< ဗျာဒိတ်ကျမ်း 4 >

1 ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိ သောတံပိုးခရာသံ ကဲ့သို့ မြည်လေ၏။
tataḥ paraṁ mayā dr̥ṣṭipātaṁ kr̥tvā svargē muktaṁ dvāram ēkaṁ dr̥ṣṭaṁ mayā sahabhāṣamāṇasya ca yasya tūrīvādyatulyō ravaḥ pūrvvaṁ śrutaḥ sa mām avōcat sthānamētad ārōhaya, itaḥ paraṁ yēna yēna bhavitavyaṁ tadahaṁ tvāṁ darśayiṣyē|
2 ထိုအခါဝိညာဉ်တော်ကို ငါသည်ချက်ခြင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူလည်းရှိ၏။
tēnāhaṁ tatkṣaṇād ātmāviṣṭō bhūtvā 'paśyaṁ svargē siṁhāsanamēkaṁ sthāpitaṁ tatra siṁhāsanē ēkō jana upaviṣṭō 'sti|
3 ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့်တူ၏။ ပလ္လင်၏ ပတ်ဝန်း ကျင်၌ကား၊ မြကျောက် အဆင်းအရောင်နှင့်တူသော သက်တံ့ရှိ၏။
siṁhāsanē upaviṣṭasya tasya janasya rūpaṁ sūryyakāntamaṇēḥ pravālasya ca tulyaṁ tat siṁhāsanañca marakatamaṇivadrūpaviśiṣṭēna mēghadhanuṣā vēṣṭitaṁ|
4 ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသော ပလ္လင် နှစ်ဆယ်လေး ပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏။
tasya siṁhāsanē caturdikṣu caturviṁśatisiṁhāsanāni tiṣṭhanti tēṣu siṁhāsanēṣu caturviṁśati prācīnalōkā upaviṣṭāstē śubhravāsaḥparihitāstēṣāṁ śirāṁsi ca suvarṇakirīṭai rbhūṣitāni|
5 ပလ္လင်တော်ထဲကလျှပ်စစ်ပြတ်၏။ စကား ပြောသံ၊ မိုဃ်းကြိုး သံလည်းမြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက် ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။
tasya siṁhāsanasya madhyāt taḍitō ravāḥ stanitāni ca nirgacchanti siṁhāsanasyāntikē ca sapta dīpā jvalanti ta īśvarasya saptātmānaḥ|
6 ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏အတွင်း၌၎င်း၊ ပတ်ဝန်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။
aparaṁ siṁhāsanasyāntikē sphaṭikatulyaḥ kācamayō jalāśayō vidyatē, aparam agrataḥ paścācca bahucakṣuṣmantaścatvāraḥ prāṇinaḥ siṁhasanasya madhyē caturdikṣu ca vidyantē|
7 ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည် နွား သငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါ သည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ၏။
tēṣāṁ prathamaḥ prāṇī siṁhākārō dvitīyaḥ prāṇī gōvātsākārastr̥tīyaḥ prāṇī manuṣyavadvadanaviśiṣṭaścaturthaśca prāṇī uḍḍīyamānakurarōpamaḥ|
8 ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏ နေ့ညဉ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆိုကြ၏။
tēṣāṁ caturṇām ēkaikasya prāṇinaḥ ṣaṭ pakṣāḥ santi tē ca sarvvāṅgēṣvabhyantarē ca bahucakṣurviśiṣṭāḥ, tē divāniśaṁ na viśrāmya gadanti pavitraḥ pavitraḥ pavitraḥ sarvvaśaktimān varttamānō bhūtō bhaviṣyaṁśca prabhuḥ paramēśvaraḥ|
9 ပလ္လင်တော်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည်ချီးမွမ်းကြသောအခါ၊ (aiōn g165)
itthaṁ taiḥ prāṇibhistasyānantajīvinaḥ siṁhāsanōpaviṣṭasya janasya prabhāvē gauravē dhanyavādē ca prakīrttitē (aiōn g165)
10 ၁၀ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျက် ၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသော သူကို ကိုးကွယ်လျက် ၊ (aiōn g165)
tē caturviṁśatiprācīnā api tasya siṁhāsanōpaviṣṭasyāntikē praṇinatya tam anantajīvinaṁ praṇamanti svīyakirīṭāṁśca siṁhāsanasyāntikē nikṣipya vadanti, (aiōn g165)
11 ၁၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်း လျက်ရှိကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော်သည်ဘုန်းအသရေ တန်ခိုးတော် ကို ခံစားထိုက်တော်မူ၏ဟုလျှောက်ဆို၍၊ ပလ္လင်တော် ရှေ့၌ မိမိတို့သရဖူများကိုချထားကြ၏။
hē prabhō īśvarāsmākaṁ prabhāvaṁ gauravaṁ balaṁ| tvamēvārhasi samprāptuṁ yat sarvvaṁ sasr̥jē tvayā| tavābhilāṣataścaiva sarvvaṁ sambhūya nirmmamē||

< ဗျာဒိတ်ကျမ်း 4 >