< ဇာခရိ 9 >

1 ထာဝရဘုရား၏ဗျာဒိတ် နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့၌ သင့်ရောက်ပေ၏။ ထာဝရဘုရားသည် လူမျိုးကို၎င်း၊ ဣသရေလအမျိုး အနွှယ်အပေါင်းတို့ကို၎င်း ကြည့်ရှုလျက် ရှိတော်မူ၏။
מַשָּׂ֤א דְבַר־יְהוָה֙ בְּאֶ֣רֶץ חַדְרָ֔ךְ וְדַמֶּ֖שֶׂק מְנֻחָתֹ֑ו כִּ֤י לַֽיהוָה֙ עֵ֣ין אָדָ֔ם וְכֹ֖ל שִׁבְטֵ֥י יִשְׂרָאֵֽל׃
2 ထိုပြည်နှင့် နီးစပ်သော ဟာမတ်ပြည်၌၎င်း၊ တုရုမြို့သည် လိမ္မာသောကြောင့် ထိုမြို့နှင့် ဇိဒုန်မြို့၌၎င်း သင့်ရောက်ပေ၏။
וְגַם־חֲמָ֖ת תִּגְבָּל־בָּ֑הּ צֹ֣ר וְצִידֹ֔ון כִּ֥י חָֽכְמָ֖ה מְאֹֽד׃
3 တုရုမြို့သည် မိမိအဘို့ ရဲတိုက်ကို တည်ဆောက် ၍၊ ငွေကို မြေမှုန့်ကဲ့သို့၎င်း၊ ရွှေစင်ကိုလမ်း၌ရှိသော ရွံ့ ကဲ့သို့၎င်း စုပုံသော်လည်း၊
וַתִּ֥בֶן צֹ֛ר מָצֹ֖ור לָ֑הּ וַתִּצְבָּר־כֶּ֙סֶף֙ כֶּֽעָפָ֔ר וְחָר֖וּץ כְּטִ֥יט חוּצֹֽות׃
4 ထာဝရဘုရားသည် သူတပါးလက်သို့ သူ့ကိုအပ် ၍၊ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့်၊ မြို့ သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည်။
הִנֵּ֤ה אֲדֹנָי֙ יֹֽורִשֶׁ֔נָּה וְהִכָּ֥ה בַיָּ֖ם חֵילָ֑הּ וְהִ֖יא בָּאֵ֥שׁ תֵּאָכֵֽל׃
5 ထိုအမှုကို အာရှကေလုန်မြို့သည် မြင်၍ ကြောက်လိမ့်မည်။ ဂါဇမြို့သည် မြင်၍ အလွန်တုန်လှုပ် လိမ့်မည်။ ဧကြုန်မြို့လည်း မြော်လင့်၍ အရှက်ကွဲသော ကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇမင်းကြီးသည် ဆုံးလိမ့် မည်။ အာရှကေလုန်မြို့သည်လည်း အစိုးမရ။
תֵּרֶ֨א אַשְׁקְלֹ֜ון וְתִירָ֗א וְעַזָּה֙ וְתָחִ֣יל מְאֹ֔ד וְעֶקְרֹ֖ון כִּֽי־הֹבִ֣ישׁ מֶבָּטָ֑הּ וְאָ֤בַד מֶ֙לֶךְ֙ מֵֽעַזָּ֔ה וְאַשְׁקְלֹ֖ון לֹ֥א תֵשֵֽׁב׃
6 အာဇုတ်မြို့၌ တကျွန်းတနိုင်ငံသားတို့သည် နေကြလိမ့်မည်။ ဖိလိတ္တိအမျိုး၏ မာနကိုလည်း ငါချိုးဖဲ့ မည်။
וְיָשַׁ֥ב מַמְזֵ֖ר בְּאַשְׁדֹּ֑וד וְהִכְרַתִּ֖י גְּאֹ֥ון פְּלִשְׁתִּֽים׃
7 သူစားသော အသွေးကို သူ၏ပစပ်ထဲမှ၎င်း၊ သူကိုက်သော ရွံ့ရှာဘွယ်တို့ကို သူ၏သွားကြားမှ၎င်း ငါနှုတ်ပယ်မည်။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဘို့ ကျန်ကြွင်း၍၊ ယုဒပြည်၌ မင်းကဲ့သို့ နေလိမ့်မည်။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည်။
וַהֲסִרֹתִ֨י דָמָ֜יו מִפִּ֗יו וְשִׁקֻּצָיו֙ מִבֵּ֣ין שִׁנָּ֔יו וְנִשְׁאַ֥ר גַּם־ה֖וּא לֵֽאלֹהֵ֑ינוּ וְהָיָה֙ כְּאַלֻּ֣ף בִּֽיהוּדָ֔ה וְעֶקְרֹ֖ון כִּיבוּסִֽי׃
8 အဘယ်ရန်သူမျှ မထွက်မဝင်စေခြင်းငှါ၊ ငါ့အိမ် တော်ပတ်လည်၌ တပ်ချမည်။ ညှဉ်းဆဲသောသူသည် ငါ့ လူတို့ကို နောက်တဖန် မနှိပ်နင်းရ။ အကြောင်းမူကား၊ ငါသည် ယခု ကိုယ်တိုင်ကြည့်၍ မြင်ပြီ။
וְחָנִ֨יתִי לְבֵיתִ֤י מִצָּבָה֙ מֵעֹבֵ֣ר וּמִשָּׁ֔ב וְלֹֽא־יַעֲבֹ֧ר עֲלֵיהֶ֛ם עֹ֖וד נֹגֵ֑שׂ כִּ֥י עַתָּ֖ה רָאִ֥יתִי בְעֵינָֽי׃ ס
9 အိုဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်း ကလေးကို စီး၍ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။
גִּילִ֨י מְאֹ֜ד בַּת־צִיֹּ֗ון הָרִ֙יעִי֙ בַּ֣ת יְרוּשָׁלַ֔͏ִם הִנֵּ֤ה מַלְכֵּךְ֙ יָ֣בֹוא לָ֔ךְ צַדִּ֥יק וְנֹושָׁ֖ע ה֑וּא עָנִי֙ וְרֹכֵ֣ב עַל־חֲמֹ֔ור וְעַל־עַ֖יִר בֶּן־אֲתֹנֹֽות׃
10 ၁၀ ငါသည် ဧဖရိမ်ပြည်၌ ရထားကို၎င်း၊ ယေရု ရှလင်မြို့၌ မြင်းကို၎င်း ပယ်ဖြတ်မည်။ စစ်လေးကိုလည်း ပယ်ဖြတ်မည်။ တပါးအမျိုးသားတို့သည် စစ်ငြိမ်းမည် အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာ တော်လည်း ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင်၎င်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်၎င်း တည်လိမ့်မည်။
וְהִכְרַתִּי־רֶ֣כֶב מֵאֶפְרַ֗יִם וְסוּס֙ מִיר֣וּשָׁלַ֔͏ִם וְנִכְרְתָה֙ קֶ֣שֶׁת מִלְחָמָ֔ה וְדִבֶּ֥ר שָׁלֹ֖ום לַגֹּויִ֑ם וּמָשְׁלֹו֙ מִיָּ֣ם עַד־יָ֔ם וּמִנָּהָ֖ר עַד־אַפְסֵי־אָֽרֶץ׃
11 ၁၁ သင်၏အမှုမူကား၊ ချုပ်ထားလျက်ရှိသော သင် ၏လူတို့ကို၊ ရေမရှိသော မြေတွင်းထဲက၊ သင်နှင့် ဖွဲ့သော ပဋိညာဉ်အသွေးကြောင့် ငါကယ်လွှတ်မည်။
גַּם־אַ֣תְּ בְּדַם־בְּרִיתֵ֗ךְ שִׁלַּ֤חְתִּי אֲסִירַ֙יִךְ֙ מִבֹּ֔ור אֵ֥ין מַ֖יִם בֹּֽו׃
12 ၁၂ အချုပ်ခံ၍ မြော်လင့်သော သူတို့၊ ရဲတိုက်သို့ ပြန်လာကြလော့။ ငါသည် နှစ်ဆသော ကျေးဇူးကို ပြုဦး မည်ဟု ယနေ့ပင် ပြောထား၏။
שׁ֚וּבוּ לְבִצָּרֹ֔ון אֲסִירֵ֖י הַתִּקְוָ֑ה גַּם־הַיֹּ֕ום מַגִּ֥יד מִשְׁנֶ֖ה אָשִׁ֥יב לָֽךְ׃
13 ၁၃ ယုဒလေးကို ငါတင်၍၊ ဧဖရိမ်လေးကို ဆွဲငင် လျက်၊ ဇိအုန်သားတို့ကို ဟေလသသားတို့တဘက်၌ နှိုး ဆော်၍၊ သင့်ကို သူရဲ၏ထားကဲ့သို့ ဖြစ်စေမည်။
כִּֽי־דָרַ֨כְתִּי לִ֜י יְהוּדָ֗ה קֶ֚שֶׁת מִלֵּ֣אתִי אֶפְרַ֔יִם וְעֹורַרְתִּ֤י בָנַ֙יִךְ֙ צִיֹּ֔ון עַל־בָּנַ֖יִךְ יָוָ֑ן וְשַׂמְתִּ֖יךְ כְּחֶ֥רֶב גִּבֹּֽור׃
14 ၁၄ ထာဝရဘုရားသည် သူတို့အပေါ်မှာ ထင်ရှား တော်မူ၍၊ မြှားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေး လိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည် တံပိုးမှုတ်၍၊ တောင်လေဘွေတို့နှင့် ကြွသွားတော်မူလိမ့်မည်။
וַֽיהוָה֙ עֲלֵיהֶ֣ם יֵֽרָאֶ֔ה וְיָצָ֥א כַבָּרָ֖ק חִצֹּ֑ו וַֽאדֹנָ֤י יְהֹוִה֙ בַּשֹּׁופָ֣ר יִתְקָ֔ע וְהָלַ֖ךְ בְּסַעֲרֹ֥ות תֵּימָֽן׃
15 ၁၅ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့ကို ကွယ်ကာတော်မူသဖြင့်၊ သူတို့သည် ကိုက်စား၍ လက်လွှဲကျောက်တို့ကို ကျော်နင်းကြလိမ့်မည်။ သောက်ပြီး လျှင်၊ စပျစ်ရည်နှင့် ဝသကဲ့သို့ ကြွေးကြော်ကြလိမ့်မည်။ အင်တုံကဲ့သို့၎င်း၊ ယဇ်ပလ္လင်ထောင့်ကဲ့သို့၎င်း ပြည့်ဝကြ လိမ့်မည်။
יְהוָ֣ה צְבָאֹות֮ יָגֵ֣ן עֲלֵיהֶם֒ וְאָכְל֗וּ וְכָֽבְשׁוּ֙ אַבְנֵי־קֶ֔לַע וְשָׁת֥וּ הָמ֖וּ כְּמֹו־יָ֑יִן וּמָֽלְאוּ֙ כַּמִּזְרָ֔ק כְּזָוִיֹּ֖ות מִזְבֵּֽחַ׃
16 ၁၆ ထိုနေ့၌ သူတို့၏ဘုရားသခင် ထာဝရဘုရား သည် မိမိလူတို့ကို သိုးစုကဲ့သို့ ကယ်တင်တော်မူလိမ့်မည်။ သူတို့သည် မြေတော်၌ ထင်ရှားသော သရဖူမျက်မွန်ကဲ့သို့ ဖြစ်ကြလိမ့်မည်။
וְֽהֹושִׁיעָ֞ם יְהוָ֧ה אֱלֹהֵיהֶ֛ם בַּיֹּ֥ום הַה֖וּא כְּצֹ֣אן עַמֹּ֑ו כִּ֚י אַבְנֵי־נֵ֔זֶר מִֽתְנֹוסְסֹ֖ות עַל־אַדְמָתֹֽו׃
17 ၁၇ ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ် အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကို၎င်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကို၎င်း တိုးပွားများပြားစေလိမ့်မည်။
כִּ֥י מַה־טּוּבֹ֖ו וּמַה־יָפְיֹ֑ו דָּגָן֙ בַּֽחוּרִ֔ים וְתִירֹ֖ושׁ יְנֹובֵ֥ב בְּתֻלֹֽות׃

< ဇာခရိ 9 >