< ဆာလံ 89 >

1 အကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော် ကို အစဉ်အမြဲ သီချင်းဆိုပါမည်။ ကိုယ်တော်၏သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။
The lernyng of Ethan, Ezraite. I schal synge with outen ende; the mercies of the Lord. In generacioun and in to generacioun; Y schal telle thi treuthe with my mouth.
2 ကရုဏာတော်သည် အစဉ်အမြဲတည်ရပါ၏။ သစ္စာတော်ကို ကောင်းကင်၌ခိုင်ခံ့မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ၏။
For thou seidist, With outen ende merci schal be bildid in heuenes; thi treuthe schal be maad redi in tho.
3 ကိုယ်တော်မိန့်တော်မူသည်ကား၊ သင်၏အမျိုး အနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည်။
I disposide a testament to my chosun men; Y swoor to Dauid, my seruaunt,
4 သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည် ပဋိညာဉ်ဖွဲ့၍၊ ငါ၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကိုပြုပြီ။
Til in to with outen ende I schal make redi thi seed. And Y schal bilde thi seete; in generacioun, and in to generacioun.
5 အို ထာဝရဘုရား၊ ကောင်းကင်သည် အံ့ဘွယ် သော အမှုတော်တို့ကို၎င်း၊ သန့်ရှင်းသောသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို၎င်း ချီးမွမ်းကြပါစေသော။
Lord, heuenes schulen knouleche thi merueilis; and thi treuthe in the chirche of seyntis.
6 အကြောင်းမူကား၊ ကောင်းကင်တွင် ထာဝရ ဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း။ ဘုရားသခင်၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။
For who in the cloudis schal be maad euene to the Lord; schal be lijk God among the sones of God?
7 ဘုရားသခင်သည် သန့်ရှင်းသူတို့၏ ပရိသတ် တွင် အလွန်ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဘွယ် ဖြစ်တော်မူ၏။
God, which is glorified in the counsel of seyntis; is greet, and dreedful ouere alle that ben in his cumpas.
8 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။
Lord God of vertues, who is lijk thee? Lord, thou art miyti, and thi treuthe is in thi cumpas.
9 သမုဒ္ဒရာ ဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်း တံပိုးထသောအခါ ငြိမ်းစေတော်မူ၏။
Thou art Lord of the power of the see; forsothe thou aswagist the stiryng of the wawis therof.
10 ၁၀ ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက်၍၊ အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ၏။
Thou madist lowe the proude, as woundid; in the arm of thi vertu thou hast scaterid thin enemyes.
11 ၁၁ ကောင်းကင်နှင့်မြေကြီးသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာ များကို တည်တော်မူပြီ။
Heuenes ben thin, and erthe is thin; thou hast foundid the world, and the fulnesse therof;
12 ၁၂ မြောက် မျက်နှာနှင့်တောင်မျက်နှာ ကိုလည်းဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန် တောင်သည် နာမတော်ကို အမှီပြု၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ၏။
thou madist of nouyt the north and the see. Thabor and Hermon schulen make ful out ioye in thi name;
13 ၁၃ တန်ခိုးရှိသော လက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည် အားကြီး၍၊ လက်ျာလက်တော်သည် မြင့်ပါ၏။
thin arm with power. Thin hond be maad stidefast, and thi riythond be enhaunsid;
14 ၁၄ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ် ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။
riytfulnesse and doom is the makyng redy of thi seete. Merci and treuthe schulen go bifore thi face;
15 ၁၅ အို ထာဝရဘုရား၊ နှိုးဆော်တော် မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ၏။
blessid is the puple that kan hertli song. Lord, thei schulen go in the liyt of thi cheer;
16 ၁၆ သူတို့သည် မျက်နှာတော်အလင်း၌ သွားလာ ရကြပါ၏။ နာမတော်၌အစဉ် ဝမ်းမြောက်၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရ ကြပါ၏။
and in thi name thei schulen make ful out ioye al dai; and thei schulen be enhaunsid in thi riytfulnesse.
17 ၁၇ ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ် တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။
For thou art the glorie of the vertu of hem; and in thi good plesaunce oure horn schal be enhaunsid.
18 ၁၈ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရား သည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
For oure takyng vp is of the Lord; and of the hooli of Israel oure kyng.
19 ၁၉ တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသော သူသည် ကူမမည် အကြောင်းငါခန့် ထားပြီ။ လူစုထဲက ရွေးကောက်သောသူတယောက်ကို ငါချီးမြှောက်ပြီ။
Thanne thou spakist in reuelacioun to thi seyntis, and seidist, Y haue set help in the myyti; and Y haue enhaunsid the chosun man of my puple.
20 ၂၀ ငါ၏ ကျွန် ဒါဝိဒ်ကို ငါတွေ့၍၊ သန့်ရှင်းသော ဆီနှင့်ဘိသိက်ပေးပြီ။
I foond Dauid, my seruaunt; Y anoyntide hym with myn hooli oile.
21 ၂၁ သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။
For myn hond schal helpe him; and myn arm schal conferme hym.
22 ၂၂ ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသော သူသည် မညှဉ်းဆဲရ။
The enemye schal no thing profite in him; and the sone of wickidnesse schal not `ley to, for to anoye him.
23 ၂၃ သူ၏ ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည်။
And Y schal sle hise enemyes fro his face; and Y schal turne in to fliyt hem that haten hym.
24 ၂၄ ငါ၏သစ္စာနှင့် ကရုဏာသည် သူ့ဘက်မှာနေ၍၊ ငါ၏နာမအားဖြင့် သူ၏ ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည်။
And my treuthe and mercy schal be with him; and his horn schal be enhaunsid in my name.
25 ၂၅ သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာ၎င်း၊သူ၏လက်ျာလက်ကို မြစ်များပေါ်မှာ၎င်း ငါတင်၍ ထားမည်။
And Y schal sette his hond in the see; and his riyt hoond in flodis.
26 ၂၆ သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်ရာ ကျောက်ဖြစ်တော်မူ၏ဟု၊ ငါ့ကို ကြွေးကြော်လိမ့်မည်။
He schal inwardli clepe me, Thou art my fadir; my God, and the vptaker of myn heelthe.
27 ၂၇ အကယ်စင်စစ်သူ့ကို သားဦးအရာ၌ ခန့်ထား၍၊ လောကီရှင် ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည်။
And Y schal sette him the firste gendrid sone; hiyer than the kyngis of erthe.
28 ၂၈ ငါ၏ ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့်၍၊ ငါ၏ ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။
With outen ende Y schal kepe my merci to hym; and my testament feithful to him.
29 ၂၉ သူ၏ အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေ မည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည်။
And Y schal sette his seed in to the world of world; and his trone as the daies of heuene.
30 ၃၀ သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကို မကျင့်၊
Forsothe if hise sones forsaken my lawe; and goen not in my domes.
31 ၃၁ ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ် တို့ကို မစောင့်ဘဲနေလျှင်၊
If thei maken vnhooli my riytfulnessis; and kepen not my comaundementis.
32 ၃၂ ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့် ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။
I schal visite in a yerde the wickidnessis of hem; and in betyngis the synnes of hem.
33 ၃၃ သို့သော်လည်း၊ ငါ၏ကရုဏာကိုသူမှ ငါမနှုတ် မပယ်။ ငါ၏သစ္စာကိုလည်း မဖျက်။
But Y schal not scatere my mercy fro hym; and in my treuthe Y schal not anoye hym.
34 ၃၄ ငါ၏ပဋိညာဉ် တရားကိုလည်း မရှုတ်ချ။ ငါမိန့် မြွက်သော စကားလည်း ဖေါက်ပြန်ခြင်းမရှိရ။
Nethir Y schal make vnhooli my testament; and Y schal not make voide tho thingis that comen forth of my lippis.
35 ၃၅ ငါသည် ဒါဝိဒ်ကို မလှည့်စားဟု ငါ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါကျိန်ဆိုပြီ။
Onys Y swoor in myn hooli;
36 ၃၆ သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရ မည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ ဖြစ်ရ မည်။
Y schal not lie to Dauid, his seed schal dwelle with outen ende.
37 ၃၇ လကဲ့သို့၎င်း၊ မိုဃ်းကောင်းကင်၌ သစ္စာစောင့် သော သက်သေကဲ့သို့၎င်း၊ အစဉ်မြဲမြံရမည်ဟု ကိုယ် တော်သည် မိန့်တော်မူပါပြီ။
And his trone as sunne in my siyt, and as a perfit mone with outen ende; and a feithful witnesse in heuene.
38 ၃၈ သို့သော်လည်း၊ ကိုယ်တော်သည် ယခုစွန့်ပယ်၍ ရွံရှာတော်မူပြီ။ အထံတော်၌ ဘိသိက်ခံသော သူကို အမျက်ထွက်တော်မူပြီ။
But thou hast put awei, and hast dispisid; and hast dilaied thi crist.
39 ၃၉ ကိုယ်တော်၏ ကျွန်နှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်၍၊ သူ၏သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ။
Thou hast turned awei the testament of thi seruaunt; thou madist vnhooli his seyntuarie in erthe.
40 ၄၀ သူ၏ခြံရှိသမျှတို့ကိုချိုး၍၊ သူ၏တိုက်များကို ဖြိုဖျက်တော်မူပြီ။
Thou distriedist alle the heggis therof; thou hast set the stidefastnesse therof drede.
41 ၄၁ လမ်း၌ရှောက်သွားသော သူအပေါင်းတို့သည် သူ့ကိုလုယူကြ၏။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဘွယ်ဖြစ်ပါ၏။
Alle men passynge bi the weie rauyschiden him; he is maad schenschipe to hise neiyboris.
42 ၄၂ သူ၏ရန်သူတို့ လက်ျာလက်ကို ချီးမြှင့်၍၊ ရန်ဘက်ပြုသောသူ အပေါင်းတို့ကို ဝမ်းမြောက်စေ တော်မူ၏။
Thou hast enhaunsid the riythond of men oppressinge him; thou hast gladid alle hise enemyes.
43 ၄၃ သူ၏ထားသွားကိုလိပ်စေ၍၊ သူစစ်တိုက်ရာတွင် ထောက်မတော်မမူပါ။
Thou hast turned awei the help of his swerd; and thou helpidist not hym in batel.
44 ၄၄ သူ၏ဘုန်းကိုကွယ်စေ၍၊ သူ၏ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော် မူပြီ။
Thou destriedist him fro clensing; and thou hast hurtlid doun his seete in erthe.
45 ၄၅ သူ၏ပျိုသောအရွယ်ကို တိုစေ၍ အရှက်ခွဲတော် မူပြီ။
Thou hast maad lesse the daies of his time; thou hast bisched him with schenschip.
46 ၄၆ အို ထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်း မထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံးပုန်း၍ နေတော် မူမည်နည်း။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။
Lord, hou longe turnest thou awei in to the ende; schal thin ire brenne out as fier?
47 ၄၇ အကျွန်ုပ်၏ အသက်တာသည် အဘယ်မျှ လောက် တိုသည်ကို၎င်း၊ အဘယ်မျှလောက်ပျက်တတ် စေခြင်းငှါ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည် ကို၎င်း၊ အောက်မေ့တော်မူပါ။
Bithenke thou what is my substaunce; for whether thou hast ordeyned veynli alle the sones of men?
48 ၄၈ သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ် ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူကား အဘယ်သူနည်း။ (Sheol h7585)
Who is a man, that schal lyue, and schal not se deth; schal delyuere his soule fro the hond of helle? (Sheol h7585)
49 ၄၉ အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ် တော်၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေး ကရုဏာတော်သည် အဘယ်မှာ ရှိပါသနည်း။
Lord, where ben thin elde mercies; as thou hast swore to Dauid in thi treuthe?
50 ၅၀ အိုထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာ သော လူတို့၏ အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ် ရင်ခွင်၌ ဆောင်ရပါ၏။
Lord, be thou myndeful of the schenschipe of thi seruauntis, of many hethene men; whiche Y helde togidere in my bosum.
51 ၅၁ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ် တော်၏ ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြ ပါ၏။
Whiche thin enemyes, Lord, diden schenschipfuli; for thei dispisiden the chaungyng of thi crist.
52 ၅၂ ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့်အာမင်။
Blessid be the Lord with outen ende; be it don, be it don.

< ဆာလံ 89 >