< Esekiel 29 >

1 I det tiende år, i den tiende måned, på den tolvte dag i måneden, kom Herrens ord til mig, og det lød så:
သက္ကရာဇ်ဆယ်ခု၊ ဒသမလတဆယ်တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 Menneskesønn! Vend ditt åsyn mot Farao, Egyptens konge, og spå mot ham og mot hele Egypten!
အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းတဘက်၌မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တပြည်လုံး တဘက်၌ပရောဖက်ပြုလျက်၊
3 Tal og si: Så sier Herren, Israels Gud: Se, jeg kommer over dig, Farao, Egyptens konge, du det store sjøuhyre, som ligger midt i dine strømmer, som sier: Mig tilhører min strøm, jeg har selv gjort den.
အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များ အလယ်၌နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး၊ သင့်တဘက် ၌ ငါနေ၏။
4 Jeg vil legge kroker i dine kjever og la fiskene i dine strømmer henge fast i dine skjell, og jeg vil dra dig op av dine strømmer, både dig og alle fiskene i dine strømmer, som henger fast i dine skjell.
သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သော ငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။
5 Og jeg vil kaste dig ut i ørkenen, både dig og alle fiskene i dine strømmer; på marken skal du falle; du skal ikke samles og ikke sankes; jeg gir dig til føde for jordens dyr og himmelens fugler.
သင်နှင့် သင့်မြစ်၌ရှိသမျှသော ငါတို့ကိုတော၌ ငါပစ်ထားမည်။ လွင်ပြင်၌ကျ၍ နောက်တဖန်စုဝေးခြင်း ကို မပြုရ။ တောသားရဲများ၊ မိုဃ်းကောင်းကင်ငှက်များ စားစရာဘို့ သင့်ကိုငါအပ်၏။
6 Og alle Egyptens innbyggere skal kjenne at jeg er Herren, fordi de har vært en rørstav for Israels hus;
ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တု ပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်း မူကား၊ သင်သည် ဣသရေလအမျိုး၌ ကျူတောင်ဝေး ဖြစ်လေပြီ။
7 når de tar dig ved ditt håndfang, så knekkes du og kløver skulderen på dem alle, og når de støtter sig på dig, brytes du i stykker og får lendene på dem alle til å vakle.
သင့်ကိုလက်နှင့် ကိုင်သောအခါ သင်သည် အကိုင်မခံ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ၏။ သင်နှင့် ကိုယ်ကိုထောက်သောအခါ သင်သည် ကျိုး၍ သူတို့ခါးကို နာစေ၏။
8 Derfor sier Herren, Israels Gud, så: Se, jeg lar sverd komme over dig, og jeg vil utrydde både folk og fe hos dig.
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင့်အပေါ်သို့ထားကိုဆောင်ခဲ့၍ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊
9 Og Egyptens land skal bli til en ørken, et øde land, og de skal kjenne at jeg er Herren, fordi han sa: Strømmen hører mig til, jeg har gjort den.
အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီး လျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည်။ သင်က၊ ငါ့မြစ်ကိုငါ ပိုင်၏။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့်၊
10 Se, derfor kommer jeg over dig og dine strømmer, og jeg vil gjøre Egyptens land til en øde ørken, full av grusdynger, fra Migdol til Syene og like til Etiopias grense.
၁၀သင်နှင့်သင့်မြစ်တဘက်၌ ငါနေ၏။ အဲဂုတ္တု ပြည်ကို မိဂဒေါလမှ စ၍ သုဏေမြို့တိုင်အောင်၎င်း၊ အဲသယောပိပြည်စွန်းတိုင်အောင်၎င်း၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံစေမည်။
11 Ingen menneskefot skal fare frem der, og ingen fefot skal fare frem der, og det skal ikke reise sig igjen på firti år.
၁၁အနှစ်လေးဆယ်ပတ်လုံး လူရှောက်၍မသွားရ။ တိရစ္ဆာန်လည်း ရှောက်၍မသွားရ။ အဘယ်သူမျှမနေရ။
12 Og jeg vil gjøre Egyptens land til en ørken blandt ødelagte land, og dets byer skal ligge øde blandt ødelagte byer i firti år, og jeg vil sprede egypterne blandt folkene og strø dem ut i landene.
၁၂ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက် ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ် ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပြန်လွင့်စေမည်။
13 For så sier Herren, Israels Gud: Når firti år er gått, vil jeg samle egypterne fra de folk som de var spredt iblandt.
၁၃သို့ရာတွင်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက် နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေး စေမည်။
14 Jeg vil gjøre ende på Egyptens fangenskap og føre dem tilbake til landet Patros, det land som de stammer fra, og der skal de være et ringe kongerike.
၁၄သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။
15 Det skal være ringere enn andre kongeriker og ikke mere ophøie sig over folkene, og jeg vil gjøre dem fåtallige, så de ikke skal herske over folkene.
၁၅တပါးသော လူမျိုးတို့ကို နောက်တဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုးမရစေခြင်းငှါ ငါရှုတ်ချမည်။
16 Og for Israels hus skal det ikke mere være en tilflukt, som minner mig om deres misgjerning, når de vender sig til dem, og de skal kjenne at jeg er Herren, Israels Gud.
၁၆ဣသရေလအမျိုးသားတို့သည် ထိုပြည်သား တို့ကို မြော်လင့်၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့်၊ နောက်တဖန် ထိုပြည်သည် သူတို့ ခိုလှုံရာမဖြစ်ရာ။ ငါသည် ထာဝရာဘုရားဖြစ်ကြောင်းကို သိရကြလိမ့် မည်ဟု မိန့်တော်မူ၏။
17 I det syv og tyvende år, i den første måned, på den første dag i måneden, kom Herrens ord til mig, og det lød så:
၁၇သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု၊ ပဌမလ တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
18 Menneskesønn! Nebukadnesar, Babels konge, har latt sin hær utføre et svært arbeid mot Tyrus; hvert hode er skallet og hver skulder slitt. Men lønn har han og hans hær ikke fått av Tyrus for det arbeid han har utført imot det.
၁၈အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည်၊ သူ၏စစ်သူရဲတို့ကို တုရုမြို့တဘက်၌ များစွာ သော အမှုကိုဆောင်ရွက်စေပြီ။ စစ်သူရဲတိုင်းခေါင်းတုံး ပြီ။ ပခုံးလည်းပွန်းပြီ။ သို့ရာတွင်၊ ရှင်ဘုရင်နှင့် စစ်သူရဲ တို့သည် တုရုမြို့တဘက်၌ အမှုဆောင်ရွက်ခကို ထိုမြို့တွင် မခံရကြ။
19 Derfor sier Herren, Israels Gud, så: Se, jeg gir Egyptens land til Nebukadnesar, Babels konge, og han skal føre bort dets rikdom og rane og røve alt hvad der er å rane og røve, og det skal hans hær ha til lønn.
၁၉သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန် ရှင်ဘုရင်နေဗခဒ်နေဇာ အား ငါပေးမည်။ ထိုမင်သည် ပြည်သားအလုံးအရင်းကို၎င်း၊ လက်ရဥစ္စာအမျိုးမျိုးကို၎င်း၊ သိမ်းယူပြီးလျှင်၊ မိမစစ်သူရဲတို့ အခဘို့ ဝေငှလိမ့်မည်။
20 Som lønn for det arbeid han har utført, gir jeg ham Egyptens land; for de har arbeidet for mig, sier Herren, Israels Gud.
၂၀ငါ့အမှုကို ဆောင်ရွက်သောကြောင့်၊ တုရုမြို့ တဘက်၌ အမှုဆောင်ရွက်ခဘို့ အဲဂုတ္တုပြည်ကို ငါပေးပြီ။
21 Den samme dag vil jeg la et horn vokse op for Israels hus, og dig vil jeg gi en oplatt munn midt iblandt dem, og de skal kjenne at jeg er Herren.
၂၁ထိုကာလ၌ ဣသရေလမျိုး၏ ချိုကိုအပေါက် စ၍၊ သူတို့အထဲက သင်ဟောပြောရသော အခွင့်ကို ငါပေးမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Esekiel 29 >