< 1 Kongebok 21 >

1 Nogen tid efter hendte det som nu skal fortelles: Jisre'elitten Nabot hadde en vingård i Jisre'el ved siden av et slott som tilhørte Akab, kongen i Samaria.
ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊-
2 Akab talte med Nabot og sa: Gi mig din vingård, så jeg kan ha den til kjøkkenhave! For den ligger tett ved mitt hus. Jeg vil gi dig en bedre vingård i stedet for den; eller om du så synes, vil jeg gi dig så meget i penger som den er verd.
အာ​ဟပ်​သည်​နာ​ဗုတ်​အား``သင်​၏​ဥ​ယျာဉ် ကို​ငါ​အ​လို​ရှိ​သည်။ ထို​ဥ​ယျာဉ်​သည်​ငါ့​နန်း တော်​အ​နီး​တွင်​ရှိ​သ​ဖြင့် ထို​မြေ​ကို​ယာ​ခင်း ပြု​လုပ်​လို​သည်။ သင့်​အား​ထို​ဥ​ယျာဉ်​ထက် ပို​၍​ကောင်း​သည့်​စ​ပျစ်​ဥ​ယျာဉ်​ကို​ငါ​ပေး မည်။ သို့​မ​ဟုတ်​သင်​အ​လို​ရှိ​လျှင်​သင့်​လျော် သော​အ​ဖိုး​ငွေ​ကို​ငါ​ပေး​မည်'' ဟု​ဆို​၏။
3 Men Nabot svarte: Herren la det være langt fra mig å gi dig min fedrene arv.
နာ​ဗုတ်​က``အ​ကျွန်ုပ်​သည်​ဤ​ဥ​ယျာဉ်​ကို ဘိုး​ဘေး​များ​ထံ​မှ​အ​မွေ​ရ​ရှိ​ထား​သ​ဖြင့် အ​ရှင့်​အား​ဆက်​သ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။-
4 Så gikk Akab hjem mismodig og harm for det svar jisre'elitten Nabot hadde gitt ham da han sa: Jeg vil ikke gi dig min fedrene arv. Og han la sig på sin seng og vendte ansiktet bort og vilde ikke ete.
အာ​ဟပ်​သည်​နာ​ဗုတ်​၏​စ​ကား​ကြောင့်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၏။ အ​မျက်​ထွက်​၍​နန်း​တော် သို့​ပြန်​တော်​မူ​၏။ သူ​သည်​နံ​ရံ​ဘက်​သို့​လှည့်​၍ အိပ်​ရာ​ပေါ်​တွင်​လှဲ​လျောင်း​ကာ​ပွဲ​တော်​မ​တည် ဘဲ​နေ​၏။-
5 Da kom hans hustru Jesabel inn til ham, og hun spurte ham: Hvorfor er du så mismodig og vil ikke ete?
သူ​၏​မိ​ဖု​ရား​ယေ​ဇ​ဗေ​လ​သည်​သူ့​ထံ​သို့ လာ​၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက်​နေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ပွဲ​တော်​မ​တည်​ဘဲ​နေ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​လေ​သည်။
6 Han svarte: Jeg talte med jisre'elitten Nabot og sa til ham: Gi mig din vingård for penger, eller om du ønsker, vil jeg gi dig en annen vingård i stedet. Men han sa: Jeg vil ikke gi dig min vingård.
မင်း​ကြီး​က``ငါ​သည်​နာ​ဗုတ်​အား​သူ​၏​ဥ​ယျာဉ် ကို​ရောင်း​ချ​ရန် အ​ကယ်​၍​သူ​အ​လို​ရှိ​ပါ​လျှင် အ​ခြား​ဥ​ယျာဉ်​နှင့်​လဲ​လှယ်​ရန်​ပြော​ဆို​သော် လည်း၊ နာ​ဗုတ်​က`ဤ​ဥ​ယျာဉ်​ကို​အ​ရှင့်​အား​မ ဆက်​သ​နိုင်​ပါ' ဟု​ဆို​ချေ​သည်။ ထို့​ကြောင့်​ငါ သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​နေ​သည်'' ဟု​မိန့် တော်​မူ​၏။
7 Da sa hans hustru Jesabel til ham: Du får nu vise at du er konge over Israel; stå op, et og vær vel til mote! Jeg skal sørge for at du får jisre'elitten Nabots vingård.
ယေ​ဇ​ဗေ​လ​က``အ​ရှင်​သည်​ဣ​သ​ရေ​လ​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​ပါ​လော။ အိပ်​ယာ​မှ​ထ​တော်​မူ ၍​ရွှင်​လန်း​စွာ​စား​တော်​ခေါ်​တော်​မူ​ပါ။ နာ​ဗုတ် ၏​ဥ​ယျာဉ်​ကို​အ​ရှင်​၏​လက်​တော်​သို့​ကျွန်​မ အပ်​ပါ​မည်'' ဟု​လျှောက်​၏။
8 Så skrev hun et brev i Akabs navn og satte segl på det med hans signetring; og hun sendte brevet til de eldste og fornemste i hans by, de som bodde sammen med Nabot.
ထို​နောက်​ယေ​ဇ​ဗေ​လ​သည်​စာ​များ​ကို​ရေး ပြီး​လျှင် အာ​ဟပ်​အ​မည်​ဖြင့်​လက်​မှတ်​ရေး​ထိုး ကာ ဘု​ရင့်​တံ​ဆိပ်​ခပ်​နှိပ်​၍​ယေ​ဇ​ရေ​လ​မြို့ ရှိ​မြို့​မိ​မြို့​ဖ​များ​နှင့်​မှူး​မတ်​များ​ထံ​သို့ ပေး​ပို့​လိုက်​လေ​သည်။-
9 Og i brevet skrev hun således: Utrop en faste og la Nabot sitte øverst blandt folket,
ထို​အ​မိန့်​တော်​စာ​ကား``သင်​တို့​သည်​အ​စာ​ရှောင် ရန်​နေ့​ရက်​တစ်​ရက်​ကို​ကြေ​ညာ​ကာ ပြည်​သူ​တို့ အား​စု​ဝေး​စေ​၍​နာ​ဗုတ်​အား​ဂုဏ်​ထူး​ဆောင် နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​လော့။-
10 og la to onde menn sitte midt imot ham, sa de kan vidne mot ham og si: Du har bannet Gud og kongen. Før ham så ut og sten ham ihjel!
၁၀ထို​နောက်​သူ့​ကို​မျက်​နှာ​ပြောင်​တိုက်​၍`ဤ​သူ​သည် ဘု​ရား​သ​ခင်​နှင့်​ဘု​ရင်​မင်း​မြတ်​အား​ပုတ်​ခတ် ပြော​ဆို​သူ​ဖြစ်​ပါ​သည်' ဟု​မ​သ​မာ​သူ​လူ​နှစ် ယောက်​ကို​ပြစ်​တင်​စွပ်​စွဲ​ခိုင်း​ကြ​လော့။ ထို့​နောက် သူ့​အား​မြို့​ပြင်​သို့​ထုတ်​၍​ခဲ​နှင့်​ပေါက်​သတ်​ကြ လော့'' ဟူ​သ​တည်း။
11 Og mennene i byen, de eldste og fornemste som bodde i hans by, gjorde som Jesabel hadde sendt dem bud om, således som det var skrevet i det brev hun hadde sendt dem.
၁၁မှူး​မတ်​များ​နှင့်​ယေ​ဇ​ရေ​လ​မြို့​ရှိ မြို့​မိ​မြို့​ဖ များ​သည်​လည်း​ယေ​ဇ​ဗေ​လ​အ​မိန့်​ပေး​သည့် အ​တိုင်း​ပြု​ကြ​၏။-
12 De utropte en faste og lot Nabot sitte øverst blandt folket,
၁၂သူ​တို့​သည်​အ​စာ​ရှောင်​ရာ​နေ့​တစ်​နေ့​ကို​ကြေ​ညာ ပြီး​လျှင် ပြည်​သူ​တို့​အား​စု​ဝေး​စေ​လျက်​နာ​ဗုတ် အား​ဂုဏ်​ထူး​ဆောင်​နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​၏။-
13 og de to onde menn kom og satte sig midt imot ham; og de onde menn vidnet mot Nabot i folkets påhør og sa: Nabot har bannet Gud og kongen. Og de førte ham utenfor byen og stenet ham ihjel.
၁၃မ​သ​မာ​သူ​လူ​နှစ်​ယောက်​က​လည်း​ဘု​ရား​သ​ခင် နှင့် မင်း​ကြီး​အား​ပုတ်​ခတ်​ပြော​ဆို​မှု​နှင့်​နာ​ဗုတ် အား​လူ​ပုံ​အ​လယ်​တွင်​ပြစ်​တင်​စွပ်​စွဲ​ကြ​လေ သည်။ ထို့​ကြောင့်​လူ​တို့​သည်​သူ့​ကို​မြို့​ပြင်​သို့ ထုတ်​ပြီး​လျှင်​ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။-
14 Så sendte de bud til Jesabel og lot si: Nabot er blitt stenet og er død.
၁၄နာ​ဗုတ်​အား​သေ​ဒဏ်​ခတ်​ပြီး​ကြောင်း​ကို​လည်း ယေ​ဇ​ဗေ​လ​ထံ​သ​တင်း​ပေး​ပို့​ကြ​လေ​သည်။
15 Med det samme Jesabel hørte at Nabot var blitt stenet og var død, sa hun til Akab: Stå op og ta jisre'elitten Nabots vingård i eie, den som han ikke vilde la dig få for penger! For Nabot lever ikke lenger; han er død.
၁၅ထို​သ​တင်း​ကို​ရ​လျှင်​ရ​ခြင်း​ယေ​ဇ​ဗေ​လ​သည် အာ​ဟပ်​အား``နာ​ဗုတ်​သေ​ပြီ​ဖြစ်​၍​ယ​ခု​အ​ရှင် သွား​၍​သူ​မ​ရောင်း​လို​သော​စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​လော့'' ဟု​လျှောက်​၏။-
16 Da Akab hørte at Nabot var død, stod han op for å gå ned til Jisre'elitten Nabots vingård og ta den eie.
၁၆အာ​ဟပ်​သည်​လည်း​ထို​ဥ​ယျာဉ်​ကို​သိမ်း​ယူ ရန်​ချက်​ချင်း​ထ​၍​သွား​တော်​မူ​၏။
17 Men Herrens ord kom til tisbitten Elias, og det lød således:
၁၇ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​တိ​ရှ​ဘိ​မြို့​သား ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-
18 Gjør dig rede og gå ned og møt Akab, Israels konge, som bor i Samaria! Nu er han i Nabots vingård; han er gått der ned for å ta den i eie.
၁၈``သင်​သည်​ရှ​မာ​ရိ​မြို့​ရှိ​အာဟပ်​မင်း​ထံ​သို့​သွား လော့။ သူ​သည်​နာ​ဗုတ်​၏​ဥယျာဉ်​ကို​သိမ်း​ယူ​ရန် ထို​ဥ​ယျာဉ်​ထဲ​၌​ရှိ​နေ​သည်​ကို​တွေ့​လိမ့်​မည်။-
19 Og du skal tale således til ham: Så sier Herren: Har du nu både myrdet og arvet? Og du skal si til ham: Så sier Herren: På det sted hvor hundene slikket Nabots blod, skal hundene også slikke ditt blod.
၁၉ငါ​ထာ​ဝ​ရ​ဘုရား​က`သင်​သည်​လူ​ကို​သတ်​ပြီး နောက် ထို​သူ​၏​ဥစ္စာ​ကို​သိမ်း​ယူ​ပါ​မည်​လော' ဟု မိန့်​တော်​မူ​ကြောင်း​သူ့​အား​ပြော​ကြား​လော့။ `ခွေး တို့​သည်​နာ​ဗုတ်​၏​သွေး​ကို​လျက်​ကြ​သည့်​အ​ရပ် ၌​ပင်​လျှင် သင်​၏​သွေး​ကို​လျက်​ကြ​လိမ့်​မည်' ဟု ငါ​မိန့်​တော်​မူ​ကြောင်း​ကို​လည်း​သူ့​အား​ပြော ကြား​လော့'' ဟု​မိန့်​မှာ​တော်​မူ​၏။
20 Men Akab sa til Elias: Har du funnet mig, du min fiende? Han svarte: Ja, jeg har funnet dig, fordi du har solgt dig til å gjøre hvad ondt er i Herrens øine.
၂၀အာ​ဟပ်​သည်​ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ``ငါ ၏​ရန်​သူ၊ သင်​သည်​ငါ့​ကို​တွေ့​ပြီ​လော'' ဟု မေး​၏။ ဧ​လိ​ယ​က​လည်း``တွေ့​ပြီ။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​မျက်​နှာ​တော်​တွင်​ဒု​စ​ရိုက်​ကို သာ​ပြု​လို​၏။-
21 Derfor vil jeg føre ulykke over dig og feie efter dig og utrydde alle menn i Akabs hus, både myndige og umyndige i Israel,
၂၁ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​က`ငါ​သည်​သင့် အား​ဘေး​ဒဏ်​သင့်​စေ​မည်။ သင့်​ကို​သုတ်​သင် ပယ်​ရှင်း​၍​သင်​၏​အိမ်​ထောင်​စု​သား​ယောကျာ်း ဟူ​သ​မျှ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-
22 og jeg vil gjøre med ditt hus som med Jeroboams, Nebats sønns hus og med Baesas, Akias sønns hus, fordi du har vakt min harme, og fordi du har fått Israel til å synde.
၂၂သင်​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​သည်​ဖြစ်​၍ သင်​၏ အိမ်​ထောင်​စု​သည်​နေ​ဗက်​၏​သား​ယေ​ရော​ဗောင် မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။'-
23 Også om Jesabel har Herren talt og har sagt: Hundene skal fortære Jesabel ved Jisre'els voll.
၂၃ယေဇ​ဗေ​လ​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား က`ယေ​ဇ​ရေ​လ​မြို့​တွင်​ထို​အ​မျိုး​သ​မီး​၏ အ​လောင်း​သည်​ခွေး​စာ​ဖြစ်​လိမ့်​မည်။ သူ​၏ ဆွေ​မျိုး​မှန်​သ​မျှ​တို့​သည်​လည်း​မြို့​တွင်း ၌​သေ​လျှင်​ခွေး​စာ၊-
24 Den av Akabs hus som dør i byen, skal hundene fortære, og den som dør på marken, skal himmelens fugler fortære.
၂၄မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ​ဖြစ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
25 Det har aldri vært nogen som Akab, han som solgte sig til å gjøre hvad ondt var i Herrens øine, fordi hans hustru Jesabel egget ham.
၂၅(ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။-
26 Hans ferd var overmåte vederstyggelig; han fulgte de motbydelige avguder, aldeles som amorittene hadde gjort, de som Herren drev bort for Israels barn.
၂၆သူ​သည်​အာ​မော​ရိ​ပြည်​သား​တို့​ပြု​သည့်​အ​တိုင်း ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့် အ​လွန်​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ပြစ်​များ ကို​ပြု​လေ​သည်။ အာ​မော​ရိ​ပြည်​သူ​တို့​ကား ခါ​နာန်​ပြည်​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝရ​ဘု​ရား​နှင်​ထုတ် တော်​မူ​သော​သူ​များ​ဖြစ်​သ​တည်း။)
27 Men da Akab hørte hvad Elias sa, sønderrev han sine klær og la sekk om sitt legeme og fastet; og han sov i sekk og gikk stille omkring.
၂၇ဧ​လိ​ယ​ဆင့်​ဆို​ပြော​ကြား​သော​အ​ခါ အာ​ဟပ် သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် လျှော်​တေ​ကို​ဝတ်​၏။ သူ​သည်​စား​တော်​မ​ခေါ် ဘဲ​လျှော်​တေ​ဝတ်​၍​အိပ်​၏။ သွား​လာ​ရာ​၌ လည်း​မှိုင်​တွေ​လျက်​နေ​၏။
28 Da kom Herrens ord til tisbitten Elias, og det lød således:
၂၈ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-
29 Har du sett at Akab har ydmyket sig for mig? Fordi han har ydmyket sig for mig, vil jeg ikke la ulykken komme i hans dager, men i hans sønns dager vil jeg la ulykken komme over hans hus.
၂၉``ငါ​၏​ရှေ့​မှောက်​တွင်​အ​ဘယ်​မျှ​အာ​ဟပ်​နှိမ့်​ချ လျက်​နေ​သည်​ကို​သင်​မြင်​သ​လော။ ဤ​သို့​နှိမ့်​ချ သည့်​အ​တွက်​ငါ​သည်​သူ​၏​လက်​ထက်​၌​ဘေး​ဒဏ် သင့်​စေ​မည်​မ​ဟုတ်။ သူ​၏​သား​လက်​ထက်​သူ​၏ အိမ်​ထောင်​စု​အ​ပေါ်​တွင်​သင့်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

< 1 Kongebok 21 >