< ဗျာဒိတ်ကျမ်း 2 >

1 ဧဖက်မြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍မှာ လိုက်လော့။ လက်ျာလက်၌ ကြယ်ခုနစ် လုံးကိုကိုင်၍၊ ရွှေမီးခွက်ခုနစ် လုံးအလယ်၌ သွားလာသောသူ၏အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။
你給厄弗所教會的天使寫:「那右手握著七顆星,而在那七盞金燈臺當中行走的這樣說:
2 သင်သည်မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကို၎င်း၊ တမန်တော်မဟုတ်ဘဲ၊ တမန်တော်ဖြစ် ယောင်ဆောင်သောသူတို့ကို စစ်ဆေး၍ လှည့်ဖြားသော သူဖြစ်သည်ဟု သိကြောင်းကို၎င်း ၊
我知道你的作為、你的苦勞和你的堅忍;也知道你不能容忍惡人,並且你也會查驗出那些自稱為宗徒而實非宗徒的人,發現他們是撒謊的人;
3 ခန္တီနှင့်ပြည့်စုံ၍။ ငါ၏နာမကြောင့်ဆင်းရဲခံ၍ အားမလျော့ကြောင်းကို၎င်းငါသိ၏။
也知道你有堅忍,為了我的名字受了苦,而毫不厭倦。
4 သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်း မေတ္တာလျော့ပြီဟုသင်၌ အပြစ်တင်စရာရှိ၏။
可是,我有反對你的一條,就是你拋棄了你起初的愛德,
5 ထိုကြောင့်၊ သင်သည်မရွေ့လျော့မှီ ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့ ၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာ သို့ငါသည်အလျင်အမြန်လာမည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကိုနေရာမှရွှေ့မည်။
所以你該回想你是從那裏跌下的,你該悔改,行先前所行的事:若你不悔改,我就要臨於你,把你的燈臺從原處挪去。
6 သို့သော်လည်း ငါမုန်းသောနိကောလ တပည့်တို့၏ အကျင့်ကို သင်လည်းမုန်းသည်ဟု ပြောစရာရှိ၏။
不過你有一條:就是你惱恨了尼苛勞黨人的行為,這也是我所惱恨的。
7 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။ အကြင်သူ သည်အောင်မြင်၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည်။
有耳朵的,應聽聖神向各教會說的話:勝利的,我要把天主樂園中生命樹的果實,賜給他吃。」
8 စမုရနမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူတည်းဟူသော၊ အရင်သေ၍ အသက်ရှင်လျက်ရှိသော သူ၏ အမိန့်တော်ကား၊
你給斯米那教會的天使寫:「那身為元始和終末,曾死過而復生的這樣說:
9 သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်း ကိုငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်ဝပြည့်စုံခြင်း ရှိ၏။ ယုဒလူဖြစ်ယောင် ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။
我知道你的困苦和貧窮,其實你是富足的;也知道你由那些自稱為猶太人的人受的誹謗,其實他們不是猶太人,而是撒殫的會眾。
10 ၁၀ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။
不要怕你要受的苦!看,魔鬼要把你們中的一些人投在監裏,叫你們受試探;你們要遭受困難十天之久。你應當忠信至死,我必要賜給你生命的華冠。
11 ၁၁ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။
有耳朵的,應聽聖神向各教會說的話:勝利的必不受第二次死亡的害。」
12 ၁၂ ပေရဂံမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ထက်သောသန်လျက် ရှိသော သူ၏ အမိန့်တော်ကား၊
你給培爾加摩教會的天使寫:「那持有雙刃利劍的這樣說:
13 ၁၃ သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသောသင်၏နေရာအရပ် ကို၎င်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသောနေ့ရက်ကာလတွင်ပင်၊ သင်သည်ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်း တရားကို မစွန့်မပယ်။
我知道你居住的地方,在那裏有撒殫的寶座;當我忠信的見證安提帕在你們中間,即在撒殫居住的地方被殺的時日,你仍堅持了我的名字,從未否認對我的信仰。
14 ၁၄ သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါ ၎င်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း ၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကိုအကြံပေးသောသူတည်းဟူသော ဗာလမ်၏ အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ ၌ရှိကြသည်ဖြစ်၍၊ သင်၌အနည်းငယ်သောအပြစ်တင်စရာရှိ၏။
可是,我有反對你的幾條,就是:在你們那裏,你容忍了一些堅持巴郎教訓的人;巴郎曾教巴拉克在以色列子民前安放了絆腳石,叫他們吃祭肉,行邪淫;
15 ၁၅ ထိုအယူနှင့်သဘောတူသော နိကောလတပည့်တို့၏ အယူကို စွဲလမ်းသော သူတို့သည် ထိုနည်းတူ သင်၌ရှိကြ၏။
同樣,你也容忍了一些堅持尼苛勞黨人教訓的人。
16 ၁၆ ထိုကြောင့်နောင်တရလော့။ မရလျှင်သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။
所以你應當悔改,不然,我就要迅速臨於你,用我口中的利劍攻擊他們。
17 ၁၇ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည် ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသောမန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သောနာမသစ်ကို၎င်း ထိုသူအား ငါပေးမည်။ ထိုကျောက်ကိုရသော သူမှတပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။
有耳朵的,應聽聖神向各教會說的話:勝利的,我要賜給他隱藏的「瑪納」,也要賜給他一塊刻有新名號的白石,除領受的人外,誰也不認得這名號。」
18 ၁၈ သွာတိရမြို့၌ ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့် ၎င်း ၊ ကြေးဝါစစ်နှင့်တူသောခြေနှင့်၎င်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊
你給提雅提辣教會的天使寫:「那位眼睛有如火燄,雙腳有如光銅的天主子這樣說:
19 ၁၉ သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကို၎င်း နောက်ကျင့် သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက် သာ၍ များကြောင်းကို၎င်း ငါသိ၏။
我知道你的作為、你的愛德、信德、服務和堅忍,也知道你末後的作為比先前的更多。
20 ၂၀ သို့သော်လည်း၊ ငါ၏အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့်၊ သင်၌ အပြစ်တင်စရာ ရှိ၏။
可是我有反對你的一條,就要你曾容許那自稱為先知的婦人依則貝耳教訓我的僕人,並引誘他們行邪淫,吃祭肉。
21 ၂၁ နောင်တရသင့်သောကာလကို ငါပေးသော်လည်း၊ သူသည် မိမိမတရားသောမေထုန်ကို နောင်တ ရချင်သော စိတ်မရှိ။
我原給了她悔改的時間,可是她不肯悔改自己的淫行。
22 ၂၂ ထိုကြောင့်၊ သူ့ကိုအိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကိုနောင်တမရသောသူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။
看,我要把她投在病床上,並且把那些與她行邪淫的人,若他們對她的惡行不予以悔改,也投到重大的困苦中,
23 ၂၃ သူ၏သားသမီးတို့ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသော သူဖြစ်ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါပေးမည်။
並將她的子女置於死地;這樣各教會都知道我是洞察人心和肺腑的主,並且我要按照你們的行為,報應你們每一個人。
24 ၂၄ ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ၊ စာတန်၏ နက်နဲသောအရာဟုခေါ်ဝေါ် သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား၊ သင်တို့ သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့။
至於你們其餘的提雅提辣人,凡不隨從這種教訓,不認識那所謂「撒殫奧義」的人,我對你們說:我不再把別的重擔加在你們身上,
25 ၂၅ ထိုမှတပါး အခြားသောဝန်ကို သင်တို့အပေါ်၌ ငါမတင်။
可是你們應該堅持已有的,直到我來。
26 ၂၆ အကြင်သူသည်အောင်မြင်၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့်၏။ ငါ့ခမည်းတော်သည် ငါ့အား အခွင့် ပေးတော်မူသကဲ့သို့၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှါ ထိုသူအားငါသည် အခွင့်ပေးမည်။
勝利的,並且到最末堅守我事業的人,我必賜給他治理萬民的權柄--
27 ၂၇ ထိုသူသည် သူတို့ကိုသံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်။
他將用鐵杖管轄他們,有如打碎瓦器--
28 ၂၈ မိုဃ်းသောက်ကြယ်ကိုလည်း ထိုသူအား ငါပေးမည်။
正如我由我父所領受的權柄一樣;我還要賜給他那顆晨星。
29 ၂၉ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။
有耳朵的,應聽聖神向各教會說的話。」

< ဗျာဒိတ်ကျမ်း 2 >