< Esekiel 27 >

1 Og Herrens ord kom til mig, og det lød så:
တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
2 Og du menneskesønn! Stem i en klagesang over Tyrus!
အချင်းလူသား၊ တုရုမြို့အတွက် မြည်တမ်းခြင်း ကိုပြု၍၊ တုရုမြို့အား ဆင့်ဆိုရမည်မှာ၊
3 Si til Tyrus, som bor ved havets innløp, som handler med folkene på mange kyster: Så sier Herren, Israels Gud: Tyrus! du sier: Jeg er fullkommen i skjønnhet.
အိုပင်လယ်ဝ၌ တည်သောမြို့၊ များစွာသော ကျွန်းသူကျွန်းသားတို့အဘို့ ကုန်သွယ်တတ်သောမြို့၊ သင့် ကို အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ်၏။
4 Midt i havet er dine landemerker; dine bygningsmenn gjorde din skjønnhet fullkommen.
သင်၏နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေ ခြင်းငှါ ပြုကြပြီ။
5 Av cypresser fra Senir bygget de begge dine plankesider; sedrer fra Libanon hentet de for å gjøre mast på dig.
သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရူး သစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဘို့ လေဗနန်အာရဇ်ပင် တို့ကို ယူကြပြီ။
6 Av eker fra Basan gjorde de dine årer; dine rorbenker gjorde de av elfenben innlagt i buksbom fra Kittims øer.
ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကို၎င်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့်တို့ကို၎င်း လုပ်ကြပြီ။
7 Fint utsydd lin fra Egypten var det du foldet ut som ditt flagg; blått og purpurrødt tøi fra Elisa-øene var ditt soltelt.
အဲဂုတ္တုပြည်၌ ချယ်လှယ်သော ပိတ်ချောရွက် တို့ကို ဖြန့်၍၊ ဧလိရှကျွန်းတို့မှယူခဲ့သော အထည်ပြာ၊ အထည်မောင်းဖြင့် လုပ်သောမျက်နှာကြက်နှင့် ပြည့်စုံ၏။
8 Folk fra Sidon og Arvad var dine rorskarer; de kloke menn som fantes hos dig, Tyrus, var dine styrmenn.
ဇိဒုန်မြို့သား၊ အာဝဒ်မြို့သားတို့သည် သင်္ဘော သားဖြစ်၍၊ တုရုပညာရှိတို့သည်လမ်းပြမာလိန်ဖြစ်ကြ၏။
9 Gebals eldste og dets kloke menn var hos dig og bøtte dine brøst; alle havets skib og sjøfolk var hos dig og handlet med dig.
ဂေဗလလူကြီး၊ ပညာရှိတို့သည် သင့်ကို ပြုပြင် လျက်လိုက်ကြ၏။ ပင်လယ်ကူးတတ်သော သင်္ဘောရှိသမျှ၊ သင်္ဘောသားတို့နှင့်တကွ သင်နှင့် ဖောက်ကားရောင်းဝယ် ခြင်းငှါ ပါကြ၏။
10 Menn fra Persia og Lud og Put gjorde krigstjeneste i din hær; skjold og hjelm hengte de op i dig, de gav dig glans.
၁၀ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏ တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှား စေကြ၏။
11 Arvads sønner stod med din egen hær på dine murer rundt omkring og djerve menn på dine tårn; sine skjold hengte de op på dine murer rundt omkring; de gjorde din skjønnhet fullkommen.
၁၁အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့ နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေ ကြ၏။
12 Tarsis handlet med dig fordi du var rik på alle slags gods; med sølv, jern, tinn og bly betalte de dine varer.
၁၂သင်၌ကုန်သွယ်ရန် ဥစ္စာများသောကြောင့်၊ တာရှုမြို့သည်ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့်ကုန်သွယ်ခြင်းကို ပြုလေ၏။
13 Javan, Tubal og Mesek var dine kremmere; med mennesker og kobberkar betalte de dine varer.
၁၃ယာဝန်မြို့၊ တုဗလမြို့။ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။
14 Togarma-folket betalte dine varer med vognhester og ridehester og mulesler.
၁၄တောဂါမအမျိုးသားတို့သည်မြင်း၊ မြင်းစီးသူ၊ လားတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
15 Dedans sønner var dine kremmere; mange kystland mottok varer av din hånd, elfenben og ibenholt gav de dig til betaling.
၁၅ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ် ကြ၏။ များစွာသော တကျွန်းတနိုင်ငံ အရပ်သားတို့သည် သင်လုပ်သော ဥစ္စာကိုဝယ်၍၊ ဦးချို၊ ဆင်စွယ်၊ သစ်သား နက်ကို ပြန်ပေးကြ၏။
16 Syria handlet med dig fordi du var rik på alle slags kunstarbeider; med karfunkler, purpur og utsydd tøi og fint lin og koraller og rubiner betalte de dine varer.
၁၆သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ဗြာသောအထည်၊ ချယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
17 Juda og Israels land var dine kremmere; med hvete fra Minnit og søte kaker og honning og olje og balsam betalte de dine varer.
၁၇ယုဒပြည်နှင့်ဣသရေလပြည်သည် သင်နှင့်ကုန် သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကို သင့်ဈေး၌ သွင်းကြ၏။
18 Damaskus handlet med dig fordi du var rik på alle slags kunstarbeider, på allslags gods; de kom med vin fra Helbon og hvit ull.
၁၈ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ၊ စည်းစိမ်များပြားသောကြောင့်၊ ဟေလဗုန်စပျစ်ရည်၊ ဖြူသောသိုးမွေးကို ဖယ်လှယ်လျက် ဖေါက်ကားတတ်၏။
19 Vedan og Javan fra Usal betalte dine varer, så skinnende jern, kassia og kalmus kom i din handel.
၁၉ဝေဒန်မြို့နှင့်ယာဝန်ပြည် ဥဇာလမြို့သည် လည်း သံပြောင်ကို သင့်ဝိုင်းသို့ယူခဲ့၍၊ သင့်ဈေး၌ သစ်ကြံပိုးနှင့် ကြံလည်းရှိ၏။
20 Dedan handlet med dig med dekkener til å ride på.
၂၀ဒေဒန်မြို့သည် မြင်းစီးသူရဲ သုံးစရာချောသော အထည်မျိုးကို ရောင်း၍သင်နှင့်ကုန်သွယ်၏။
21 Arabia og alle Kedars fyrster mottok varer av din hånd; med lam og værer og bukker handlet de med dig.
၂၁အာရပ်ပြည်နှင့် ကေဒါမင်း အပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှါ သိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့် ဖယ်လှယ်၍ ကုန်သွယ်ကြ၏။
22 Sjebas og Ramas kremmere var dine kremmere; med beste slag av allehånde velluktende urter og med allehånde kostbare stener og gull betalte de dine varer.
၂၂ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ်၍ အမြတ်ဆုံးသော နံ့သာမျိုး၊ အဘိုးကြီးသော ကျောက်မျိုး၊ ရွှေမျိုးကိုသင့်ဝိုင်း၌ သွင်းကြ၏။
23 Karan og Kanne og Eden, Sjebas kremmere, Assur og Kilmad handlet med dig;
၂၃ခါရန်မြို့သား၊ ကန္နေမြို့သား၊ ဧဒင်မြို့သား၊ ရှေဘကုန်သည်၊ အာရှုရိကုန်သည်။ ခိလမဒ်ကုန်သည်တို့ လည်း၊ သင်နှင့်ကုန်သွယ်၍၊
24 de handlet med dig med prektige klær, med kapper av purpurfarvede og utsydde tøier og med hele skatter av tvunnet, mangefarvet garn, med tvunne og sterke snorer på ditt marked.
၂၄ထူးဆန်းသော ဥစ္စာ၊ ပြာသောအထည်၊ ချယ် လှယ်သောအထည်၊ အဘိုးထိုက်သော အဝတ်တန်ဆာ ပါ၍၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင်၏ ကုန်ထဲသို့သွင်းကြ၏။
25 Tarsis-skib var dine karavaner, de drev din handel, og du blev fylt og overmåte rik, der du lå midt ute i havet.
၂၅တာရှုသင်္ဘေားတို့သည် သင်၏ကုန်ကို ဆောင် လျက်သွားလာသဖြင့်၊ သင်သည် ပင်လယ်အလယ်၌ ကြွယ်ဝ၍ အလွန်ဘုန်းကြီးလေ၏။
26 På store vann førte dine rorskarer dig ut - østenvinden knuser dig midt i havet.
၂၆ယခုမူကား၊ သင်၏တက်ခတ်သားတို့သည် သင့်ကိုကြီးစွာသော ရေထဲသို့ဆောင်သွား၍၊ အရှေ့လေ သည်လည်း ပင်လယ်အလယ်၌ ချိုးလေ ပြီ။
27 Ditt gods og dine varer, din handel, dine sjøfolk og dine styrmenn, de som bøter dine brøst, og de som driver din handel, alle de krigsmenn du har hos dig, og hele det mannskap du har ombord, skal falle midt ute i havet på den dag du faller.
၂၇သင်သည် လဲပျက်သောအခါ သင်၏ဥစ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘော သား၊ လမ်းပြမာလိန်၊ ပြုပြင်သူ၊ ကုန်သည်၊ စစ်သူရဲအလုံးအရင်းပါသမျှတို့သည် ပင်လယ်အလယ်၌ ကျရကြလိမ့်မည်။
28 Ved lyden av dine styrmenns skrik skal dine marker beve.
၂၈သင်၏လမ်းပြမာလိန်တို့ အော်ဟစ်သံကြောင့်၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည်။
29 Og de skal stige ut av sine skib, alle de som sitter ved årene, sjøfolkene og alle styrmenn på havet; de skal gå i land.
၂၉တက်ခတ်သော သူအပေါင်းတို့သည် သင်္ဘောမှ ဆင်း၍၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြမာလိန် အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက်၊
30 De skal bryte ut i jammerrop over dig, og de skal kaste støv på sine hoder og velte sig i asken.
၃၀သင့်အဘို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့် မည်။ မြေမှုန်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ပြာ၌ လူးကြလိမ့်မည်။
31 De skal rake sig skallet for din skyld og binde sekk om sig, og de skal gråte over dig i bitter sorg, med bitter veklage.
၃၁ဆံပင်ကိုလည်း ဖြတ်၍လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ညှိုးငယ်သောစိတ်နှင့် သင့်အဘို့ပြင်းစွာ ငိုကြွေးမြည်တမ်းရသည်ကား၊
32 I sin jammer skal de stemme i en klagesang over dig og si: Hvem er lik Tyrus, den stad som nu er blitt taus, der den ligger midt ute i havet?
၃၂ပင်လယ်အလယ်၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း။
33 Da dine varer kom inn fra havene, mettet du mange folkeslag; med alt ditt gods og alle dine varer gjorde du jordens konger rike.
၃၃သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့် ထွက် သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြား သောဥစ္စာ။ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။
34 Nu, da du er knust og er sunket i havets dyp, er dine varer og hele ditt mannskap gått til grunne med dig.
၃၄ယခုမူကား၊ သင်သည် ပင်လယ်၌၎င်း၊ သင့် ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ်၌၎င်း၊ ကျိုးပဲ့၍၊ သင်နှင့်ပါသောသူအပေါင်းတို့သည် ဆုံးရှုံကြပြီ။
35 Alle de som bor i kystlandene, skal forferdes over dig, og deres konger skal gyse med redsel i sine ansikter.
၃၅ကျွန်းသူ ကျွန်းသားအပေါင်းတို့သည် သင်အမှု ကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာ ပျက်လျက် ကြက်သီးမွေးညှင်းထကြ၏။
36 Kjøbmennene rundt om blandt folkene skal spotte over dig: En redsel er du blitt, og du er blitt borte - for evig tid.
၃၆အမျိုးမျိုးသောကုန်သည်တို့သည် သင့်အား ကဲ့ရဲ့သံကို ပြုကြ၏။ သင်သည် ကြောက်မက်ဘွယ်ဖြစ် လေပြီတကား။ နောက်တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Esekiel 27 >