< ဗျာဒိတ်ကျမ်း 1 >

1 ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်း ကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။
yat prakāśitaṁ vākyam īśvaraḥ svadāsānāṁ nikaṭaṁ śīghramupasthāsyantīnāṁ ghaṭanānāṁ darśanārthaṁ yīśukhrīṣṭē samarpitavān tat sa svīyadūtaṁ prēṣya nijasēvakaṁ yōhanaṁ jñāpitavān|
2 ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ၏။
sa cēśvarasya vākyē khrīṣṭasya sākṣyē ca yadyad dr̥ṣṭavān tasya pramāṇaṁ dattavān|
3 ကာလအချိန်ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှု ဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ၏။
ētasya bhaviṣyadvaktr̥granthasya vākyānāṁ pāṭhakaḥ śrōtāraśca tanmadhyē likhitājñāgrāhiṇaśca dhanyā yataḥ sa kālaḥ sannikaṭaḥ|
4 ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက၎င်း၊
yōhan āśiyādēśasthāḥ sapta samitīḥ prati patraṁ likhati| yō varttamānō bhūtō bhaviṣyaṁśca yē ca saptātmānastasya siṁhāsanasya sammukhē tiṣṭhanti
5 သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ် သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊
yaśca yīśukhrīṣṭō viśvastaḥ sākṣī mr̥tānāṁ madhyē prathamajātō bhūmaṇḍalastharājānām adhipatiśca bhavati, ētēbhyō 'nugrahaḥ śāntiśca yuṣmāsu varttatāṁ|
6 မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့် ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။ (aiōn g165)
yō 'smāsu prītavān svarudhirēṇāsmān svapāpēbhyaḥ prakṣālitavān tasya piturīśvarasya yājakān kr̥tvāsmān rājavargē niyuktavāṁśca tasmin mahimā parākramaścānantakālaṁ yāvad varttatāṁ| āmēn| (aiōn g165)
7 ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
paśyata sa mēghairāgacchati tēnaikaikasya cakṣustaṁ drakṣyati yē ca taṁ viddhavantastē 'pi taṁ vilōkiṣyantē tasya kr̥tē pr̥thivīsthāḥ sarvvē vaṁśā vilapiṣyanti| satyam āmēn|
8 ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍ ၊ ပစ္စုပ္ပန် ၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။
varttamānō bhūtō bhaviṣyaṁśca yaḥ sarvvaśaktimān prabhuḥ paramēśvaraḥ sa gadati, ahamēva kaḥ kṣaścārthata ādirantaśca|
9 ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက၊ သင်တို့အစ်ကို ငါ ယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှု ခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင် ၊
yuṣmākaṁ bhrātā yīśukhrīṣṭasya klēśarājyatitikṣāṇāṁ sahabhāgī cāhaṁ yōhan īśvarasya vākyahētō ryīśukhrīṣṭasya sākṣyahētōśca pātmanāmaka upadvīpa āsaṁ|
10 ၁၀ သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍ ၊ တံပိုး ခရာ အသံကဲ့သို့ငါ့နောက်၌ မြည်သော အသံကြီးကို ကြား၏။
tatra prabhō rdinē ātmanāviṣṭō 'haṁ svapaścāt tūrīdhvanivat mahāravam aśrauṣaṁ,
11 ၁၁ မြည်သောအချက်ဟူမူကား၊ သင်သည်မြင်သော အရာကို စာစောင်၌ ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက် လော့ဟုဆိုသတည်း။
tēnōktam, ahaṁ kaḥ kṣaścārthata ādirantaśca| tvaṁ yad drakṣyasi tad granthē likhitvāśiyādēśasthānāṁ sapta samitīnāṁ samīpam iphiṣaṁ smurṇāṁ thuyātīrāṁ sārddiṁ philādilphiyāṁ lāyadīkēyāñca prēṣaya|
12 ၁၂ ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင် ၊ ရွှေမီးခွက်ခုနှစ် လုံးကို၎င်း ၊
tatō mayā sambhāṣamāṇasya kasya ravaḥ śrūyatē taddarśanārthaṁ mukhaṁ parāvarttitaṁ tat parāvartya svarṇamayāḥ sapta dīpavr̥kṣā dr̥ṣṭāḥ|
13 ၁၃ ထိုမီးခွက်ခုနှစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦး ကို၎င်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။
tēṣāṁ sapta dīpavr̥kṣāṇāṁ madhyē dīrghaparicchadaparihitaḥ suvarṇaśr̥ṅkhalēna vēṣṭitavakṣaśca manuṣyaputrākr̥tirēkō janastiṣṭhati,
14 ၁၄ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း ၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။
tasya śiraḥ kēśaśca śvētamēṣalōmānīva himavat śrētau lōcanē vahniśikhāsamē
15 ၁၅ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။
caraṇau vahnikuṇḍētāpitasupittalasadr̥śau ravaśca bahutōyānāṁ ravatulyaḥ|
16 ၁၆ လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။
tasya dakṣiṇahastē sapta tārā vidyantē vaktrācca tīkṣṇō dvidhāraḥ khaṅgō nirgacchati mukhamaṇḍalañca svatējasā dēdīpyamānasya sūryyasya sadr̥śaṁ|
17 ၁၇ ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည်လက်ျာ လက်ထောက်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။
taṁ dr̥ṣṭvāhaṁ mr̥takalpastaccaraṇē patitastataḥ svadakṣiṇakaraṁ mayi nidhāya tēnōktam mā bhaiṣīḥ; aham ādirantaśca|
18 ၁၈ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်းငါအစိုးရ၏။ (aiōn g165, Hadēs g86)
aham amarastathāpi mr̥tavān kintu paśyāham anantakālaṁ yāvat jīvāmi| āmēn| mr̥tyōḥ paralōkasya ca kuñjikā mama hastagatāḥ| (aiōn g165, Hadēs g86)
19 ၁၉ ထိုကြောင့်၊ သင်သည်မြင်ပြီးသော အရာတို့ကို၎င်း၊ ယခုရှိသော အရာတို့ကို၎င်း၊ နောင်ဖြစ်လတံ့သော အရာတို့ကို၎င်း ရေးထားလော့။
atō yad bhavati yaccētaḥ paraṁ bhaviṣyati tvayā dr̥ṣṭaṁ tat sarvvaṁ likhyatāṁ|
20 ၂၀ ငါ့လက်ျာလက်၌ ထင်ရှားသောကြယ်ခုနှစ်လုံးနှင့်ရွှေမီးခွက် ခုနှစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနှစ်လုံးသည်အသင်းတော်ခုနှစ်ပါးဖြစ်၏။ ကြယ်ခုနှစ်လုံးသည်လည်းထိုခုနှစ်ပါးသော အသင်းတော် တို့ကို အုပ်သောတမန်ဖြစ်ကြ၏။
mama dakṣiṇahastē sthitā yāḥ sapta tārā yē ca svarṇamayāḥ sapta dīpavr̥kṣāstvayā dr̥ṣṭāstattātparyyamidaṁ tāḥ sapta tārāḥ sapta samitīnāṁ dūtāḥ suvarṇamayāḥ sapta dīpavr̥kṣāśca sapta samitayaḥ santi|

< ဗျာဒိတ်ကျမ်း 1 >