< 1 Mosebok 9 >

1 Og Gud velsignet Noah og hans sønner, og sa til dem: Vær fruktbare og bli mange og opfyll jorden!
ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​သူ​၏​သား​တို့​အား​ကောင်း​ချီး​ပေး​၍``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့။-
2 Og frykt og redsel for eder skal være over alle dyr på jorden og over alle fugler under himmelen, over alt det som rører sig på jorden, og over alle fiskene i havet; i eders hånd er de gitt.
တိ​ရစ္ဆာန်၊ ငှက်၊ ငါး​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ကြောက်​ရွံ့​ရ​ကြ​လိမ့်​မည်။ ထို​သတ္တ​ဝါ​တို့​ကို​သင်​တို့​လက်​၌​ငါ​အပ်​ပေး​၏။-
3 Alt det som rører sig og lever, skal I ha til føde; likesom jeg gav eder de grønne urter, gir jeg eder alt dette.
သင်​တို့​သည်​ထို​သတ္တ​ဝါ​နှင့်​အ​သီး​အ​ရွက်​တို့​ကို​စား​သုံး​နိုင်​ကြ​၏။ ထို​အ​ရာ​အား​လုံး​ကို​သင်​တို့​စား​သုံး​ရန်​ငါ​ပေး​၏။-
4 Men kjøtt med dets sjel i, det er dets blod, skal I ikke ete.
သင်​တို့​မ​စား​ရ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​အ​ရာ​ကား​သွေး​ပါ​ရှိ​သည့်​အ​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သွေး​၌​အ​သက်​တည်​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-
5 Men for eders eget blod vil jeg kreve hevn; av hvert dyr vil jeg kreve hevn for det, og av mennesket, av enhvers bror, vil jeg kreve hevn for menneskets liv.
လူ့​အ​သက်​ကို​သတ်​သော​သူ​အား​ဒဏ်​ခံ​စေ​မည်။ လူ​ကို​သတ်​သော​တိ​ရစ္ဆာန်​အား​ငါ​သည်​သေ​ဒဏ်​ခံ​စေ​မည်။-
6 Den som utøser menneskets blod, ved mennesket skal hans blod utøses; for i Guds billede skapte han mennesket.
လူ​ကို​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော်​မူ​သ​ဖြင့် လူ​ကို​သတ်​သော​သူ​အား​လူ့​လက်​ဖြင့်​သတ်​လိမ့်​မည်။
7 Og vær I fruktbare og bli mange, vrimle på jorden og bli mange på den!
``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
8 Og Gud sa til Noah og til hans sønner, som var med ham:
ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​သူ​၏​သား​တို့​အား၊-
9 Nu vil jeg oprette min pakt med eder og med eders efterkommere,
``သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​မှ​ဆင်း​သက်​သော​မျိုး​ဆက်​များ​နှင့်​လည်း​ကောင်း၊-
10 og med alt levende som er hos eder, både fugler og fe og alle de ville dyr som er hos eder, alt som gikk ut av arken, alt som lever på jorden.
၁၀သင်္ဘော​ထဲ​မှ​သင်​တို့​နှင့်​အ​တူ​ထွက်​လာ​သော​သက်​ရှိ​သတ္တ​ဝါ​ဖြစ်​သည့်​ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း​ငါ​သည်​ယ​ခု​ပ​ဋိ​ညာဉ်​ပြု၏။-
11 Jeg opretter min pakt med eder, og aldri mere skal alt kjød utryddes ved vannflom, og aldri mere skal der komme en vannflom som ødelegger jorden.
၁၁သင်​တို့​နှင့်​ငါ​ယ​ခု​ပြု​သော​ပ​ဋိ​ညာဉ်​စ​ကား​ဟူ​မူ​ကား`သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​နောင်​မည်​သည့်​အ​ခါ​၌​မျှ​ရေ​လွှမ်း​မိုး​၍​နောက်​တစ်​ဖန်​မ​ပျက်​စီး​စေ​ရ။-
12 Og Gud sa: Dette er tegnet på den pakt som jeg gjør mellem mig og eder og alt levende som er hos eder, til evige tider:
၁၂သင်​နှင့်​တ​ကွ​သက်​ရှိ​သတ္တ​ဝါ​အား​လုံး​တို့​နှင့် ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​အ​ဖြစ်​ဖြင့်၊-
13 Min bue setter jeg i skyen, og den skal være et tegn på pakten mellem mig og jorden.
၁၃မိုး​တိမ်​ထဲ​၌​ငါ​၏​သက်​တံ့​ကို​ပေါ်​စေ​မည်။ ထို​သက်​တံ​သည်​ကမ္ဘာ​လော​က​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​လိမ့်​မည်။-
14 Og når jeg fører skyer over jorden, og buen sees i skyen,
၁၄ငါ​သည်​မိုး​ကောင်း​ကင်​သို့​တိမ်​များ​တက်​လာ​စေ​၍ တိမ်​ထဲ​တွင်​သက်​တံ့​ပေါ်​လာ​သည့်​အ​ခါ​တိုင်း၊-
15 da vil jeg komme i hu den pakt som er mellem mig og eder og alt levende av alt kjød, og vannet skal aldri mere bli en flom som ødelegger alt kjød.
၁၅သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​နောက်​တစ်​ဖန်​ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ဒဏ်​ဖြင့် မ​သေ​ကြေ​မ​ပျက်​စီး​ရ​ဟု​သင်​တို့​နှင့်​တ​ကွ​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အား​ငါ​ထား​သော​ကတိ​ကို​သ​တိ​ရ​မည်။-
16 Og buen skal stå i skyen, og jeg vil se på den og komme i hu den evige pakt mellem Gud og alt levende av alt kjød som er på jorden.
၁၆တိမ်​များ​ထဲ​၌​သက်တံ့​ပေါ်​လာ​သော​အ​ခါ ထို​သက်​တံ့​ကို​ငါ​မြင်​ရ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့်​ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​မည်' ဟူ​၍​ဖြစ်​သည်။-
17 Og Gud sa til Noah: Dette er tegnet på den pakt jeg har oprettet mellem mig og alt kjød som er på jorden.
၁၇ဤ​သည်​ကား​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့် ငါ​ပြု​သော​က​တိ​တော်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
18 Noahs sønner, som gikk ut av arken, var Sem, Kam og Jafet; og Kam var far til Kana'an.
၁၈သင်္ဘော​ထဲ​မှ​ထွက်​လာ​ခဲ့​ကြ​သော​နော​ဧ​၏​သား​များ​မှာ​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​တို့​ဖြစ်​ကြ​၏။ (ဟာ​မ​သည်​ခါ​နာန်​၏​အ​ဖ​ဖြစ်​၏။-)
19 Disse tre var Noahs sønner, og fra dem bredte menneskene sig ut over hele jorden.
၁၉ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် နော​ဧ​၏​သား​သုံး​ယောက်​တို့​မှ​ဆင်း​သက်​ပေါက်​ပွား​လာ​ကြ​ကုန်​၏။
20 Og Noah var jorddyrker, og han var den første som plantet en vingård.
၂၀နော​ဧ​သည်​တောင်​သူ​လယ်​သ​မား​တစ်​ဦး​ဖြစ်​၍ စ​ပျစ်​ခြံ​ကို​အ​ဦး​ဆုံး​စိုက်​ပျိုး​ခဲ့​သူ​ဖြစ်​၏။-
21 Og han drakk av vinen og blev drukken, og han klædde sig naken inne i sitt telt.
၂၁သူ​သည်​စ​ပျစ်​ရည်​သောက်​၍​မူး​ယစ်​လာ​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ချွတ်​ပစ်​ပြီး​လျှင် တဲ​ထဲ​၌​ကိုယ်​တုံး​လုံး​နေ​လေ​၏။-
22 Og da Kam, Kana'ans far, så sin far ligge naken, fortalte han det til begge sine brødre, som var utenfor.
၂၂ခါ​နာန်​၏​ဖ​ခင်​ဟာ​မ​သည်​သူ​၏​ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မြင်​ရ​လျှင် အ​ပြင်​သို့​ထွက်​၍​အစ်​ကို​နှစ်​ယောက်​တို့​အား​ပြော​ပြ​လေ​၏။-
23 Da tok Sem og Jafet et klæde og la det på sine skuldrer og gikk baklengs inn og dekket over sin fars blusel; og de vendte sine øine bort, så de ikke så sin fars blusel.
၂၃ထို​အ​ခါ​ရှေ​မ​နှင့်​ယာဖက်​တို့​သည်​ဝတ်​ရုံ​တစ်​ထည်​ကို မိ​မိ​တို့​၏​ပ​ခုံး​များ​ပေါ်​တွင်​တင်​၍​ယူ​ခဲ့​ကြ​၏။ သူ​တို့​သည်​တဲ​ထဲ​သို့​ကျော​ခိုင်း​ဝင်​လာ​ကြ​ပြီး​လျှင် သူ​တို့​၏​ဖ​ခင်​အား​လွှမ်း​ခြုံ​ပေး​ကြ​၏။ ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မ​မြင်​စေ​ရန် မျက်​နှာ​လွှဲ​ထား​ကြ​၏။-
24 Da så Noah våknet av sitt rus, fikk han vite hvad hans yngste sønn hadde gjort imot ham.
၂၄နော​ဧ​အ​မူး​ပြေ​၍​သ​တိ​ရ​လာ​သ​ဖြင့် အ​ငယ်​ဆုံး​သား​ပြု​မူ​ပုံ​ကို​သိ​ရှိ​ရ​သော​အ​ခါ၊
25 Da sa han: Forbannet være Kana'an! trælers træl skal han være for sine brødre.
၂၅``ခါ​နာန်​သည်​ကျိန်​စာ​သင့်​ပါ​စေ​သော။ သူ​သည်​အစ်​ကို​တို့​ထံ​တွင်​ကျွန်​ခံ​ရ​ပါ​စေ​သော။
26 Så sa han: Lovet være Herren, Sems Gud, og Kana'an være deres træl!
၂၆ရှေ​မ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စေ​သ​တည်း။ ခါ​နာန်​သည်​ရှေ​မ​၏​ကျွန်​ဖြစ်​ရ​ပါ​စေ​သော။
27 Gud gjøre det vidt for Jafet, han skal bo i Sems telter, og Kana'an være deres træl!
၂၇ဘု​ရား​သ​ခင်​သည်​ယာ​ဖက်​ကို​ချီး​မြှင့်​ပါ​စေ​သော။ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည်​ရှေ​မ​၏​အ​မျိုး​အ​နွယ်​နှင့်​အ​တူ​နေ​ရ​ပါ​စေ​သော။ ခါ​နာန်​သည်​ယာ​ဖက်​၏​ကျွန်​ဖြစ်​ရ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။
28 Efter vannflommen levde Noah ennu tre hundre og femti år.
၂၈ရေ​လွှမ်း​မိုး​ခြင်း​ဘေး​လွန်​ပြီး​နောက်​နော​ဧ​သည် နှစ်​ပေါင်း​သုံး​ရာ​ငါး​ဆယ်​ဆက်​လက်​အ​သက်​ရှင်​နေ​ထိုင်​၍၊-
29 Og alle Noahs dager blev ni hundre og femti år; så døde han.
၂၉အ​သက်​ကိုး​ရာ​ငါး​ဆယ်​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။

< 1 Mosebok 9 >