< ရှောလမုန်သီချင်း 6 >

1 မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ကြွတော်မူသ နည်း။ အကျွန်ုပ်တို့သည် သင်နှင့်အတူ သူ့ကိုရှာရမည် အကြောင်း၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ လွှဲသွားတော်မူသည်ကို ပြောပါ။
אָ֚נָה הָלַ֣ךְ דֹּודֵ֔ךְ הַיָּפָ֖ה בַּנָּשִׁ֑ים אָ֚נָה פָּנָ֣ה דֹודֵ֔ךְ וּנְבַקְשֶׁ֖נּוּ עִמָּֽךְ׃
2 ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။
דֹּודִי֙ יָרַ֣ד לְגַנֹּ֔ו לַעֲרוּגֹ֖ות הַבֹּ֑שֶׂם לִרְעֹות֙ בַּגַּנִּ֔ים וְלִלְקֹ֖ט שֹֽׁושַׁנִּֽים׃
3 ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေး၏။ နှင်းတော်၌ ကျက်စားတော်မူ၏။
אֲנִ֤י לְדֹודִי֙ וְדֹודִ֣י לִ֔י הָרֹעֶ֖ה בַּשֹּׁושַׁנִּֽים׃ ס
4 ငါချစ်သောနှမ၊ သင်သည်တိရဇမြို့ကဲ့သို့ လှ၏။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်၏။
יָפָ֨ה אַ֤תְּ רַעְיָתִי֙ כְּתִרְצָ֔ה נָאוָ֖ה כִּירוּשָׁלָ֑͏ִם אֲיֻמָּ֖ה כַּנִּדְגָּלֹֽות׃
5 သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကို အောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။
הָסֵ֤בִּי עֵינַ֙יִךְ֙ מִנֶּגְדִּ֔י שֶׁ֥הֵ֖ם הִרְהִיבֻ֑נִי שַׂעְרֵךְ֙ כְּעֵ֣דֶר הָֽעִזִּ֔ים שֶׁגָּלְשׁ֖וּ מִן־הַגִּלְעָֽד׃
6 သင်၏သွားတို့သည်လည်း၊ ရေချိုးရာမှ တက် လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့၊ အမွှာသာ ဘွားတတ်ကြ၏။
שִׁנַּ֙יִךְ֙ כְּעֵ֣דֶר הֽ͏ָרְחֵלִ֔ים שֶׁעָל֖וּ מִן־הָרַחְצָ֑ה שֶׁכֻּלָּם֙ מַתְאִימֹ֔ות וְשַׁכֻּלָ֖ה אֵ֥ין בָּהֶֽם׃
7 နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက် နှင့် တူကြ၏။
כְּפֶ֤לַח הָרִמֹּון֙ רַקָּתֵ֔ךְ מִבַּ֖עַד לְצַמָּתֵֽךְ׃
8 မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အပျိုတော်အတိုင်းမသိ ရှိကြ၏။
שִׁשִּׁ֥ים הֵ֙מָּה֙ מְּלָכֹ֔ות וּשְׁמֹנִ֖ים פִּֽילַגְשִׁ֑ים וַעֲלָמֹ֖ות אֵ֥ין מִסְפָּֽר׃
9 ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တပါးတည်းရှိ၏။ ဘွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုး သမီးတို့သည် သူ့ကိုမြင်၍ ကောင်းကြီးပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။
אַחַ֥ת הִיא֙ יֹונָתִ֣י תַמָּתִ֔י אַחַ֥ת הִיא֙ לְאִמָּ֔הּ בָּרָ֥ה הִ֖יא לְיֹֽולַדְתָּ֑הּ רָא֤וּהָ בָנֹות֙ וַֽיְאַשְּׁר֔וּהָ מְלָכֹ֥ות וּפִֽילַגְשִׁ֖ים וַֽיְהַלְלֽוּהָ׃ ס
10 ၁၀ လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ထွန်းလင်း လျက်၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့ မျှော်ရှုသော သတို့သမီးကား၊ အဘယ်သူ နည်း။
מִי־זֹ֥את הַנִּשְׁקָפָ֖ה כְּמֹו־שָׁ֑חַר יָפָ֣ה כַלְּבָנָ֗ה בָּרָה֙ כַּֽחַמָּ֔ה אֲיֻמָּ֖ה כַּנִּדְגָּלֹֽות׃ ס
11 ၁၁ ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း သိခြင်းငှါ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
אֶל־גִּנַּ֤ת אֱגֹוז֙ יָרַ֔דְתִּי לִרְאֹ֖ות בְּאִבֵּ֣י הַנָּ֑חַל לִרְאֹות֙ הֲפָֽרְחָ֣ה הַגֶּ֔פֶן הֵנֵ֖צוּ הָרִמֹּנִֽים׃
12 ၁၂ သတိမရမှီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ်၏။
לֹ֣א יָדַ֔עְתִּי נַפְשִׁ֣י שָׂמַ֔תְנִי מַרְכְּבֹ֖ות עַמִּי־נָדִֽיב׃
13 ၁၃ အိုရှုလမိတ်၊ ပြန်လာပါ။ ပြန်လာပါ။ အကျွန်ုပ် တို့သည် သင့်ကိုရှုမြင်ရမည်အကြောင်း၊ ပြန်လာပါ။ ပြန်လာပါ။ ရှုလမိတ်၌ အဘယ်သို့သောအရာကို တွေ့မြင် ကြလိမ့်မည်နည်း။ စစ်တပ်နှစ်ထပ်ကဲ့သို့ တွေ့မြင်ကြ ပါမည်။
שׁ֤וּבִי שׁ֙וּבִי֙ הַשּׁ֣וּלַמִּ֔ית שׁ֥וּבִי שׁ֖וּבִי וְנֶחֱזֶה־בָּ֑ךְ מַֽה־תֶּחֱזוּ֙ בַּשּׁ֣וּלַמִּ֔ית כִּמְחֹלַ֖ת הַֽמַּחֲנָֽיִם׃

< ရှောလမုန်သီချင်း 6 >