< ရှောလမုန်သီချင်း 5 >

1 ငါနှမ၊ ငါ့ခင်ပွန်း၊ ငါ့ဥယျာဉ်ထဲသို့ ငါဝင်လာပြီ။ ငါ့မုရန်နှင့် နံ့သာမျိုးကို ခံယူပြီ။ ငါ့ပျားရည်နှင့် ပျားလပို့ ကို စားရပြီ။ ငါ့နို့နှင့် စပျစ်ရည်ကိုသောက်ရပြီ။ ငါ့အဆွေ တို့၊ စားကြလော့။ ငါ့မိတ်ဆွေတို့၊ သောက်ကြ။ ဝစွာ သောက်ကြလော့။
Nimekuja katika bustani yangu, dada yangu, bibi arusi wangu; Nimekusanya udi wangu na manukato yangu. Nimekula mziga wangu wa asali na asali yangu; Nimekunywa mvinyo wangu pamoja na maziwa yangu. Marafiki wanazungumza na wapenzi Kuleni, marafiki; kunyweni na mlewe na mapenzi. Mwanamke mdogo akizungumza mwenyewe
2 ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
Nilikuwa nimelala, lakini moyo wangu ulikuwa umeamka katika ndoto. Sauti ya mpenzi wangu yabisha na kusema, “Nifungulie, dada yangu, mpenzi wangu, hua wangu, wangu usiye na doa, kwa kuwa kichwa changu kimelowa na matone, nywele zangu na unyevu wa usiku.”
3 ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။
“Nimevua joho langu; lazima nilivae tena? Nimeosha miguu yangu; lazima ni ichafue?”
4 ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက် အထဲသို့ သွင်းတော်မူသည်ဖြစ်၍၊ သူ့ကိုချစ်သနားသော စိတ် အားကြီးသဖြင့်၊
Mpenzi wangu anaeka mkono wake kwenye kitasa, na moyo wangu ukawaka kwa ajili yake.
5 ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှါ ထသောအခါ၊ ငါ့လက်မှမုရန်ဆီ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုက်ပေါ်မှာ စက်စက် ကျလေ၏။
Nimeamka kumfungulia mlango mpenzi wangu; mikono yangu ikawa yamiminika na udi, vidole vyangu na unyevu wa udi, katika komeo la mlango.
6 ငါချစ်ရာသခင်အားငါဖွင့်သည်ရှိသော်၊ ငါချစ် ရာ သခင်သည်ထွက်သွားနှင့်ပြီ။ စကားသံတော်ကို စေ့စေ့ နားထောင်လျက်၊ သခင်ကိုငါရှာသော်လည်း မတွေ့။ ခေါ်သော်လည်း ထူးတော်မမူ။
Nimemfungulia mlango mpenzi wangu, lakini mpenzi wangu aligeuka na kwenda. Moyo wangu ukadidimia; nikakosa tumaini. Nikamtafuta, lakini sikumpata; nikamuita, lakini hakunijibu.
7 မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။
Walinzi waliokuwa wakizunguka mjini walinipata mimi; walinipiga chini na kunijeruhi; askari katika ukuta walichukua nguo yangu ya juu. Mwanamke mdogo akizungumza na wanawake wa mji
8 အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ် ရာ သခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍ နာနေကြောင်းကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။
Ninataka uhaidi, mabinti wa Yerusalemu, kwamba mkimuona mpenzi wangu, mwambie ninaumwa sababu ya upendo wangu kwake. Wanawake wa mji wakizungumza na mwanamke mdogo
9 မိန်မတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာ သခင်သည် အခြားတပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာယာနည်။
Mpenzi wako ana ubora gani kuliko mwanaume mwengine, wewe uliye mzuri miongoni mwa wanawake? Kwanini mpenzi wako bora kuliko mpenzi mwengine, hadi utuulize tuweke nadhiri kama hii? Mwanamke mdogo akizungumza na wanawake wa mji
10 ၁၀ ငါချစ်ရာသခင်သည် ဖြူသောအအဆင်း၊ နီသော အဆင်းနှင့် ပြည့်စုံ၍၊ လူတသောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။
Mpenzi wangu amenawiri na ana ng'aa, kati ya wanaume elfu kumi.
11 ၁၁ ဦးခေါင်းတော်သည် ရွှေစင်နှင့်တူ၏။ ဆံပင် တော်သည် ထူထပ်၍၊ ကျီးအဆင်းကဲ့သို့ နက်၏။
Kichwa chake ni dhahabu safi; nywele zake ni laini na nyeusi kama kunguru.
12 ၁၂ မျက်စိတော်တို့သည် နို့၌ချိုးလျက် မြစ်ရေပေါ် မှာ ပုံ့ပုံ့ ကြွကြွဝပ်သာ ချိုးနှင့်တူကြ၏။
Macho yake ni kama ya hua pembezoni ya vijito vya maji, yameoshwa na maziwa, yameundwa kama mikufu.
13 ၁၃ ပါးတော်တို့သည် နံ့သာတော၊ မွှေးကြိုင်သော ပန်းတောကဲ့သို့၎င်း နှုတ်ခမ်တော်တို့သည် ပကတိမုရန် ဆီယိုသော နှင့်ပွင့်ကဲ့သို့၎င်းဖြစ်ကြ၏။
Mashavu yake ni kama vitanda vya manukato, vinavyotoa arufu ya marashi. Midomo yake nni nyinyoro, inayo tiririka udi.
14 ၁၄ လက်တော်တို့သည် မျက်ရွဲစီသောလက်စွပ်ကဲ့သို့၎င်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့၎င်းဖြစ်၏။
Mikono yake ni ya mianzi ya dhahabu iliyo zungushiwa mikufu; tumbo lake ni pembe lililo funikwa yakuti samawi.
15 ၁၅ ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။
Miguu yake ni nguzo za marimari, iliyo ekwa juu ya dhahabu safi; muonekano wake ni kama Lebanoni, mizuri kama mierezi.
16 ၁၆ နှုတ်တော်သည် အလွန်ချိုပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ်သော ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ၏။ ယေရုရှလင်မြို့သမီးတို့၊ ဤသူသည် ငါချစ်ရာသခင်၊ ငါ့မိတ်ဆွေဖြစ်တော်မူသတည်း။
Mdomo wake ni mtamu; ni mzuri sana. Huyu ni mpenzi wangu, na huyu ni rafiki yangu, mabinti wa Yerusalemu.

< ရှောလမုန်သီချင်း 5 >