< Daniel 2 >

1 I sitt annet regjeringsår hadde Nebukadnesar drømmer som gjorde hans sinn urolig, og det var forbi med hans søvn.
နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်း စိတ်ရှိသော ကြောင့်၊ စက်တော်မခေါ်နိုင်သည်ဖြစ်၍၊
2 Og kongen lot kalle tegnsutleggerne og åndemanerne og trollmennene og kaldeerne, forat de skulde fortelle kongen hans drømmer; og de kom og trådte frem for kongen.
အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှါ မာဂု ပညာရှိ၊ ဗေဒင်တတ်၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို ခေါ်ချေဟု အမိန့်တော်ရှိသည်အတိုင်း၊ သူတို့သည် အထံတော်သို့ ရောက်လာကြသည်ရှိသော်၊
3 Og kongen sa til dem: Jeg har hatt en drøm, og mitt sinn er blitt urolig; jeg stunder efter å få drømmen å vite.
ရှင်ဘုရင်က၊ ငါသည် အိပ်မက်ကိုမြင်ပြီ။ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီ မသာရှိသည်ဟု မိန့်တော်မူ၏။
4 Da talte kaldeerne til kongen på araméisk: Kongen leve evindelig! Si dine tjenere drømmen! Så skal vi kunngjøre dig dens uttydning.
ခါလဒဲပညာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကို မိန့်တော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု၊ ရှုရိဘာသာဖြင့် လျှောက် ကြ၏။
5 Kongen svarte kaldeerne: Dette mitt ord står fast: Hvis I ikke kunngjør mig drømmen og dens uttydning, så skal I bli hugget i stykker, og eders huser gjort til en møkkdynge.
ရှင်ဘုရင်ကလည်း၊ ငါအမိန့်တော်ရှိပြီ။ ထိုအိပ် မက်နှင့်အနက်ကို သင်တို့မဘော်မပြလျှင်၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည်။ သင်တို့အိမ်များကိုလည်း နောက် ချေးပုံဖြစ်စေမည်။
6 Men dersom I kunngjør mig drømmen og dens uttydning, så skal I få rike gaver og stor ære av mig. Derfor, si mig drømmen og dens uttydning!
အိပ်မက်နှင့်အနက်ကို ဘော်ပြလျှင်၊ ဆုလပ် သပ်ပကာ၊ ဂုဏ်အသရေများကို ငါပေးမည်။ သို့ဖြစ်၍၊ အိပ်မက်နှင့်အနက်ကို ငါ့အားဘော်ပြကြဟု၊ ခါလဒဲပညာ ရှိတို့ကို မိန့်တော်မူ၏။
7 Da svarte de annen gang: Vil ikke kongen si sine tjenere drømmen! Så skal vi si hvad den betyr.
ထိုသူတို့က၊ အရှင်မင်းကြီး၊ မြင်မက်တော်မူချက် ကို အမိန့်ရှိတော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု တဖန်လျှောက်ကြပြန်လျှင်၊
8 Kongen svarte: Jeg vet for visst at I bare vil vinne tid, fordi I ser at det ord jeg sa, står fast.
ရှင်ဘုရင်က၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့်၊ သင်တို့သည် နေ့ရက်အချိန်ကာလကြာစေခြင်းငှါ ရွှေ့ချင် သည်ကို ငါအမှန်သိ၏။
9 Såfremt I ikke sier mig drømmen, da er dommen over eder uforanderlig. Men I er blitt enige om å fortelle mig en skammelig løgn, i håp om at tidene skal forandre sig, derfor, si mig drømmen, så jeg kan vite at I også kan kunngjøre mig dens uttydning!
အိပ်မက်ကို ငါ့အားမဘော်မပြလျှင်၊ သင်တို့ သည် အကြံတခုတည်းသာရှိသည်ဖြစ်၍၊ ကာလပြောင်း လဲသည်တိုင်အောင်၊ ငါ့ရှေ့၌ လျှောက်စရာဘို့ ကောက် ကျစ်လိမ်လစ်သောစကားကို ပြင်ဆင်နှင့်ကြပြီ။ အိပ်မက် ကို ပြန်ပြောကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက်ကို ဘော်ပြနိုင်သည်ကို ငါသိမည်ဟု ပြန်၍ မိန့်တော်မူ၏။
10 Kaldeerne svarte kongen: Det er ikke et menneske på jorden som kan kunngjøre kongen det han vil vite; for ingen konge, hvor stor og mektig han var, har nogensinne krevd noget sådant av nogen tegnsutlegger eller åndemaner eller kaldeer.
၁၀ခါလဒဲဆရာတို့ကလည်း၊ အရှင်မင်းကြီး၏ အမှု အရာကို ဖြေနိုင်မည်သူ၊ မြေကြီးပေါ်မှာ တယောက်မျှ မရှိပါ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုး ကြီးသော်လည်း၊ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ။
11 For det som kongen krever, er altfor vanskelig, og det er ingen annen som kan kunngjøre kongen hvad han vil vite, enn gudene, som ikke har sin bolig blandt menneskene.
၁၁အရှင်မင်းကြီး မေးမြန်းတော်မူသောအရာသည် ခက်ခဲသော အရာဖြစ်ပါ၏။ လူပကတိနှင့် မဆက်ဆံ သော ဘုရားမှတပါး အဘယ်သူမျှ အရှင်မင်းကြီး ရှေ့တော်၌ မထုတ်မဘော်နိုင်ပါဟု တဖန်ပြန်ကြား လျှောက်ထားကြ၏။
12 Over dette blev kongen harm og meget vred, og han bød at alle Babels vismenn skulde drepes.
၁၂ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟုအမိန့်တော်ရှိ၏။
13 Da denne befaling var utstedt, og de skulde til å drepe vismennene, lette de også efter Daniel og hans medbrødre for å drepe dem.
၁၃ထိုအမိန့်တော်ဆင့်၍ ဒံယေလနှင့် သူ၏ အပေါင်းအဘော်တို့ကို သတ်ခြင်းငှါ ရှာကြသော်၊
14 Da sa Daniel et klokt og forstandig ord til Arjok, høvdingen for kongens livvakt, som hadde draget ut for å drepe Babels vismenn.
၁၄ဒံယေလက၊ ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု၊
15 Han tok til orde og spurte Arjok, kongens høvedsmann: Hvorfor har kongen utstedt denne strenge befaling? Da fortalte Arjok Daniel hvorledes det hadde sig.
၁၅ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှါ ထွက် သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း၍၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြော လျှင်၊
16 Så gikk Daniel inn og bad kongen at han vilde gi ham en frist, så han kunde kunngjøre kongen uttydningen.
၁၆ဒံယေလသည် နန်းတော်သို့ ဝင်၍ အိပ်မက် တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည် အကြောင်း အသနားတော်ခံပြီးမှ၊
17 Derefter gikk Daniel hjem og fortalte Hananja, Misael og Asarja, sine medbrødre, det som hadde hendt,
၁၇မိမိအိမ်သို့ပြန်သွား၍၊ ထိုအကြောင်းကို မိမိ အပေါင်းအဘော် ဟာနနိ၊ မိရှေလ၊ အာဇရိတို့အား ကြားပြော၍၊
18 forat de skulde bede himmelens Gud at han i sin barmhjertighet vilde åpenbare denne hemmelighet, så at ikke Daniel og hans medbrødre skulde bli drept sammen med Babels andre vismenn.
၁၈ငါတိုပသည် အခြားသော ဗာဗုလုန်ပညာရှိတို့ နှင့်အတူ မသေမပျောက်စေခြင်းငှါ၊ ဤနက်နဲသော အရာ၌ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန် အံ့ဟုပြောဆို၏။
19 Da blev hemmeligheten åpenbaret Daniel i et syn om natten; og Daniel priste himmelens Gud.
၁၉ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသော အရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ၏။
20 Daniel tok til orde og sa: Lovet være Guds navn fra evighet og til evighet! For visdommen og styrken hører ham til,
၂၀ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရား သခင်၏ နာမတော်သည် ထာဝရမင်္ဂလာရှိပါစေ သတည်း။ ပညာနှင့်၎င်း၊ အစွမ်းသတ္တိနှင့်၎င်း ပြည့်စုံ တော်မူ၏။
21 og han omskifter tider og stunder, avsetter konger og innsetter konger; han gir de vise visdom og de forstandige forstand;
၂၁ကာလအချိန် ဥတုများကို ပြောင်းလဲစေတော် မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ၏။ ပညာရှိတို့အားပညာကို ပေးတော်မူ၏။ ဥာဏ်ရှိသော သူတို့သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည်တတ်ကြ၏။
22 han åpenbarer det dype og skjulte; han vet hvad som er i mørket, og hos ham bor lyset.
၂၂နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာ ပြတော်မူ၏။ မှောင်မိုက်၌ရှိသမျှတို့ကို သိမြင်၍ အလင်း ၏တည်ရာဖြစ်တော်မူ၏။
23 Dig, mine fedres Gud, takker og priser jeg, fordi du har gitt mig visdom og styrke og nu har kunngjort mig hvad vi bad dig om; for det som kongen vilde vite har du kunngjort oss.
၂၃အကျွန်ုပ် ဘိုးဘေးတို့၏ ဘုရားသခင်၊ အကျွန်ုပ် အား ပညာအစွမ်းသတ္တိကို ပေးသနား၍၊ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း၊ ရှင်ဘုရင်၏ အိပ်မက်ကို ဖွင့်ပြတော် မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာ ပြုပါ၏ဟု ဒံယေလမြွက်ဆိုပြီးမှ၊
24 Så gikk da Daniel inn til Arjok, som kongen hadde gitt pålegg om å drepe Babels vismenn; han kom og sa til ham: Drep ikke Babels vismenn! Før mig inn til kongen! Så vil jeg kunngjøre kongen uttydningen.
၂၄ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှါ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား၍၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အကျွန်ုပ်ကို အထံတော်သို့ခေါ်သွင်းပါ။ အကျွန်ုပ်သည် အိပ်မက် တော်နှင့် အနက်ကိုဘော်ပြ၍ လျှောက်ပါမည်ဟုဆို၏။
25 Da førte Arjok Daniel i hast inn til kongen og sa til ham: Jeg har funnet en av de bortførte fra Juda, han vil kunngjøre kongen uttydningen.
၂၅ထိုအခါ အာရုတ်သည် ဒံယေလကို အလျင် တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော် နှင့်အနက်ကို အရှင်မင်းကြီးအား ဘော်ပြနိုင်သော သူတယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ် တွေ့ပါပြီဟု လျှောက်လေ၏။
26 Kongen svarte Daniel, som hadde fått navnet Beltsasar: Er du i stand til å kunngjøre mig den drøm jeg har hatt, og dens uttydning?
၂၆ရှင်ဘုရင်ကလည်း၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော၍ အနက်ကို ဘော်ပြနိုင်သလောဟု၊ ဗေလတရှာ ဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင်၊
27 Daniel svarte kongen: Den hemmelighet kongen ønsker å få vite, makter ingen vismenn, åndemanere, tegnsutleggere eller sannsigere å kunngjøre kongen;
၂၇ဒံယေလက၊ အရှင်မင်းကြီးမေးမြန်းတော်မူ သောအရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာ ဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဘော်ခြင်းငှါ မတတ်နိုင်ကြပါ။
28 men det er en Gud i himmelen, som åpenbarer hemmeligheter, og han har kunngjort kong Nebukadnesar hvad som skal skje i de siste dager. Dette var den drøm og de syner du hadde i ditt indre, mens du hvilte på ditt leie:
၂၈နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်း ကင်ဘုံမှာ ရှိတော်မူ၏။
29 Da du, konge, lå på ditt leie, steg det op hos dig tanker om hvad som skulde skje i fremtiden; og han som åpenbarer hemmeligheter, kunngjorde dig hvad som skal skje.
၂၉အရှင်မင်းကြီး၊ နောင်၌ ဖြစ်လတံ့သော အရာ တို့ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော် မူ၏။ နက်နဲသောအရာကို ဖွင့်ပြတော်မူသော ဘုရား သည် နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို ကိုယ်တော်အားပြတော်မူ၏။
30 Og for mig er denne hemmelighet blitt åpenbaret, ikke fordi jeg eier nogen visdom fremfor alle andre som lever, men forat uttydningen skulde kunngjøres kongen, og du skulde få ditt hjertes tanker å vite.
၃၀ဤနက်နဲသောအရာကိုကား၊ အခြားသော သတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ၍ ပညာရှိသော ကြောင့်၊ အကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် စိတ်နှလုံးတော်၏ အထင်ကို နားလည်မည်အကြောင်း၊ ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှါသာ ဘုရားသခင် ဖွင့်ပြတော် မူ၏။
31 Konge, du så i ditt syn et stort billede; det var et veldig billede, og dets glans var overmåte stor; det stod like foran dig, og det var forferdelig å skue.
၃၁အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော် မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါ နှင့် ပြည်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။
32 Billedets hode var av fint gull, brystet og armene av sølv, buken og lendene av kobber,
၃၂သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ်၏။
33 benene av jern og føttene dels av jern og dels av ler.
၃၃ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့် ဖမိုး သည် သံတပိုင်းသရွတ်တပိုင်းဖြစ်၏။
34 Mens du så på billedet, blev en sten revet løs, men ikke med hender, og den rammet billedet på føttene, som var av jern og ler, og knuste dem.
၃၄ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊
35 Da knustes på én gang både jernet, leret, kobberet, sølvet og gullet, og det blev som agner fra treskeplassene om sommeren, og vinden tok det så det ikke fantes spor efter det. Men stenen som rammet billedet, blev til et stort fjell, som fylte hele jorden.
၃၅သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့် ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။
36 Det var drømmen; og nu skal vi si kongen uttydningen.
၃၆ယခုတွင် အိပ်မက်တော်၏အနက်ကို ဘော်ပြ၍ နားတော်လျှောက်ပါမည်။
37 Konge, du kongenes konge, som himmelens Gud har gitt riket og makten og styrken og æren -
၃၇အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင် သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ။
38 overalt hvor menneskenes barn, markens dyr og himmelens fugler har sine bosteder, har han gitt dem i din hånd og gjort dig til herre over dem alle - du er hodet av gull.
၃၈လူနေရာ ရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ် ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦး ခေါင်းဖြစ်တော်မူ၏။
39 Men efter dig skal det opkomme et annet rike, ringere enn ditt, og så ennu et tredje rike, som er av kobber, og som skal herske over all jorden,
၃၉ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့် မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင် လိမ့်မည်။
40 og derefter et fjerde rike, som skal være sterkt som jernet; eftersom jernet knuser og sønderslår alt, skal det som det sønderknusende jern sønderslå og sønderknuse alle hine riker.
၄၀စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံ ဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်း ကို ပြုလိမ့်မည်။
41 Og at føttene og tærne som du så, dels var av pottemakerler og dels av jern, det betyr at det skal være et delt rike, og at det skal være noget av jernets styrke i det, eftersom du så jernet blandet med leret.
၄၁ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ် တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော် လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်ဖြစ်၍၊ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။
42 Og at tærne på føttene dels var av jern og dels av ler, det betyr at riket for en del skal være sterkt og for en del skrøpelig,
၄၂ခြေချောင်းတို့သည် သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်၎င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်။
43 og at jernet som du så, var blandet med ler, det betyr at de skal blande sig med hverandre ved giftermål, men at de allikevel ikke i lengden skal holde sammen, likesom jernet ikke blander sig med leret.
၄၃ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်။ သို့သော် လည်း၊ သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဘော်၍ မသင့်နိုင်ကြ။
44 Og i disse kongers dager vil himmelens Gud oprette et rike, som i all evighet ikke skal ødelegges, og dette rike skal ikke overlates til noget annet folk; det skal knuse og gjøre ende på alle hine riker, men selv skal det stå fast evindelig;
၄၄လက်နှင့်မထုမလုပ်ဘဲ ကျောက်တလုံးသည် တောင်ပေါ်ကအလို လိုပဲ့ကွာ၍၊
45 for du så jo at en sten blev revet løs fra fjellet, men ikke med hender, og knuste jernet, kobberet, leret, sølvet og gullet. Den store Gud har kunngjort kongen hvad som skal skje i fremtiden, og fast står drømmen, og troverdig er dens uttydning.
၄၅သံကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နီုင်သော နိုင်ငံတခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံ ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောက်၌ ဖြစ်လတံ့သောအရာတို့ကို ကြီးမြတ်တော် မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြော တော်မူ၏။ အိပ်မက်တော်ရွေ့လျော့ခြင်းမရှိ။ အနက် သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။
46 Da falt kong Nebukadnesar på sitt ansikt og tilbad Daniel, og han bød at de skulde ofre ham matoffer og røkelse.
၄၆ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သက္ကာပြုခြင်းငှါ၎င်း၊ နံ့သာမျိုးကို မီးရှို့၍ ဆပ်ကပ်ခြင်းငှါ၎င်း စီရင် တော်မူလျက်၊
47 Og kongen tok til orde og sa til Daniel: I sannhet, eders Gud er gudenes Gud og kongenes herre og en som åpenbarer hemmeligheter, siden du har kunnet åpenbare denne hemmelighet.
၄၇ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရား သခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏ အရှင်၊ နက်နဲသော အရာကိုဖွင့်ပြတော်မူသော သခင်ဖြစ် တော်မူ၏ဟု မိန့်တော်မူ၍၊
48 Derefter gjorde kongen Daniel til en stor mann, og han gav ham mange store gaver og satte ham til herre over hele landskapet Babel og til øverste forstander for alle Babels vismenn.
၄၈ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလပ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ၌၎င်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌၎င်း ခန့်ထားတော်မူ၏။
49 Og på Daniels bønn satte kongen Sadrak, Mesak og Abed-Nego til å styre landskapet Babel; men Daniel selv blev ved kongens hoff.
၄၉ထိုအခါ ဒံယေလသည် သံတော်ဦးတင်သော ကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေ ဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော် မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။

< Daniel 2 >