< ရောမ 3 >

1 ထိုသို့ဖြစ်လျှင်၊ ယုဒလူသည်အဘယ်သို့သာသနည်း။ အရေဖျား လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း။
Achutileh Judah mikhat hina ipia phachom ham? Cheptan chondan juijong apanna um hinam?
2 အထွေထွေသော အကျိုးများစွာရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။
Henge, aphatchomna ho atam'e. Amasapen'in, Pathen thu kiphongdoh hi aboncha Judah mite kinganseuva ahi.
3 သူတို့တွင် အချို့မယုံသော်လည်း၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလော။
Ahinai, amaho phabep tahsan thejin aumpouve, hinla amaho tahsan theija aumlou nauva Pathen chu tahsan umlou kisohthei ahisah ham?
4 မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း။
Chuti thei ponte, amichang cheh jousei hijeng jongleu, Pathen adih-e, Pathen lekhabun ama chung chang thua, “Nangma na-thuseija chu nadihna photchetna umding, chule thutanna mun'a jong najo ding ahi” ati.
5 ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ် သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။
Hinlah, mi koitobang khat touvin sei inte, “Eiho i-chonsetnau hin phatna lunggel asoi, ajehchu, hiche hin miho chu Pathen ichan geiya chonpha hitam ti amu dohsah ahi,” atiuve. Chuti ahileh Aman eigimbol tenguleh aphatmona umem? (Hichehi mihem hina lunggel kisei ahi).
6 ထိုသို့မဟုတ်ရာ။ ဟုတ်လျှင်လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း။
Chuti ponte! Pathen hin adih chu abollou hitaleh, iti chu vannoi thutan'a pang thei ding ham?
7 ထိုမှတပါးငါသည် သစ္စာပျက်သောအားဖြင့် ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွါးစေလျှင်၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊
Hinlah mi phabep khattouvin, “Itia Pathen in chonse tiathemmo eichan ding ham? Ajehchu keima lungthen lounan Ama kitahna le Aloupina aphondoh cheh lou ding ham?” tiuvinte.
8 ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက်၊ ငါတို့စကား ကိုပြန်ပြောသည်အတိုင်း ဆိုဦးမည်လော။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ် ဒဏ်ကို ခံထိုက်ကြ၏။
Chule mi phabep ho chun taipongnain, “Iha chonset cheh uleh aphatna aumjoi tin naseiuve,” eitiuvinte. Hitobanga thusei hochu themmo chansah ding dol ahiuve.
9 ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်။ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ။
Chuti ahileh eiho Juda mite hi midang ho sangin iphajouve tia thulhuhna ibol dingu hitam? Chuti theiponte, ajehchu eihon mijouse, Judah mi hihen chidang namdang mi hijongleh, chonset thaneina noiya uma ihi tauve, tia iphondoh-u ahitai.
10 ၁၀ ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။
Pathen thubun asei dungjuiyin, “Koima michonpha aumpoi; khat jong aumpoi.
11 ၁၁ နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသော သူမရှိ။
Koima aching tahbeh aumpoi. Koima Pathen hol aumpoi
12 ၁၂ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။
Abonchauvin akiheimang tauve, abonun pannabei asohgam tauve. Koima apha bol'a aumpoi, khatcha jong aumpoi.”
13 ၁၃ သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည်လျှာနှင့် လှည့်စားတတ် ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။
Thumanlou aseiyun, lhankhuh kihong namse tobang ahiuvin ahi. Aleigui-u jouseinan adimset-un, anephu noijuva kon'in gulsegu ahung valhai.
14 ၁၄ သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့် ပြည့်ဝ၏။
Akam'u jong gaosapna le thugilou seinan adimuve.
15 ၁၅ သူတို့ခြေသည်လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
Mithana ding in akaljanguve.
16 ၁၆ သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခ ဆင်းရဲခြင်းရှိ၏။
Mahthahna le lunggimnan ajui jinguve.
17 ၁၇ ချမ်းသာလမ်းကိုသူတို့မသိကြ။
Lungmonna kimuna ding ahetapouve.
18 ၁၈ ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်း သည် သူတို့မျက်စိ၌ မထင်ဟုကျမ်းစာလာသတည်း။
Amahon Pathen ginna tahbeh aneipouve.
19 ၁၉ ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။
Gahsei jeng dingin Danthu chu akipehna ho a dingbou ahin, hiche Dan kipeh lona jeh chu miho athuphat louna dingu ahi. Chule vannoi pumpi Pathen masanga themmo ahiuve, ti vetsahna ding ahi.
20 ၂၀ ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။
Ajeh chu Danthupeh jui man'a koima themchang ding ahipoi. Danthu hin ichangeiya chonse ihiuvem ti bou eivetsah-u ahi.
21 ၂၁ ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊
Hinlah tuvang hin Danthua hilouvin Pathen Lekhabua kona masangpeh a eiteppeh u, Pathen chonphatna hi eivetsah'u ahitai.
22 ၂၂ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။
Eihon Yeshua Christa a itahsan nau ngaplhahna tahbeh ineijeh uva Pathen chonphatna chu chang ah ihitauve. Chule hichehi koi koi hijongleh atahsan jouse dinga ahin, koipen ihiuchu imacha akhohna umlou ahi.
23 ၂၃ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။
Ajehchu amitakip chonsea ahitai, Pathen loupina chu changpha joulou ihitauve.
24 ၂၄ ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။
Hinlah, Pathen in ichan diuva lomlou khotona einei jal'uva, michonpha'a eiphondoh-u ahitai. Aman ichonset jeh uva themmo eichannauva kon'a Christa Yeshuan ei-chamlhatsah'u ahitai.
25 ၂၅ ဘုရားသခင်သည် သည်းခံတော်မူ၍၊
Ajehchu Pathen in Yeshua chu chonset jeh a anakatdoh ahitai. Yeshuan ahinna ahung katdoh a, athisan asodoh chu Ama tahsanho Pathena chonphatna chu changdiu ahitai. Achesa phat masaho a anachonseho gimbolna chu penom louva alungdehat johhin Pathen thutan dihna atahlang ahi.
26 ၂၆ လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ ခြင်းငှါ၎င်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကိုယုံကြည်သော သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှါ၎င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။
Ajehchu aman tupet'a ipi ahinbol doh ding chu agaldot ahi. Hichehi Pathen phatna le chondih ahinaa achonphatna vetsah dinga, michonsen Yeshua ahin tahsan teng amitmua achonpha tia aphondoh ahitai.
27 ၂၇ သို့ဖြစ်လျှင် ဝါကြွားစရာ အကြောင်းကား အဘယ်သို့နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ်ပြီးအဘယ်တရားအားဖြင့် ပယ်သနည်း။ အကျင့် တရားအားဖြင့် ပယ်သလော။ အကျင့်တရားအားဖြင့် ပယ်သည်မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့် ပယ်ပြီ။
Chuti ahileh eihon Pathen in eisan theina dinguva ikisonpi thei dingu tohdoh inei uvem? Aumpoi, ajehchu eiho them ichannau hi Danthu jui jal'a kon ahipoi, tahsan jal ahibouve.
28 ၂၈ ထိုကြောင့်လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။
Hitijeh hin, eiho Pathen to ikichamu hi tahsan jal ahi, Danthu jui jal ahipoi.
29 ၂၉ ဘုရားသခင်သည် ယုဒလူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ် တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ တပါးအမျိုးသား တို့၏ ဘုရားလည်း ဖြစ်တော်မူ၏။
Achungchon'a, Pathen hi Juda mite Pathen bou hiya ham? Ama chidang namdangho Pathen jong hilou ham?
30 ၃၀ အကြောင်းမူကား၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသော သူနှစ်ဦးကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌တည်စေတော်မူသော ဘုရားသခင်တဆူတည်း ရှိတော်မူ၏။
Pathen khat bou ahi, chule Aman mihem to kilungtona anei chu Judah mite hihen, chidang namdang ho hijongleh tahsan jalbou ahi.
31 ၃၁ သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏။
Tahsan jal'a Danthu suhmilthei ahitai, tina ham? Ahidehpoi! Tahbeh a seiding in, eihon tahsan inei tenguleh Danthu chu isuh bulhit'u ahitai.

< ရောမ 3 >