< ဆာလံ 93 >

1 ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက် ရှိ၏။
יהוה מלך גאות לבש לבש יהוה עז התאזר אף תכון תבל בל תמוט׃
2 ကိုယ်တော်၏ ပလ္လင်သည် ရှေ့ဦးစွာမှစ၍ တည်ပါ၏။ ကိုယ်တော်သည် ရှေးကာလမှစ၍ အစဉ် အမြဲဖြစ်တော်မူ၏။
נכון כסאך מאז מעולם אתה׃
3 အို ထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကို ပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုးခတ်ကြပါ၏။
נשאו נהרות יהוה נשאו נהרות קולם ישאו נהרות דכים׃
4 ရေများ ဟုန်းသံနှင့်တကွ သမုဒ္ဒရာ လှိုင်းတံပိုး တို့သည်အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့် သော အရပ်၌သာ၍ တန်ခိုးကြီးတော်မူ၏။
מקלות מים רבים אדירים משברי ים אדיר במרום יהוה׃
5 သက်သေခံတော်မူချက်တို့သည် အလွန်မြဲမြံကြ ပါ၏။ အိုထာဝရဘုရား၊ သန့်ရှင်းခြင်းပါရမီသည် အစဉ် အမြဲ အိမ်တော်၏အသရေဖြစ်ပါသတည်း။
עדתיך נאמנו מאד לביתך נאוה קדש יהוה לארך ימים׃

< ဆာလံ 93 >