့​လိုက်​ကြ​ရ မည်။-
4 - dog skal det være en avstand mellem eder og den, omkring to tusen alen; I må ikke komme den for nær - så I kan vite hvad vei I skal gå; for I har ikke draget den vei før.
သင်​တို့​သည်​ဤ​လမ်း​ကို​တစ်​ခါ​မျှ​မ​သွား ဘူး​သ​ဖြင့် သူ​တို့​က​လမ်း​ပြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​ရ။ သေတ္တာ​တော်​နောက် မှ​မိုင်​ဝက်​ခန့်​ခွာ​၍​လိုက်​ရ​ကြ​မည်'' ဟု လူ​အ​ပေါင်း​တို့​အား​မှာ​ကြား​လေ​၏။
5 Da sa Josva til folket: Hellige eder! For imorgen vil Herren gjøre underfulle ting iblandt eder.
ထို​နောက်​ယော​ရှု​က​လူ​တို့​အား``နက်​ဖြန် နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​တော်​မူ မည်​ဖြစ်​၍ သင်​တို့​ကိုယ်​ကို​သန့်​စင်​စေ​ကြ လော့'' ဟု​ညွှန်​ကြား​လေ​၏။-
6 Og til prestene sa Josva: Ta paktens ark og gå frem foran folket! Og de tok paktens ark og gikk frem foran folket.
ထို​နောက်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​၍ လူ​ထု ရှေ့​က​ချီ​တက်​ရန်​စေ​ခိုင်း​သည့်​အ​တိုင်း​သူ တို့​သည်​ချီ​တက်​သွား​ကြ​၏။
7 Og Herren sa til Josva: På denne dag vil jeg begynne å gjøre dig stor for hele Israels øine, forat de skal vite at likesom jeg var med Moses, vil jeg og være med dig.
ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင် ယ​နေ့​မှ​စ​၍​သင့်​အား ငါ​ချီး​မြှောက်​မည်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ ရှိ​သ​ကဲ့​သို့​သင်​နှင့်​အ​တူ​ရှိ​ကြောင်း​သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။-
8 Og du skal byde prestene som bærer paktens ark, og si: Når I kommer til randen av Jordans vann, så skal I bli stående der ved Jordan.
ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​သော ယဇ်​ပု​ရော​ဟိတ်​များ​သည်​မြစ်​ကမ်း​စပ်​သို့ ရောက်​သော​အ​ခါ သူ​တို့​ကို​ရေ​ထဲ​၌​ရပ်​နေ ရန်​မှာ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
9 Og Josva sa til Israels barn: Kom hit og hør Herrens, eders Guds ord!
ထို​နောက်​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``လာ ကြ၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​ကြ​လော့။-
10 Og Josva sa: På dette skal I kjenne at den levende Gud er midt iblandt eder og visselig skal drive bort for eder kana'anittene og hetittene og hevittene og ferisittene og girgasittene og amorittene og jebusittene.
၁၀သင်​တို့​ချီ​တက်​သော​အ​ခါ​ဘု​ရား​သ​ခင် သည်​ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ကို​မု​ချ​နှင်​ထုတ် တော်​မူ​မည်။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် သင်​တို့​ကို​ရှေ့ ဆောင်​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​သော အ​ခါ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်​ကို​သင်​တို့​သိ​ကြ​လိမ့်​မည်။-
11 Se, han som er all jordens Herre, hans pakts-ark går foran eder ut i Jordan.
၁၁
12 Så velg nu ut tolv menn av Israels stammer, én mann for hver stamme!
၁၂ယ​ခု​မူ​ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​တစ်​ဦး ကျ​ဖြင့် လူ​တစ်​ဆယ့်​နှစ်​ယောက်​ကို​ရွေး ချယ်​ကြ​လော့။-
13 Og så snart prestene som bærer Herrens, all jordens Herres ark, står stille med sine føtter i Jordans vann, da skal Jordans vann - det vann som kommer ovenfra - demmes op, så det står som en vegg.
၁၃ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​သည် မြစ်​ရေ​ကို​နင်း​မိ​သည်​နှင့်​တစ်​ပြိုင် နက်​မြစ်​ညာ​မှ​စီး​ဆင်း​လာ​သော​ရေ​သည် ရပ်​တန့်​၍​တစ်​နေ​ရာ​တည်း​တွင်​ပင်​စု​ပုံ လျက်​ရှိ​လိမ့်​မည်'' ဟု​ဆို​လေ​၏။
14 Da nu folket brøt op fra sine telt for å gå over Jordan, og prestene bar paktens ark foran folket,
၁၄ထို​အ​ချိန်​အ​ခါ​သည်​စပါး​ရိတ်​သိမ်း​ချိန် ဖြစ်​သည်။ မြစ်​ရေ​လျှံ​ချိန်​လည်း​ဖြစ်​သည်။ လူ​တို့​သည်​ယော်ဒန်​မြစ်​ကို​ဖြတ်​ကူး​ရန်​စ​ခန်း မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ် များ​သည်​သူ​တို့​ရှေ့​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ သည်​မြစ်​ထဲ​သို့​ဆင်း​မိ​သည်​နှင့်​တစ်​ပြိုင်​နက်၊-
15 og de som bar arken, kom til Jordan, og de prester som bar arken, rørte med sine føtter ved den ytterste rand av vannet - men Jordan gikk over alle sine bredder hele høsttiden igjennem -
၁၅
16 da stanset det vann som kom ovenfra, og stod som en vegg langt borte, ved byen Adam, som ligger tett ved Sartan, og det vann som rant ned til ødemarkens hav - Salthavet - løp helt bort, og folket gikk over midt imot Jeriko.
၁၆ရေ​စီး​ရပ်​တန့်​၍​မြစ်​ညာ​ဘက်​အ​တန်​ကွာ ဝေး​သော​နေ​ရာ​၌ တည်​ရှိ​သည့်​ဇာ​ရ​တန် မြို့​အ​နီး​အာ​ဒံ​မြို့​၌​ရေ​စု​ပုံ​လျက်​ရှိ​လေ သည်။ ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သော​မြစ် ရေ​သည်​ပြတ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​တစ်​ဘက်​ကမ်း သို့​ဖြတ်​ကူး​နိုင်​ကြ​လေ​သည်။-
17 Men prestene som bar Herrens pakts-ark, stod på tørr grunn midt i Jordan uten å røre sig; og hele Israel gikk tørrskodd over, inntil hele folket var kommet vel over Jordan.
၁၇လူ​အ​ပေါင်း​တို့​လျှောက်​၍​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​များ သည်​ခြောက်​သွေ့​သော​မြစ်​လယ်​တွင်​ရပ်​နေ ကြ​၏။

< Josvas 3 >