< 1 Samuels 4 >
1 Og Samuels ord kom til hele Israel, og Israel drog ut for å stride mot filistrene; de leiret sig ved Eben-Eser, og filistrene leiret sig i Afek.
၁ထိုအခါကာလ၌ဣသရေလအမျိုးသား တို့သည် ဖိလိတ္တိအမျိုးသားတို့နှင့်စစ်တိုက်ရန် ချီတက်ကြ၏။ ဣသရေလအမျိုးသားတို့ ကဧဗနေဇာမြို့တွင်လည်းကောင်း၊ ဖိလိတ္တိ အမျိုးသားတို့ကအာဖက်မြို့တွင်လည်း ကောင်းတပ်စခန်းချထားကြ၏။-
2 Og filistrene stilte sig i fylking mot Israel, og striden bredte sig ut, og Israel blev slått av filistrene; og filistrene felte på slagmarken omkring fire tusen mann.
၂ဖိလိတ္တိအမျိုးသားတို့ကချီတက်တိုက်ခိုက် ရာ ဣသရေလအမျိုးသားတို့အရေးရှုံးနိမ့် ၍ လူပေါင်းလေးထောင်မျှစစ်မြေပြင်တွင် ကျဆုံးကြ၏။-
3 Og da folket kom til leiren, sa Israels eldste: Hvorfor har Herren idag latt oss bli slått av filistrene? La oss hente Herrens pakts-ark til oss fra Silo, så den kan komme hit iblandt oss og frelse oss av våre fienders hånd.
၃မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။-
4 Så sendte folket bud til Silo, og de hentet derfra Herrens, hærskarenes Guds pakts-ark, hans som troner på kjerubene; og begge Elis sønner, Hofni og Pinehas, var med og fulgte Guds pakts-ark.
၄ထို့ကြောင့်သူတို့သည်ရှိလောမြို့သို့စေတမန် များကိုလွှတ်၍ ခေရုဗိမ်အထက်စံတော်မူ သောအနန္တတန်ခိုးရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုယူဆောင်လာစေ ၏။ ဧလိ၏သားများဖြစ်ကြသောဟောဖနိ နှင့်ဖိနဟတ်တို့သည် ပဋိညာဉ်သေတ္တာတော် နှင့်အတူလိုက်ပါလာကြ၏။
5 Med det samme Herrens pakts-ark kom til leiren, satte hele Israel i et stort fryderop, så jorden rystet.
၅ပဋိညာဉ်သေတ္တာတော်ရောက်ရှိသောအခါ ဣသရေလအမျိုးသားတို့သည်ဝမ်းမြောက် သဖြင့် မြေကြီးပဲ့တင်ထပ်မျှကျယ်စွာ ကြွေးကြော်ကြကုန်၏။-
6 Og da filistrene hørte lyden av fryderopet, sa de: Hvad er dette for et stort fryderop i hebreernes leir? Og de fikk vite at Herrens ark var kommet til leiren.
၆ထိုကြွေးကြော်သံကိုဖိလိတ္တိအမျိုးသား တို့ကြားလျှင်``ဟေဗြဲတပ်စခန်းမှဟစ်အော် သံကိုနားထောင်ကြလော့။ ထိုအော်သံကား အဘယ်သို့နည်း'' ဟုဆိုကြ၏။ သူတို့သည် ဟေဗြဲတပ်စခန်းသို့ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရောက်ရှိလာသည့် အကြောင်းကိုကြားသိကြသောအခါ၊-
7 Da blev filistrene redde; for de tenkte: Gud er kommet til leiren. Og de sa: Ve oss! Sådant har ikke hendt før.
၇ကြောက်လန့်ကြလျက်``ထိုသူတို့တပ်စခန်း သို့ ထာဝရဘုရားကြွလာတော်မူလေပြီ။ ငါတို့အကျိုးနည်းကြပေတော့အံ့။ ယခင် ကဤသို့တစ်ခါမျှမဖြစ်စဖူး။-
8 Ve oss! Hvem skal fri oss av disse veldige guders hånd? Dette er de guder som slo Egypten med alle slags plager i ørkenen.
၈ထိုတန်ခိုးကြီးသောဘုရားများ၏လက်မှ ငါတို့အားအဘယ်သူကယ်နိုင်ပါမည်နည်း။ ထိုဘုရားများကားအီဂျစ်အမျိုးသားတို့ အား တောကန္တာရတွင်သုတ်သင်သတ်ဖြတ် သောဘုရားများဖြစ်၏။-
9 Ta mot til eder og vær menn, I filistrer, forat I ikke skal komme til å træle for hebreerne, likesom de har trælet for eder! Vær menn og strid!
၉ဖိလိတ္တိအမျိုးသားတို့အားခဲကြလော့။ ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့။ သို့မဟုတ်ပါမူဟေ ဗြဲအမျိုးသားတို့သည် ငါတို့ထံတွင်ကျွန်ခံခဲ့ ရဖူးသည့်နည်းတူငါတို့သည် သူတို့ထံတွင် ကျွန်ခံရကြလိမ့်မည်။ သို့ဖြစ်၍ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့'' ဟုဆိုကြ၏။
10 Da gikk filistrene til strid, og Israel blev slått, og de flyktet hver til sitt telt, og der blev et meget stort mannefall - det falt tretti tusen mann av Israels fotfolk.
၁၀ဖိလိတ္တိအမျိုးသားတို့သည် အပြင်းအထန် တိုက်ခိုက်သဖြင့် ဣသရေလအမျိုးသားတို့ သည် အရေးရှုံးနိမ့်၍မိမိတို့နေရပ်သို့ထွက် ပြေးကြကုန်၏။ ထိုတိုက်ပွဲသည်လူသတ်ပွဲ ဖြစ်လျက် ဣသရေလတပ်သားပေါင်းသုံး သောင်းမျှကျဆုံးသတည်း။-
11 Og Guds ark blev tatt, og begge Elis sønner, Hofni og Pinehas, mistet livet.
၁၁ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ရန်သူတို့လက်သို့ကျရောက်သွား၏။ ဧလိ ၏သားဟောဖနိနှင့်ဖိနဟတ်တို့နှစ်ယောက် စလုံးလည်းအသတ်ခံရကြ၏။
12 Da løp en mann av Benjamin fra slagmarken og kom samme dag til Silo med sønderrevne klær og med jord på sitt hode.
၁၂ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်သည် စစ်မြေ မှလမ်းတစ်လျှောက်လုံးပြေးလာ၏။ သူသည် ဝမ်းနည်းသောအထိမ်းအမှတ်ဖြင့်အဝတ် များကိုဆုတ်ဖြဲကာ ဦးခေါင်းပေါ်တွင်မြေ မှုန့်တင်လျက်ရှိလောမြို့သို့တစ်နေ့ချင်း ပင်ရောက်ရှိလာ၏။-
13 Da han kom frem, da satt Eli på sin stol ved siden av veien og så bortefter, for hans hjerte var fullt av angst for Guds ark. Da nu mannen kom til byen med buskapet, da satte hele byen i et jammerskrik.
၁၃ဧလိသည်ပဋိညာဉ်သေတ္တာတော်အတွက် လွန်စွာစိုးရိမ်ပူပန်သဖြင့် လမ်းနံဘေးရှိ မိမိ၏ထိုင်ခုံပေါ်တွင်ထိုင်ကာအကြောင် သားငေး၍နေ၏။ ပြေးလာသောသူသည်စစ် ရှုံးသည့်သတင်းကို မြို့ထဲတွင်ပြောကြား လိုက်ရာလူအပေါင်းတို့သည်ထိတ်လန့် လျက်ဟစ်အော်ကြကုန်၏။-
14 Eli hørte skriket og sa: Hvad er dette for en larm? Da skyndte mannen sig og kom og fortalte det til Eli.
၁၄ဧလိသည်ထိုအော်ဟစ်သံကိုကြားသော်``ဤ အသံကားအသို့နည်း'' ဟုမေး၏။ ထိုသူသည် လည်းဧလိထံသို့အမြန်လာရောက်ပြီးလျှင် အကျိုးအကြောင်းကိုလျှောက်ထား၏။-
15 Eli var da åtte og nitti år gammel, og hans øine var stive - han kunde ikke se.
၁၅(ဧလိကားယခုအခါအသက်ကိုးဆယ် ရှစ်နှစ်ရှိ၍ မျက်စိကွယ်ခါနီးပြီ။-)
16 Da nu mannen sa til Eli: Det er jeg som er kommet fra slagmarken, jeg flyktet fra slagmarken idag, så spurte han: Hvorledes er det gått, min sønn?
၁၆ထိုလူက``အကျွန်ုပ်သည်ယနေ့ပင်စစ်မြေ ပြင်မှလွတ်မြောက်ကာ လမ်းတစ်လျှောက်လုံး အပြေးလာခဲ့ပါ၏'' ဟုလျှောက်၏။ ဧလိက``ငါ့သား၊ အရေးအခင်းကားမည် သို့နည်း'' ဟုမေး၏။-
17 Den som kom med buskapet, svarte: Israel er flyktet for filistrene, og det har vært et stort mannefall blandt folket; dine to sønner, Hofni og Pinehas, har og mistet livet, og Guds ark er tatt.
၁၇သတင်းယူဆောင်လာသူက``ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိအမျိုးသားတို့ ရှေ့တွင်တပ်လန်၍ထွက်ပြေးကြပါ၏။ ဤ စစ်ပွဲတွင်အကျွန်ုပ်တို့သည် အကြီးအကျယ် အရေးရှုံးနိမ့်ကြပါသည်တကား။ ထို့အပြင် အရှင်၏သားဟောဖနိနှင့်ဖိနဟတ်တို့သည် အသတ်ခံရပါ၏။ ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်သည်လည်း ရန်သူများ၏ လက်သို့ကျရောက်သွားပါ၏'' ဟုလျှောက်၏။
18 Med det samme han nevnte Guds ark, falt Eli baklengs ned av stolen ved siden av porten, brakk nakkebenet og døde; for mannen var gammel og tung. Han hadde dømt Israel i firti år.
၁၈ဧလိသည်ပဋိညာဉ်သေတ္တာတော်အကြောင်းကို ကြားသောအခါ တံခါးအနီးရှိထိုင်ခုံပေါ်မှ နောက်ပြန်လဲကျသွားတော့၏။ သူသည်လွန်စွာ အိုမင်း၍ဝလွန်းသောကြောင့် ယင်းသို့လဲကျရာ ၌လည်ကုတ်ကျိုး၍သေလေ၏။ သူသည်အနှစ် လေးဆယ်တိုင်တိုင်ဣသရေလအမျိုးသား တို့အား ဦးစီးခေါင်းဆောင်လုပ်ခဲ့သူဖြစ် သတည်း။
19 Hans sønnekone, Pinehas' hustru, var fruktsommelig og nær ved å føde, og da hun hørte buskapet om at Guds ark var tatt, og at hennes svigerfar og hennes mann var død, seg hun i kne og fødte; for veene kom brått over henne.
၁၉ဧလိ၏ချွေးမ၊ ဖိနဟတ်၏ဇနီးသည် ကိုယ် ဝန်အရင့်အမာရှိ၍မွေးဖွားချိန်ပင်နီး ကပ်၍နေလေပြီ။ သူသည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော် ရန်သူတို့လက်သို့ ကျရောက်သွားသည့်အကြောင်းကိုလည်းကောင်း၊ မိမိ၏ယောက္ခမနှင့်ခင်ပွန်းတို့ကွယ်လွန်သွား ကြသည့်အကြောင်းကိုလည်းကောင်း ကြားရ သောအခါရုတ်တရက်သားဖွားခြင်းဝေဒနာ ခံရ၍ကလေးမျက်နှာမြင်လေ၏။-
20 I hennes dødsstund sa de kvinner som stod hos henne: Vær ved godt mot; du har født en sønn! Men hun svarte ikke og aktet ikke derpå.
၂၀သူသည်သေအံ့ဆဲဆဲအချိန်၌အနီးရှိ အမျိုးသမီးများက``အားခဲ၍ထားပါ။ သင်သည်သားယောကျာ်းကလေးကိုဖွားမြင် လေပြီ'' ဟုဆိုကြ၏။ သို့ရာတွင်သူသည် ဂရုမစိုက်၊ စကားပြန်မပြောဘဲနေ၏။-
21 Hun kalte gutten Ikabod og sa: Bortveket er herligheten fra Israel - fordi Guds ark var tatt, og for hennes svigerfars og hennes manns skyld.
၂၁ထိုနောက်ပဋိညာဉ်သေတ္တာတော်ရန်သူတို့ လက်သို့ကျရောက်သွားသည်ကိုလည်းကောင်း၊ ယောက္ခမနှင့်ခင်ပွန်းကွယ်လွန်ကြသည်ကို လည်းကောင်းအကြောင်းပြု၍``ဣသရေလ အမျိုးသားတို့ဘုန်းအသရေကွယ်ပျောက် လေပြီ'' ဟုဆိုလျက် ထိုသားကိုဣခဗုဒ် ဟူ၍နာမည်မှည့်လေ၏။-
22 Hun sa: Bortveket er herligheten fra Israel; for Guds ark er tatt.
၂၂ထိုနောက်သူက``ရန်သူတို့လက်သို့ပဋိညာဉ် သေတ္တာတော်ရောက်ရှိသွားသောကြောင့် ဣသ ရေလအမျိုးသားတို့၏ဘုန်းအသရေ ကွယ်ပျောက်လေပြီ'' ဟုဆိုပြန်၏။