< ဇာခရိ 5 >

1 တဖန် ငါမျှော်ကြည့်၍၊ ပျံဝဲလျက်ရှိသော စာ စောင်ကို မြင်၏။
我又舉目觀看,見有一飛行的書卷。
2 ကောင်းကင်တမန်ကလည်း၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးလျှင်၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ၏။ အလျားအတောင်နှစ်ဆယ်၊ အနံ အတောင်တဆယ်ရှိပါသည်ဟု လျှောက်၏။
他問我說:「你看見甚麼?」我回答說:「我看見一飛行的書卷,長二十肘,寬十肘。」
3 ကောင်းကင်တမန်ကလည်း၊ ထိုစာစောင်သည် တပြည်လုံးကို နှံ့ပြားသော ကျိန်ခြင်းဖြစ်၏။ ခိုးတတ်သော သူရှိသမျှတို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ အကျိန်ရဲသော သူရှိသမျှ တို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ် ဖြတ်ခြင်းကို ခံရကြမည်။
他對我說:「這是發出行在遍地上的咒詛。凡偷竊的必按卷上這面的話除滅;凡起假誓的必按卷上那面的話除滅。
4 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ထိုစာစောင်ကို ငါထုတ်ဘော်မည်။ ခိုး တတ်သော သူ၏အိမ်ထဲသို့၎င်း၊ ငါ့နာမကို တိုင်တည်၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ်ထဲသို့၎င်း ဝင်၍ နေရာကျသဖြင့်၊ သစ်သားများ၊ ကျောက်များနှင့် တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ၏။
萬軍之耶和華說:我必使這書卷出去,進入偷竊人的家和指我名起假誓人的家,必常在他家裏,連房屋帶木石都毀滅了。」
5 တဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန် သည် ထွက်၍၊ ယခုထွက်လာသောအရာကို မျှော်ကြည့် လော့ဟု ငါ့အားဆိုလျှင်၊
與我說話的天使出來,對我說:「你要舉目觀看,見所出來的是甚麼?」
6 ထိုအရာကား အဘယ်အရာနည်းဟု ငါမေး သော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည်ဟူ၍ ၎င်း၊ ထိုအရာသည် တပြည်လုံး၌ သူတို့၏အကြံအစည်ဖြစ် သည်ဟူ၍၎င်း ဆို၏။
我說:「這是甚麼呢?」他說:「這出來的是量器。」他又說:「這是惡人在遍地的形狀。」
7 ခဲအခွက်တဆယ်ကိုလည်း အထက်သို့ ချီ မြှောက်၍ မိန်းမတယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။
(我見有一片圓鉛被舉起來。)這坐在量器中的是個婦人。
8 ကောင်းကင်တမန်ကလည်း၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ်၏ဟုဆိုလျက်၊ သူ့ကို ဧဖာထဲကို ချထား ၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ၏။
天使說:「這是罪惡。」他就把婦人扔在量器中,將那片圓鉛扔在量器的口上。
9 တဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင် ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုဃ်းကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။
我又舉目觀看,見有兩個婦人出來,在她們翅膀中有風,飛得甚快,翅膀如同鸛鳥的翅膀。她們將量器抬起來,懸在天地中間。
10 ၁၀ ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
我問與我說話的天使說:「她們要將量器抬到哪裏去呢?」
11 ၁၁ ရှိနာပြည်၌ ဧဖာအဘို့ အိမ်ဆောက်ခြင်းငှါ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။
他對我說:「要往示拿地去,為它蓋造房屋;等房屋齊備,就把它安置在自己的地方。」

< ဇာခရိ 5 >