< 1 Samuels 14 >

1 Så hendte det en dag at Jonatan, Sauls sønn, sa til svennen som bar hans våben: Kom, la oss gå over til filistrenes forpost der borte på den andre side! Men han sa ikke noget om det til sin far.
တနေ့သ၌ရှောလု ၏ သား ယောနသန် သည် ခမည်းတော် ထံ၌ အခွင့် မ ပန်ဘဲ၊ လက်နက် ဆောင် လုလင် ကို ခေါ်၍၊ တစ်ဘက် ၌ နေသော ဖိလိတ္တိ တပ် သို့ သွား ကြကုန်အံ့ဟု ဆို လေ၏။
2 Saul lå dengang i utkanten av Gibea under granatepletreet ved Migron, og krigsfolket som han hadde hos sig, var omkring seks hundre mann;
ရှောလု သည် ဂိဗာ မြို့စွန်း ၊ မိဂြုန် ရွာ၊ ရိမ္မုန် ကျောက်ဆောင်နားမှာ နေ ၍ ၊ အထံတော်၌ လူ ခြောက် ရာ ခန့် မျှရှိ၏။
3 der var også Akia, sønn til Akitub, som var bror til Ikabod, sønn av Pinehas, sønn av Eli, Herrens prest i Silo; han bar dengang livkjortelen. Men folket visste ikke at Jonatan var gått bort.
သင်တိုင်း ဝတ် ၍ ရှိလော မြို့၌ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်ဖြစ်သောသူ ဧလိ နှင့်ဖိနဟတ် တို့ မှ ဆင်းသက်သော ဣခဗုဒ် ၏အစ်ကို အဟိတုပ် ၏သား အဟိယ လည်း ရှိ၏။ ယောနသန် သွား ကြောင်း ကို လူ များ မ သိ ကြ။
4 Mellem skarene som Jonatan søkte å komme frem igjennem for å nå til filistrenes forpost, var det en bratt klippe på hver side; den ene hette Boses og den andre Sene.
ယောနသန် သည် ဖိလိတ္တိ တပ် သို့ သွား စမ်းသော လမ်း ကြား မှာ၊ တစ်ဘက်တချက် ၌ ကျောက် ငူ ရှိ၏။ ကျောက် ငူ တခု သည် ဗောဇက် ၊ တခု သည် သေနေ အမည် ရှိ၏။
5 Den ene klippe reiser sig bratt i nord midt imot Mikmas, den andre i syd midt imot Geba.
တခု ကား မြောက် ဘက်၌ မိတ်မတ် မြို့သို့ ၎င်း ၊ တခု ကား တောင် ဘက်၌ ဂိဗာ မြို့သို့ ၎င်း မျက်နှာပြု သတည်း။
6 Så sa Jonatan til svennen som bar hans våben: Kom, la oss gå over til disse uomskårnes forpost! Kanskje Herren gjør noget for oss; for intet hindrer Herren fra å frelse, enten det er ved mange eller ved få.
ယောနသန် က၊ အရေဖျားလှီးခြင်းကိုမခံ သော ထိုတပ်သား တို့ဆီ သို့ သွား ကြကုန်အံ့။ ထာဝရဘုရား သည် ငါ တို့အမှုကို စောင့် ကောင်း စောင့်တော်မူလိမ့်မည်။ လူများ သော်၎င်း၊ နည်း သော်၎င်း၊ ထာဝရဘုရား ကယ်တင် တော်မူခြင်းကို အဆီးအတား မ ရှိနိုင်ဟု လက်နက် ဆောင် လုလင် အား ပြောဆို လျှင်၊
7 Hans våbensvenn svarte ham: Gjør alt hvad du har i sinne! Gå du bare! Jeg skal følge dig hvor du vil.
လုလင်က၊ စိတ် တော်ရှိသည်အတိုင်း ပြု ပါ။ လှည့် သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော် လိုက် ပါမည်ဟု ပြန်ပြော သော်၊
8 Da sa Jonatan: Nu går vi over til mennene der, og de vil få se oss.
ယောနသန် က၊ ထိုလူ တို့ဆီ သို့ သွား ၍ ကိုယ်ကို ပြ ကြကုန်အံ့။
9 Hvis de da sier til oss: Stå stille til vi kommer bort til eder! - så blir vi stående hvor vi er, og går ikke op til dem.
သူတို့ကနေ ကြ။ ငါ တို့လာ မည်ဟုဆို လျှင် သူ တို့ဆီ သို့မ သွား ဘဲ နေ ကြမည်။
10 Men hvis de sier: Kom op til oss! - så går vi op; for da har Herren gitt dem i vår hånd. Dette skal vi ha til tegn.
၁၀သို့မဟုတ် ၊ လာ ကြဟုဆို လျှင် သွား ကြမည်။ ထာဝရဘုရား သည် သူ တို့ကို ငါ တို့လက် သို့ အပ် တော်မူ ၏။ ထိုသို့ သော ပုပ္ပ နိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
11 Da de nu begge var kommet så langt at de kunde sees fra filistrenes forposter, sa filistrene: Se, der kommer hebreerne ut fra hulene som de har skjult sig i.
၁၁နှစ် ယောက်တို့သည် ဖိလိတ္တိ တပ်သား တို့အား ကိုယ်ကိုပြ သောအခါ ၊ ဖိလိတ္တိ လူတို့က၊ ဟေဗြဲ လူတို့ သည် ပုန်းရှောင် ရာတွင်း ထဲက ထွက် လာပါသည်တကား ဟုဆို လျက်၊
12 Og mennene på forposten ropte til Jonatan og hans våbensvenn og sa: Kom op til oss, så skal vi si eder noget! Da sa Jonatan til sin våbensvenn: Stig op efter mig, for Herren har gitt dem i Israels hånd.
၁၂တပ်သား တို့က၊ လာ ကြ။ တစုံတခုကို ပြ မည်ဟု ယောနသန် နှင့် လက်နက် ဆောင် လုလင်အားဆို လျှင် ၊ ယောနသန်က၊ ငါ့ နောက် သို့ လိုက် လော့။ ထာဝရဘုရား သည် သူ တို့ကို ဣသရေလ လူတို့ လက် သို့ အပ် တော်မူပြီဟု လုလင်အား ဆိုသဖြင့်၊
13 Så kløv Jonatan op på hender og føtter, og hans våbensvenn efter ham; og de falt for Jonatan, og hans våbensvenn gikk efter ham og slo dem ihjel.
၁၃လေးဘက်တွားလျက် တက် ၍၊ လုလင်လည်းလိုက်၏။ ယောနသန် ရှေ့ မှာ ဖိလိတ္တိလူတို့သည် လဲ ၍ လုလင်သည် သူ့သခင့် နောက် မှာ လုပ်ကြံ လေ၏။
14 Ved det første angrep Jonatan og hans våbensvenn gjorde, falt omkring tyve mann på en strekning som halvparten av den mark som kan pløies på en dag.
၁၄ယောနသန် နှင့် လုလင်ပြုသော ပဌမ လုပ်ကြံ ခြင်းအားဖြင့်နွားတရှဉ်း ထွန်နိုင်သော မြေကွက် အတွင်း တွင် လူ နှစ် ဆယ်ခန့် မျှ သေကြ၏။
15 Da blev det redsel i leiren, på marken omkring og blandt alt folket; også forposten og herjeflokken blev grepet av redsel. Jorden skalv, og det kom en redsel fra Gud.
၁၅စစ် သူရဲများ၊ လယ် လုပ်သူများ၊ အခြားသူများအပေါင်း တို့သည် တပ်သား များ၊ လုယူ သောသူများနှင့်တကွ တုန်လှုပ် ကြ၍၊ မြေကြီး လည်း လှုပ် သဖြင့် ၊ အလွန်ကြီးသော တုန်လှုပ် ခြင်းရှိ ၏။
16 Og da Sauls vakter i Gibea i Benjamin fikk se at hopen opløste sig, og at de holdt på å støte og trenge hverandre,
၁၆ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့၌ ရှောလု ၏ ကင်းစောင့် တို့သည် ကြည့်ရှု သောအခါ ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့ ၍ တယောက်ကိုတယောက်ထိုးရိုက်လျက်သွား ကြ၏။
17 sa Saul til de folk han hadde hos sig: Tell efter og se hvem som er gått fra oss! Så tellet de efter, og det viste sig at Jonatan og hans våbensvenn ikke var der.
၁၇ရှောလု ကလည်း ၊ အဘယ်သူ ထွက်သွား သည်ကို သိ ခြင်းငှါလူ များကို ရေတွက် ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက် ၍၊ ယောနသန် နှင့် သူ ၏လက်နက် ဆောင် လုလင် မ ရှိ။
18 Da sa Saul til Akia: Kom hit med Guds ark! Guds ark var på den tid der blandt Israels barn.
၁၈ထို ကာလ အခါ ဘုရား သခင်၏ သေတ္တာ တော်သည် ဣသရေလ အမျိုးသား တို့၌ ရှိ သည်ဖြစ်၍ ၊ ရှောလု က၊ ဘုရား သခင်၏ သေတ္တာ တော်ကိုယူ ခဲ့ပါဟု အဟိယ အား ဆို ၏။
19 Men mens Saul talte med presten, blev bulderet i filistrenes leir større og større; da sa Saul til presten: La det være!
၁၉ရှောလု သည် ယဇ်ပုရောဟိတ် နှင့် စကားပြော စဉ် တွင်၊ ဖိလိတ္တိ တပ် ၌ အုတ်အုတ် ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလု က နေဦးတော့ဟု ယဇ်ပုရောဟိတ် အား ဆို သဖြင့်၊
20 Og Saul og alt folket som han hadde hos sig, samlet sig, og da de kom dit hvor striden stod, fikk de se at den ene hadde løftet sverdet mot den andre, og alt var i ett røre.
၂၀မိမိ နှင့် လူ အပေါင်း တို့သည် တယောက်ကိုတယောက်နှိုးဆော် လျက် စစ် ချီ၍ ရောက် သောအခါ ၊ ဖိလိတ္တိလူတို့သည် တယောက် ကိုတယောက်ခုတ်သဖြင့် အလွန် တပ်ပျက် လေ၏။
21 Også de hebreere som nu likesom før var med filistrene, og som hadde draget op med dem og var rundt omkring i deres leir, slo sig sammen med de israelitter som var med Saul og Jonatan.
၂၁အထက် ကာလ၌ ဖိလိတ္တိ လူတို့ဘက် မှာနေ ၍ အရပ်ရပ် တို့က တပ် သို့ လိုက် လာသော ဟေဗြဲ လူတို့ သည်လည်း ရှောလု နှင့် ယောနသန် ၌ ပါသော ဣသရေလ လူတို့ဘက်သို့ ဝင်ကြ၏။
22 Og da de israelitter som hadde skjult sig i Efra'im-fjellene, hørte at filistrene flyktet, satte også de alle efter dem og stred mot dem.
၂၂ဧဖရိမ် တောင် ၌ ပုန်းရှောင် ၍ နေသောဣသရေလ လူ အပေါင်း တို့သည်လည်း၊ ဖိလိတ္တိ လူ ပြေး ကြောင်း ကို ကြား သောအခါ စစ် ချီ၍ ကျပ်ကျပ်လိုက် ကြ၏။
23 Således hjalp Herren Israel den dag, og striden drog sig bortover forbi Bet-Aven.
၂၃ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ထို နေ့၌ ကယ်တင် တော်မူသဖြင့် ၊ စစ်မှု သည် ဗေသဝင် မြို့သို့ လွန် သွားလေ၏။
24 Mens nu Israels menn var hårdt anstrengt den dag, lot Saul folket sverge og sa: Forbannet være den mann som nyter nogen mat innen aften, før jeg får hevnet mig på mine fiender! Og det var ingen av folket som smakte mat.
၂၄ထို နေ့၌ ဣသရေလ လူ တို့သည် ဆင်းရဲ ခံရကြ၏။ အကြောင်းမူကား၊ ရှောလု က၊ ငါသည် ငါ့ ရန်သူ တို့၌ ငါ့စိတ် ပြေမည်အကြောင်း၊ ညဦး ချိန်မ ရောက်မှီ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟုလူ တို့ အား အကျိန် ပေးသောကြောင့် အဘယ်သူ မျှအစာ မ စား ရ။
25 Så kom alt folket inn i skogen; der var det honning på marken,
၂၅လူအပေါင်း တို့သည် မြေ ပေါ် ၌ ပျားရည် ရှိ ရာတော သို့ ရောက် သဖြင့်၊
26 og med det samme folket kom inn i skogen, fikk de se en hel strøm av honning; men ingen av folket førte sin hånd til munnen av frykt for eden.
၂၆တော ထဲသို့ ဝင် သောအခါ ပျားရည် စက်စက် ကျလျက်ရှိသော်လည်း ၊ အကျိန် တော်ကို ကြောက် သောကြောင့် ၊ အဘယ်သူမျှမိမိ လက် ကို မိမိ ပါးစပ် ၌ မ ထည့်။
27 Men Jonatan hadde ikke hørt på at hans far lot folket sverge; han rakte ut staven han hadde i hånden, og dyppet enden av den i honningen og førte så hånden til munnen igjen; da blev hans øine klare.
၂၇သို့ရာတွင် ခမည်းတော် သည် လူ များတို့အား အကျိန် ပေးသည်ကို ယောနသန် မ ကြား သောကြောင့် ၊ မိမိ ကိုင် သော လှံတံ ဖျား ကို ပျား လပို့၌ နှစ် ၍ မိမိ လက် နှင့် ယူစားသဖြင့် မျက်စိ ကြည်လင် လေ၏။
28 Da tok en mann av folket til orde og sa: Din far har latt folket sverge og sagt: Forbannet være den mann som nyter mat idag! Og således er folket blitt utmattet.
၂၈ခမည်းတော် က၊ ယနေ့ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟု လူ များတို့အား ကျပ်ကျပ်အကျိန် ပေးတော်မူပြီဟု လူ တယောက်ကြား လျှောက်၏။ လူ တို့သည်လည်း မော လျက်နေကြ၏။
29 Jonatan svarte: Min far har ført ulykke over landet; se bare hvor klare mine øine er blitt fordi jeg har smakt litt av denne honning;
၂၉ယောနသန် ကလည်း ၊ ငါ့ အဘ သည် ပြည်သား တို့ကို နှောင့်ရှက် လေပြီ။ ဤ ပျားရည် အနည်းငယ် ကို ငါစား သောကြောင့် ငါ့ မျက်စိ ကြည်လင် သည်ကို ကြည့် ပါတော့။
30 hvor meget større vilde ikke mannefallet blandt filistrene være blitt dersom folket idag hadde fått ete av det hærfang de har tatt fra sine fiender!
၃၀လူ များတို့သည် ယနေ့ တွေ့ မိသော ရန်သူ ၏ ဥစ္စာ ကို စား ချင်တိုင်းစားလျှင် ၊ အဘယ်မျှ လောက်အကျိုးကြီးလိမ့်မည်တကား။ ဖိလိတ္တိ လူတို့ကို သာ၍ လုပ်ကြံ ကြလိမ့်မည်တကားဟု ဆို လေ၏။
31 Den dag slo de filistrene og forfulgte dem fra Mikmas til Ajalon, og folket blev meget utmattet
၃၁ထို နေ့၌ ဖိလိတ္တိ လူတို့ကို မိတ်မတ် မြို့မှ အာဇလုန် မြို့တိုင်အောင် လုပ်ကြံ ကြ၏။ ဣသရေလလူ တို့ သည် အလွန် ပင်ပန်း သဖြင့်၊
32 og tok straks fatt på hærfanget; de tok småfe og storfe og kalver og slaktet dem på marken og åt kjøttet med blodet i.
၃၂ရန်သူ၏ ဥစ္စာ ကို လုယူ ၍၊ သိုး ၊ နွား ၊ နွား သငယ်တို့ကို မြေ ပေါ် မှာ သတ် ပြီးလျှင် အသွေး နှင့်တကွ စား ကြ၏။
33 Så kom det nogen og fortalte Saul det og sa: Folket synder mot Herren og eter kjøtt med blodet i. Han sa: I har båret eder troløst at; velt nu en stor sten hit til mig!
၃၃ထိုသို့ လူ များတို့သည် အသွေး နှင့်တကွ စား ၍ ထာဝရဘုရား ကို ပြစ်မှား သည်ဟု ရှောလု အား ကြား လျှောက်လျှင် ၊ သင်တို့သည် သစ္စာ ပျက်ကြပြီ။ ကြီးစွာ သော ကျောက် ကို ငါ့ ထံသို့ ယနေ့ လှိမ့် ခဲ့။
34 Så sa Saul: Gå omkring blandt folket og si til dem at hver av dem skal komme hit til mig med sin okse og sitt lam og slakte dem her og så ete, forat de ikke skal synde mot Herren og ete kjøttet med blodet i. Da førte hver mann av folket med egen hånd sin okse frem om natten og slaktet dem der.
၃၄လူ များတို့တွင် အရပ်ရပ် သွား၍ လူအသီးအသီးမိမိ တို့ သိုး နွား ကို ဤအရပ်သို့ ယူ ခဲ့ပြီးလျှင် ၊ ဤ အရပ်၌ သတ် စား ကြစေ။ အသွေး နှင့်တကွ စား ၍ ထာဝရဘုရား ကို မ ပြစ်မှား စေနှင့်ဟု မိန့် တော်မူ သည်အတိုင်း ၊ လူ များတို့သည် အသီးအသီး မိမိ တို့ သိုးနွား ကို ထိုညဉ့် ၌ ယူ ခဲ့၍ ထို အရပ်၌ သတ် ကြ၏။
35 Og Saul bygget et alter for Herren; det var det første alter han bygget for Herren.
၃၅ရှောလု သည်လည်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။ ထိုပလ္လင်ကား ထာဝရဘုရား အဘို့ တည် သော ပဌမ ပလ္လင် ဖြစ်သတည်း။
36 Derefter sa Saul: La oss inatt dra nedover og sette efter filistrene og plyndre blandt dem til morgenen lyser frem, og ikke la en eneste mann blandt dem bli i live. De svarte: Gjør aldeles som du synes! Da sa presten: La oss trede hit frem for Gud!
၃၆တဖန် ရှောလု က၊ ညဉ့် အခါ ငါတို့သည် ဖိလိတ္တိ လူတို့ကို လိုက်၍ တယောက်ကိုမျှ မ ကျန်ကြွင်း စေဘဲ၊ မိုဃ်းလင်းသည်တိုင်အောင် ဖျက်ဆီး ကြကုန်အံ့ဟု စီရင်၍၊ လူများတို့က စိတ်တော်ရှိသည် အတိုင်း ပြု တော်မူပါဟု ဝန်ခံ ကြသော်၊ ယဇ်ပုရောဟိတ် က၊ ဘုရား သခင့်အထံ တော်သို့ ချဉ်းကပ် ကြကုန်အံ့ဟု ဆို လေ၏။
37 Så spurte Saul Gud: Skal jeg dra nedover og sette efter filistrene? Vil du gi dem i Israels hånd? Men han svarte ham ikke den dag.
၃၇ရှောလု ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ကို လိုက် ရပါမည်လော။ သူ တို့ကို ဣသရေလ လူတို့လက် သို့ အပ် တော်မူမည်လော ဟု ဘုရား သခင့်ထံ အခွင့် ပန်သော်လည်း ၊ ထို နေ့တွင် ပြန် တော်မ မူ။
38 Da sa Saul: Tred hit alle høvdinger blandt folket, så I kan få vite og se hvorledes det har sig med den synd som er gjort idag!
၃၈ရှောလု ကလည်း ၊ လူ တို့တွင် အရာရှိ အပေါင်း တို့၊ ယနေ့ အဘယ်သူ ပြစ်မှား မိသည်ကို သိ မြင် အံ့သောငှါချဉ်း ၍ လာကြလော့။
39 For så sant Herren lever, han som frelser Israel: Om så skylden er hos Jonatan, min sønn, skal han sannelig dø! Men ingen av hele folket svarte ham.
၃၉ဣသရေလ အမျိုးကို ကယ်တင် သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ ငါ့ သား ယောနသန် ဖြစ် သော်လည်း ၊ ဆက်ဆက်သေ ရမည်ဟုဆို သော်၊ အဘယ်သူ မျှပြန် ၍မ လျှောက်ဝံ့။
40 Så sa han til hele Israel: Stå I på den ene side, så skal jeg og Jonatan, min sønn, stå på den andre side. Folket svarte Saul: Gjør som du synes!
၄၀ရှောလုကလည်း၊ သင် တို့သည် တစ်ဘက် ၊ ငါ နှင့် ငါ့ သား ယောနသန် သည် တစ်ဘက် နေ ရကြမည်ဟု ဆို လျှင် ၊ လူ များတို့က စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါဟု လျှောက် ကြသော်၊
41 Da sa Saul til Herren, Israels Gud: La sannheten komme frem! Og loddet falt på Jonatan og Saul, men folket gikk fri.
၄၁ရှောလု က၊ ဖြောင့်မတ် စွာ စီရင်တော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း သဖြင့် ၊ လူ များတို့သည် လွတ် ကြ၍ ၊ ရှောလု နှင့် ယောနသန် ကို မှတ် တော်မူ၏။
42 Så sa Saul: Kast lodd mellem mig og Jonatan, min sønn! Og loddet falt på Jonatan.
၄၂ရှောလု ကလည်း ၊ ငါ နှင့် ငါ့ သား ယောနသန် အဘို့ စာရေးတံ ပြုလော့ဟု ဆို သဖြင့် ၊ ယောနသန် ကို မှတ် တော်မူ၏။
43 Da sa Saul til Jonatan: Si mig hvad du har gjort! Jonatan fortalte ham det og sa: Jeg tok litt honning på enden av staven jeg hadde i min hånd, og smakte på den; her står jeg, jeg må dø.
၄၃ရှောလု ကလည်း ၊ သင်ပြု သောအမှုကို ပြော လော့ဟု ယောနသန် အား ဆို လျှင် ၊ ယောနသန် က၊ အကျွန်ုပ် ကိုင်သော လှံ ဖျား နှင့် ပျားရည် အနည်းငယ် ကို ယူ၍ မြည်းစမ်း မိပါပြီ။ ထိုအမှုကြောင့်သာ သေ ရပါမည်ဟု ပြန်ပြော ၏။
44 Da sa Saul: Gud la det gå mig ille både nu og siden om du ikke nu skal dø, Jonatan!
၄၄ရှောလု ကလည်း ၊ ယောနသန် ၊ သင်သည် ဆက်ဆက်မသေ လျှင် ၊ ဘုရား သခင်သည် ထို မျှမကငါ၌ ပြု တော်မူပါစေသောဟု ဆို သော်လည်း၊
45 Men folket sa til Saul: Skulde Jonatan dø, han som har vunnet denne store seier i Israel? Langt derifra! Så sant Herren lever, skal det ikke falle et hår av hans hode til jorden; for med Guds hjelp har han gjort sin gjerning idag. Således fridde folket Jonatan fra døden.
၄၅လူ များတို့က၊ ဣသရေလ အမျိုး၌ ဤ ကယ်တင် ခြင်း ကျေးဇူးကို ပြု ပြီးသော ယောနသန် သည် သေ ရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း သူ ၏ ဆံခြည် တပင်မျှ မြေ ပေါ် မှာ မ ကျ ရ။ သူသည် ဘုရား သခင်နှင့်အတူ ယနေ့ ဝိုင်း၍ ပြု ပါပြီဟု ဆို သဖြင့် ၊ အသက် ချမ်းသာစေခြင်းငှါယောနသန် ကို ကယ်နှုတ် ကြ၏။
46 Men Saul holdt op med å forfølge filistrene og drog hjem, og filistrene drog tilbake til sitt land.
၄၆ထိုနောက် ရှောလု သည်ဖိလိတ္တိ လူတို့ကို မလိုက်။ သူတို့သည် နေရင်းအရပ် သို့ ပြန် သွားကြ၏။
47 Da Saul hadde tatt kongedømmet over Israel, førte han krig mot alle sine fiender rundt omkring: mot Moab og mot Ammons barn og mot Edom og mot kongene i Soba og mot filistrene, og overalt hvor han vendte sig hen, seiret han.
၄၇ထိုသို့ ရှောလု သည် ဣသရေလ အမျိုးကို စိုးစံ ၍ ပတ်ဝန်းကျင် ရန်သူ ၊ မောဘ ပြည်သား၊ အမ္မုန် ပြည်သား ၊ ဧဒုံ ပြည်သား၊ ဇောဘ မင်း များ၊ ဖိလိတ္တိ လူများတို့ကို စစ်တိုက်၍ စစ်ချီလေရာရာ ၌ သူတို့ကို အောင် လေ၏။
48 Og han vant sig makt og slo amalekittene og utfridde Israel av deres hånd som plyndret dem.
၄၈ဗိုလ်ခြေ များကို နှိုးဆော် ၍ အာမလက် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ဣသရေလ အမျိုးသားတို့ကို လုယက် ဖျက်ဆီးသောသူတို့ လက် မှ ကယ်နှုတ် လေ၏။
49 Sauls sønner var Jonatan og Jisvi og Malkisua, og av hans to døtre hette den førstefødte Merab og den yngste Mikal.
၄၉သား တော် ကားယောနသန် ၊ ဣရွှိ ၊ မေလခိရွှ တည်း။ သမီး တော်နှစ် ယောက်တွင် အကြီး ကားမေရပ်။ အငယ် ကား၊ မိခါလ တည်း။
50 Sauls hustru hette Akinoam; hun var datter til Akima'as. Hans hærfører hette Abner; han var sønn til Ner, som var farbror til Saul;
၅၀မြောက်သားတော်ကား အဟိမတ် ၏ သမီး အဟိနောင် တည်း။ ဗိုလ်ချုပ် မင်းကား၊ ဘထွေး တော် နေရ သား အာဗနာ တည်း။
51 for Kis, Sauls far, og Ner, Abners far, var sønner av Abiel.
၅၁ခမည်းတော် ကိရှ နှင့် အာဗနာ ၏ အဘ နေရ သည် အဗျေလ ၏ သား ဖြစ်၏။
52 Krigen mot filistrene var hård alle Sauls dager, og hvor Saul så en sterk og krigsdyktig mann, tok han ham i sin tjeneste.
၅၂ရှောလု လက်ထက် ကာလပတ်လုံး ၊ ဖိလိတ္တိ လူတို့ကို ကျပ်ကျပ်စစ်တိုက် ရကြ၏။ ခွန်အား ကြီးသောသူ၊ ရဲရင့် သောသူ တွေ့ သမျှ တို့ကို ရှောလု သည် ရွေးကောက် ခန့်ထားလေ့ရှိ၏။

< 1 Samuels 14 >