< ဆာလံ 82 >

1 ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ ရပ်လျက် နေတော်မူ၍၊ ဘုရားတို့ အလယ်၌ စီရင်တော်မူ ၏။
ဘုရား သခင်သည် ဘုရားတို့၏ ပရိသတ် ၌ ရပ် လျက် နေတော်မူ၍၊ ဘုရား တို့ အလယ် ၌ စီရင် တော်မူ၏။
2 သင်တို့သည် မတရားသော သူတို့၏ မျက်နှာကို ထောက်၍၊ အဘယ်မျှ ကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။
သင်တို့သည် မတရား သောသူတို့ ၏ မျက်နှာ ကို ထောက် ၍ ၊ အဘယ် မျှ ကာလ ပတ်လုံး မ တရားသဖြင့် စီရင် ကြမည်နည်း။
3 ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ဘက်၌ တရားစီရင်ကြလော့။
ဆင်းရဲ သော သူနှင့် မိဘ မရှိသောသူတို့ကို စောင့် မကြလော့။ ငြိုငြင် သောသူနှင့် ငတ်မွတ် သောသူတို့ ဘက်၌ တရား စီရင်ကြလော့။
4 ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသော သူ၏လက်မှ ကယ်နှုတ်ကြလော့။
ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ ကို မတရား သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။
5 သူတို့သည် မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။
သူတို့သည် မ သိ ၊ နား မ လည်ကြ။ မှောင်မိုက် ၌ ကျင်လည် ကြ၏။ မြေကြီး တိုက်မြစ် အပေါင်း တို့သည် လှုပ်ရှား လျက်ရှိကြ၏။
6 သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား၏သားဖြစ်ကြ၏ဟုငါဆိုသတည်း။
သင် တို့သည် ဘုရား ဖြစ်ကြ၏။ ရှိသမျှ တို့သည် အမြင့်ဆုံး သော ဘုရား၏သား ဖြစ်ကြ၏ဟုငါ ဆို သတည်း။
7 သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်။
သို့ သော်လည်း၊ သင်တို့သည် လူ ကဲ့သို့ သေ ၍ ၊ အခြား သော မင်း ကဲ့သို့ ဆုံးရှုံး ခြင်းသို့ရောက်ကြလိမ့်မည်။
8 အိုဘုရားသခင်၊ ထ၍မြေကြီးကို တရားစီရင် တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင် ရတော်မူ၏။
အိုဘုရား သခင်၊ ထ ၍မြေကြီး ကို တရားစီရင် တော်မူပါ။ ကိုယ်တော် သည် လူမျိုး အပေါင်း တို့ကို အပိုင် ရတော်မူ၏။

< ဆာလံ 82 >