< ဆာလံ 78 >

1 ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သော စကားကို နားထောင်ကြလော့။
מַשְׂכִּ֗יל לְאָ֫סָ֥ף הַאֲזִ֣ינָה עַ֭מִּי תֹּורָתִ֑י הַטּ֥וּ אָ֝זְנְכֶ֗ם לְאִמְרֵי־פִֽי׃
2 ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲ သော အရာများကို ဘော်ပြပေအံ့။
אֶפְתְּחָ֣ה בְמָשָׁ֣ל פִּ֑י אַבִּ֥יעָה חִ֝ידֹ֗ות מִנִּי־קֶֽדֶם׃
3 ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရ သော ထိုအရာများကို၊
אֲשֶׁ֣ר שָׁ֭מַעְנוּ וַנֵּדָעֵ֑ם וַ֝אֲבֹותֵ֗ינוּ סִפְּרוּ־לָֽנוּ׃
4 သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကို၎င်း၊ ပြုတော်မူ သော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ ဖြစ်လတံ့သောသူတို့အား ဘော်ပြကြမည်။
לֹ֤א נְכַחֵ֨ד ׀ מִבְּנֵיהֶ֗ם לְדֹ֥ור אַחֲרֹ֗ון מְֽ֭סַפְּרִים תְּהִלֹּ֣ות יְהוָ֑ה וֶעֱזוּזֹ֥ו וְ֝נִפְלְאֹותָ֗יו אֲשֶׁ֣ר עָשָֽׂה׃
5 အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေ တရားကိုစီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။
וַיָּ֤קֶם עֵד֨וּת ׀ בְּֽיַעֲקֹ֗ב וְתֹורָה֮ שָׂ֤ם בְּיִשְׂרָ֫אֵ֥ל אֲשֶׁ֣ר צִ֭וָּה אֶת־אֲבֹותֵ֑ינוּ לְ֝הֹודִיעָ֗ם לִבְנֵיהֶֽם׃
6 သဘောမဖြောင့်၊
לְמַ֤עַן יֵדְע֨וּ ׀ דֹּ֣ור אַ֭חֲרֹון בָּנִ֣ים יִוָּלֵ֑דוּ יָ֝קֻ֗מוּ וִֽיסַפְּר֥וּ לִבְנֵיהֶֽם׃
7 ဘုရားသခင်၌ စိတ်ဝိညာဉ် အမြဲမဆည်းကပ် သောအမျိုး၊
וְיָשִׂ֥ימוּ בֵֽאלֹהִ֗ים כִּ֫סְלָ֥ם וְלֹ֣א יִ֭שְׁכְּחוּ מַֽעַלְלֵי־אֵ֑ל וּמִצְוֹתָ֥יו יִנְצֹֽרוּ׃
8 ငြင်းဆန်၍ ပုန်ကန်တတ်အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည် မဖြစ်၊ ဘုရားသခင် အမှုတော်တို့ကို မမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အား ပြသ၍၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော၊ ဘွားမြင်လတံ့သော သားတို့သည် သိနားလည်၍၊ နောက်တဖန် မြေးမြစ်တို့ အား ပြသကြမည်အကြောင်း ပညတ်ထားတော်မူပြီ။
וְלֹ֤א יִהְי֨וּ ׀ כַּאֲבֹותָ֗ם דֹּור֮ סֹורֵ֪ר וּמֹ֫רֶ֥ה דֹּ֭ור לֹא־הֵכִ֣ין לִבֹּ֑ו וְלֹא־נֶאֶמְנָ֖ה אֶת־אֵ֣ל רוּחֹֽו׃
9 ဧဖရိမ် အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။
בְּֽנֵי־אֶפְרַ֗יִם נֹושְׁקֵ֥י רֹומֵי־קָ֑שֶׁת הָ֝פְכ֗וּ בְּיֹ֣ום קְרָֽב׃
10 ၁၀ ဘုရားသခင်၏ သစ္စာတော်ကို မစောင့်။ တရားတော်လမ်း၌ သွားခြင်းငှါ အလိုမရှိကြ။
לֹ֣א שָׁ֭מְרוּ בְּרִ֣ית אֱלֹהִ֑ים וּ֝בְתֹורָתֹ֗ו מֵאֲנ֥וּ לָלֶֽכֶת׃
11 ၁၁ အမှုတော်တို့ကို၎င်း၊ ပြတော်မူသောအံ့ဩဘွယ် တို့ကို၎င်း မေ့လျော့ကြ၏။
וַיִּשְׁכְּח֥וּ עֲלִילֹותָ֑יו וְ֝נִפְלְאֹותָ֗יו אֲשֶׁ֣ר הֶרְאָֽם׃
12 ၁၂ အဲဂုတ္တုပြည်၊ ဇောနအရပ်တွင် သူတို့အဘများ မျက်မှောက်၌ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူ၏။
נֶ֣גֶד אֲ֭בֹותָם עָ֣שָׂה פֶ֑לֶא בְּאֶ֖רֶץ מִצְרַ֣יִם שְׂדֵה־צֹֽעַן׃
13 ၁၃ ပင်လယ်ကိုခွဲ၍ သူတို့ကိုရှောက်သွားစေတော် မူ၏။ ရေများကို စုပုံ၍ ထားတော်မူ၏။
בָּ֣קַע יָ֭ם וַיַּֽעֲבִירֵ֑ם וַֽיַּצֶּב־מַ֥יִם כְּמֹו־נֵֽד׃
14 ၁၄ နေ့အချိန်၌ကား၊ မိုဃ်းတိမ်ဖြင့်၎င်း၊ ညဉ့်အချိန်၌ကားတညဉ့်လုံးမီးအလင်းဖြင့်၎င်း သူတို့ကို လမ်းပြတော်မူ၏။
וַיַּנְחֵ֣ם בֶּעָנָ֣ן יֹומָ֑ם וְכָל־הַ֝לַּ֗יְלָה בְּאֹ֣ור אֵֽשׁ׃
15 ၁၅ တော၌ ကျောက်တို့ကိုဖေါက်၍၊ ပင်လယ်ရေ ကဲ့သို့ များစွာသော ရေကို သူတို့အား တိုက်တော်မူ၏။
יְבַקַּ֣ע צֻ֭רִים בַּמִּדְבָּ֑ר וַ֝יַּ֗שְׁקְ כִּתְהֹמֹ֥ות רַבָּֽה׃
16 ၁၆ ကျောက်ထဲကစီးသော ရေကိုထွက်စေ၍၊ မြစ်ရေ ကဲ့သို့ရေများကို စီးစေတော်မူ၏။
וַיֹּוצִ֣א נֹוזְלִ֣ים מִסָּ֑לַע וַיֹּ֖ורֶד כַּנְּהָרֹ֣ות מָֽיִם׃
17 ၁၇ ထိုသူတို့မူကား၊ အမြင့်ဆုံးသော ဘုရားကို တော၌ပုန်ကန်သောအားဖြင့် တိုး၍ပြစ်မှားကြ၏။
וַיֹּוסִ֣יפוּ עֹ֖וד לַחֲטֹא־לֹ֑ו לַֽמְרֹ֥ות עֶ֝לְיֹ֗ון בַּצִּיָּֽה׃
18 ၁၈ မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ် နှလုံးထဲမှာ ဘုရားသခင်ကို စုံစမ်းကြ၏။
וַיְנַסּוּ־אֵ֥ל בִּלְבָבָ֑ם לִֽשְׁאָל־אֹ֥כֶל לְנַפְשָֽׁם׃
19 ၁၉ ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင် နိုင်သလော။
וַֽיְדַבְּר֗וּ בֵּֽאלֹ֫הִ֥ים אָ֭מְרוּ הֲי֣וּכַל אֵ֑ל לַעֲרֹ֥ךְ שֻׁ֝לְחָ֗ן בַּמִּדְבָּֽר׃
20 ၂၀ ကြည့်ကြလော့။ ကျောက်ကို ရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်း ပေးနိုင် သလော။ မိမိလူတို့အဘို့ အမဲသားကိုပြင်ဆင်နိုင်သလော ဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။
הֵ֤ן הִכָּה־צ֨וּר ׀ וַיָּז֣וּבוּ מַיִם֮ וּנְחָלִ֪ים יִ֫שְׁטֹ֥פוּ הֲגַם־לֶ֭חֶם י֣וּכַל תֵּ֑ת אִם־יָכִ֖ין שְׁאֵ֣ר לְעַמֹּֽו׃
21 ၂၁ ထိုစကားကို ထာဝရဘုရားသည် ကြား၍ အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌ မီးလောင်၍၊ ဣသရေလအမျိုး၌ ဒေါသမီးတက်လေ၏။
לָכֵ֤ן ׀ שָׁמַ֥ע יְהוָ֗ה וַֽיִּתְעַבָּ֥ר וְ֭אֵשׁ נִשְּׂקָ֣ה בְיַעֲקֹ֑ב וְגַם־אַ֝֗ף עָלָ֥ה בְיִשְׂרָאֵֽל׃
22 ၂၂ အကြောင်းမူကား၊ အထက်မိုဃ်းတမ်တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ကို ဖွင့်၍၊ သူတို့ စားစရာဘို့ မန္နကို မိုဃ်းရွာစေသဖြင့်၊ ကောင်းကင် ဆန် စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် ကြီးမြတ်သော သူတို့၏ အစာကိုသုံးဆောင်၍၊ ဝပြောစွာ စားကြမည် အကြောင်းပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်း ကျေးဇူးကို မကိုးစားဘဲ နေကြ၏။
כִּ֤י לֹ֣א הֶ֭אֱמִינוּ בֵּאלֹהִ֑ים וְלֹ֥א בָ֝טְח֗וּ בִּֽישׁוּעָתֹֽו׃
23 ၂၃
וַיְצַ֣ו שְׁחָקִ֣ים מִמָּ֑עַל וְדַלְתֵ֖י שָׁמַ֣יִם פָּתָֽח׃
24 ၂၄
וַיַּמְטֵ֬ר עֲלֵיהֶ֣ם מָ֣ן לֶאֱכֹ֑ל וּדְגַן־שָׁ֝מַ֗יִם נָ֣תַן לָֽמֹו׃
25 ၂၅
לֶ֣חֶם אַ֭בִּירִים אָ֣כַל אִ֑ישׁ צֵידָ֬ה שָׁלַ֖ח לָהֶ֣ם לָשֹֽׂבַע׃
26 ၂၆ မိုဃ်းကောင်းကင်၌ အရှေ့လေကို ပယ်၍၊ အားကြီးသောတောင် လေကို ဆောင်ခဲ့သဖြင့်၊
יַסַּ֣ע קָ֭דִים בַּשָּׁמָ֑יִם וַיְנַהֵ֖ג בְּעֻזֹּ֣ו תֵימָֽן׃
27 ၂၇ သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှ ပျံတက်သောငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ မိုဃ်းရွာ စေလျက်၊
וַיַּמְטֵ֬ר עֲלֵיהֶ֣ם כֶּעָפָ֣ר שְׁאֵ֑ר וּֽכְחֹ֥ול יַ֝מִּ֗ים עֹ֣וף כָּנָֽף׃
28 ၂၈ သူတို့တပ်ချ၍၊ နေရာအရပ်ပတ်လည်၌ ကျစေ တော်မူ၏။
וַ֭יַּפֵּל בְּקֶ֣רֶב מַחֲנֵ֑הוּ סָ֝בִ֗יב לְמִשְׁכְּנֹתָֽיו׃
29 ၂၉ ထိုသို့ သူတို့ အလိုရှိသည်အတိုင်း ပေးတော် မူသဖြင့်၊ သူတို့သည် ဝပြောစွာ စားရကြ၏။
וַיֹּאכְל֣וּ וַיִּשְׂבְּע֣וּ מְאֹ֑ד וְ֝תַֽאֲוָתָ֗ם יָבִ֥א לָהֶֽם׃
30 ၃၀ သူတို့ တပ်မက်သောအစာကိုမရောင့်ရဲမှီ စားကြစဉ်တွင်၊
לֹא־זָר֥וּ מִתַּאֲוָתָ֑ם עֹ֝֗וד אָכְלָ֥ם בְּפִיהֶֽם׃
31 ၃၁ ဘုရားသခင်၏အမျက်တော်သည် သက်ရောက် သဖြင့်၊ ကျန်းမာသောသူတို့ကို ကွပ်မျက်၍၊ ဣသရေလ လူပျိုတို့ကို လှဲချတော်မူ၏။
וְאַ֤ף אֱלֹהִ֨ים ׀ עָ֘לָ֤ה בָהֶ֗ם וַֽ֭יַּהֲרֹג בְּמִשְׁמַנֵּיהֶ֑ם וּבַחוּרֵ֖י יִשְׂרָאֵ֣ל הִכְרִֽיעַ׃
32 ၃၂ ထိုအမှုအလုံးစုံတို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း၊ အံ့ဘွယ်သော အမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ။ ပြစ်မှားလျက် နေကြသေး၏။
בְּכָל־זֹ֭את חָֽטְאוּ־עֹ֑וד וְלֹֽא־הֶ֝אֱמִ֗ינוּ בְּנִפְלְאֹותָֽיו׃
33 ၃၃ ထိုကြောင့် သူတို့ နေ့ရက်ကာလကို အချည်းနှီး လွန်စေ၍၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှုပ်တော် မူ၏။
וַיְכַל־בַּהֶ֥בֶל יְמֵיהֶ֑ם וּ֝שְׁנֹותָ֗ם בַּבֶּהָלָֽה׃
34 ၃၄ သူတို့ကို ကွပ်မျက်တော်မူသောအခါ ကိုယ်တော် ကို ရှာကြ၏။ ပြန်လာ၍ ကိုယ်တော်ကို လိုက်ရှာကြ၏။
אִם־הֲרָגָ֥ם וּדְרָשׁ֑וּהוּ וְ֝שָׁ֗בוּ וְשִֽׁחֲרוּ־אֵֽל׃
35 ၃၅ ဘုရားသခင်သည် သူတို့၏ကျောက်၊ အမြင့်ဆုံး သော ဘုရားသည် သူတို့ကို ကယ်တင်သော အရှင်ဖြစ် တော်မူသည်ကို ထိုအခါ သတိရကြ၏။
וַֽ֭יִּזְכְּרוּ כִּֽי־אֱלֹהִ֣ים צוּרָ֑ם וְאֵ֥ל עֶ֝לְיֹון גֹּאֲלָֽם׃
36 ၃၆ သို့သော်လည်း၊ ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့ ၍၊ လျှာဖြင့်လည်း မုသာစကားကို လျှောက်ဆိုကြ၏။
וַיְפַתּ֥וּהוּ בְּפִיהֶ֑ם וּ֝בִלְשֹׁונָ֗ם יְכַזְּבוּ־לֹֽו׃
37 ၃၇ သူတို့စိတ်သဘောမူကား၊ ရှေ့တော်၌ မဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။
וְ֭לִבָּם לֹא־נָכֹ֣ון עִמֹּ֑ו וְלֹ֥א נֶ֝אֶמְנ֗וּ בִּבְרִיתֹֽו׃
38 ၃၈ ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကို မဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော် ကိုနှိုးဆော်တော်မမူ။
וְה֤וּא רַח֨וּם ׀ יְכַפֵּ֥ר עָוֹן֮ וְֽלֹא־יַ֫שְׁחִ֥ית וְ֭הִרְבָּה לְהָשִׁ֣יב אַפֹּ֑ו וְלֹֽא־יָ֝עִיר כָּל־חֲמָתֹֽו׃
39 ၃၉ သူတို့သည် အသားဖြစ်ကြောင်းကို၎င်း၊ စုတေ့၍ နောက်တဖန် မလာတတ်သော ဝိညာဉ်ဖြစ်ကြောင်းကို ၎င်း အောက်မေ့တော်မူ၏။
וַ֭יִּזְכֹּר כִּי־בָשָׂ֣ר הֵ֑מָּה ר֥וּחַ הֹ֝ולֵ֗ךְ וְלֹ֣א יָשֽׁוּב׃
40 ၄၀ သူတို့သည် ကိုယ်တော်ကို တော၌ပုန်ကန်၍၊ လူဆိတ်ညံရာ အရပ်၌ စိတ်တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။
כַּ֭מָּה יַמְר֣וּהוּ בַמִּדְבָּ֑ר יַ֝עֲצִיב֗וּהוּ בִּֽישִׁימֹֽון׃
41 ၄၁ ဘုရားသခင်ကို အဖန်ဖန်စုံစမ်း၍ ဣသရေလ အမျိုး၌ သန့်ရှင်းတော်မူသော ဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည်တကား။
וַיָּשׁ֣וּבוּ וַיְנַסּ֣וּ אֵ֑ל וּקְדֹ֖ושׁ יִשְׂרָאֵ֣ל הִתְווּ׃
42 ၄၂ တန်ခိုးတော်ကို၎င်း၊ ဒုက္ခထဲက ကယ်လွှတ်တော် မူသော နေ့ရက်ကာလကို၎င်း မအောက်မေ့ကြ။
לֹא־זָכְר֥וּ אֶת־יָדֹ֑ו יֹ֝֗ום אֲ‍ֽשֶׁר־פָּדָ֥ם מִנִּי־צָֽר׃
43 ၄၃ အဲဂုတ္တုပြည်၌ လက္ခဏာသက်သေတော်တို့ကို၎င်း၊ ဇောနအရပ်၌ အံ့ဘွယ်သော အမှုတို့ကို၎င်း ပြုတော်မူ၏။
אֲשֶׁר־שָׂ֣ם בְּ֭מִצְרַיִם אֹֽתֹותָ֑יו וּ֝מֹופְתָ֗יו בִּשְׂדֵה־צֹֽעַן׃
44 ၄၄ ထိုပြည်သားတို့သည် ရေမသောက်ရမည် အကြောင်း၊ သူတို့ မြစ်ရေ၊ စမ်းရေများကို သွေးဖြစ် စေတော်မူ၏။
וַיַּהֲפֹ֣ךְ לְ֭דָם יְאֹרֵיהֶ֑ם וְ֝נֹזְלֵיהֶ֗ם בַּל־יִשְׁתָּיֽוּן׃
45 ၄၅ သူတို့ကို ကိုက်စားတတ်သောယင်ရဲတို့ကို၎င်း၊ ဖျက်ဆီးတတ်သော ဘားတို့ကို၎င်း စေလွှတ်တော်မူ၏။
יְשַׁלַּ֬ח בָּהֶ֣ם עָ֭רֹב וַיֹּאכְלֵ֑ם וּ֝צְפַרְדֵּ֗עַ וַתַּשְׁחִיתֵֽם׃
46 ၄၆ သူတို့၏ မြေအသီးအနှံကို ခါသိလကျိုင်းတို့အား၎င်း၊ သူတို့လုပ်၍ရသောဥစ္စာကို အရာဘကျိုင်းတို့အား ၎င်း ပေးတော်မူ၏။
וַיִּתֵּ֣ן לֶחָסִ֣יל יְבוּלָ֑ם וִֽ֝יגִיעָ֗ם לָאַרְבֶּֽה׃
47 ၄၇ သူတို့စပျစ်နွယ်ပင်များကို မိုဃ်းသီးဖြင့်၎င်း၊ သူတို့ သဖန်းပင်များကို နှင်းခဲဖြင့်၎င်း ဖျက်ဆီးတော်မူ၏။
יַהֲרֹ֣ג בַּבָּרָ֣ד גַּפְנָ֑ם וְ֝שִׁקְמֹותָ֗ם בַּֽחֲנָמַֽל׃
48 ၄၈ သူတို့၏ သိုးနွားများကို မိုဃ်းသီး၌၎င်း၊ ပြုစု သော တိရစ္ဆာန်များကို မီး၌၎င်း အပ်တော်မူ၏။
וַיַּסְגֵּ֣ר לַבָּרָ֣ד בְּעִירָ֑ם וּ֝מִקְנֵיהֶ֗ם לָרְשָׁפִֽים׃
49 ၄၉ အမျက်တော် အရှိန်အားဖြင့်သူတို့၌ ဆိုးသော တမန်တို့ကို စေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောင့်ရှက်ခြင်းအမှုကိုဖြစ်စေတော်မူ၏။
יְשַׁלַּח־בָּ֨ם ׀ חֲרֹ֬ון אַפֹּ֗ו עֶבְרָ֣ה וָזַ֣עַם וְצָרָ֑ה מִ֝שְׁלַ֗חַת מַלְאֲכֵ֥י רָעִֽים׃
50 ၅၀ အမျက်တော်ဘို့ လမ်းကိုပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှါ ကာလနာသို့ အပ်နှံသဖြင့်၊
יְפַלֵּ֥ס נָתִ֗יב לְאַ֫פֹּ֥ו לֹא־חָשַׂ֣ךְ מִמָּ֣וֶת נַפְשָׁ֑ם וְ֝חַיָּתָ֗ם לַדֶּ֥בֶר הִסְגִּֽיר׃
51 ၅၁ အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို၎င်း၊ ဟာမသားတို့နေရာ အရပ်၌ အထွဋ်အမြတ်များကို၎င်း ဒဏ်ခတ်တော်မူ၏။
וַיַּ֣ךְ כָּל־בְּכֹ֣ור בְּמִצְרָ֑יִם רֵאשִׁ֥ית אֹ֝ונִ֗ים בְּאָהֳלֵי־חָֽם׃
52 ၅၂ မိမိလူများကိုကား၊ သိုးကဲ့သို့ ထွက်စေ၍၊ တော၌သူတို့ကို သိုးစုကဲ့သို့ ဆောင်တော်မူ၏။
וַיַּסַּ֣ע כַּצֹּ֣אן עַמֹּ֑ו וַֽיְנַהֲגֵ֥ם כַּ֝עֵ֗דֶר בַּמִּדְבָּֽר׃
53 ၅၃ ဘေးနှင့်ကင်းလွတ်အောင် ဆောင်တော်မူ သဖြင့်၊ သူတို့သည် မကြောက်ရကြ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ၏။
וַיַּנְחֵ֣ם לָ֭בֶטַח וְלֹ֣א פָחָ֑דוּ וְאֶת־אֹ֝ויְבֵיהֶ֗ם כִּסָּ֥ה הַיָּֽם׃
54 ၅၄ သန့်ရှင်းသော ပြည်တော်စွန်းတိုင်အောင်၎င်း၊ လက်ျာလက်တော်အားဖြင့် အပိုင်ရတော်မူသော ဤတောင်သို့၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။
וַ֭יְבִיאֵם אֶל־גְּב֣וּל קָדְשֹׁ֑ו הַר־זֶ֝֗ה קָנְתָ֥ה יְמִינֹֽו׃
55 ၅၅ သူတို့ရှေ့မှာလည်း၊ တပါးအမျိုးသားတို့ကို နှင် ထုတ်ပြီးလျှင်၊ ဣသရေလအမျိုးအနွယ် အသီးအသီးတို့ သည် အမွေခံရသော မြေကို တာထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။
וַיְגָ֤רֶשׁ מִפְּנֵיהֶ֨ם ׀ גֹּויִ֗ם וַֽ֭יַּפִּילֵם בְּחֶ֣בֶל נַחֲלָ֑ה וַיַּשְׁכֵּ֥ן בְּ֝אָהֳלֵיהֶ֗ם שִׁבְטֵ֥י יִשְׂרָאֵֽל׃
56 ၅၆ သို့သော်လည်း၊ သူတို့သည် အမြင့်ဆုံးသော ဘုရားကို စုံစမ်း၍ ပုန်ကန်ကြ၏။ သက်သေခံတော်မူချက် များကို မစောင့်ဘဲ၊
וַיְנַסּ֣וּ וַ֭יַּמְרוּ אֶת־אֱלֹהִ֣ים עֶלְיֹ֑ון וְ֝עֵדֹותָ֗יו לֹ֣א שָׁמָֽרוּ׃
57 ၅၇ ဘိုးဘေးများကဲ့သို့ ဖေါက်ပြန်၍သစ္စာကို ဖျက် ကြ၏။ လိမ်တတ်သော လေကဲ့သို့ လမ်းလွဲကြ၏။
וַיִּסֹּ֣גוּ וַֽ֭יִּבְגְּדוּ כַּאֲבֹותָ֑ם נֶ֝הְפְּכ֗וּ כְּקֶ֣שֶׁת רְמִיָּֽה׃
58 ၅၈ သူတို့သည် မြင့်သော အရပ်များအားဖြင့်၊ အမျက်တော်ကို နှိုးဆော်၍၊ ရုပ်တုများအားဖြင့်လည်း စိတ်တော်ကို ချုပ်ချယ်နှောင့်ရှက်ကြ၏။
וַיַּכְעִיס֥וּהוּ בְּבָמֹותָ֑ם וּ֝בִפְסִילֵיהֶ֗ם יַקְנִיאֽוּהוּ׃
59 ၅၉ ဘုရားသခင်သည် ကြားသိတော်မူလျှင်၊ အမျက် တော်ထွက်၍၊ ဣသရေလအမျိုးသားတို့ကို အလွန်ရွံရှာ သဖြင့်၊
שָׁמַ֣ע אֱ֭לֹהִים וַֽיִּתְעַבָּ֑ר וַיִּמְאַ֥ס מְ֝אֹ֗ד בְּיִשְׂרָאֵֽל׃
60 ၆၀ ရှိလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသော အရပ်ကိုစွန့်တော်မူ၏။
וַ֭יִּטֹּשׁ מִשְׁכַּ֣ן שִׁלֹ֑ו אֹ֝֗הֶל שִׁכֵּ֥ן בָּאָדָֽם׃
61 ၆၁ တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှါ၎င်း၊ ဘုန်း တော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှါ၎င်း စီရင် တော်မူ၏။
וַיִּתֵּ֣ן לַשְּׁבִ֣י עֻזֹּ֑ו וְֽתִפְאַרְתֹּ֥ו בְיַד־צָֽר׃
62 ၆၂ မိမိလူတို့ကိုလည်း ထားဘေး၌ အပ်၍၊ အမွေ တော်ကို အမျက်ထွက်တော်မူ၏။
וַיַּסְגֵּ֣ר לַחֶ֣רֶב עַמֹּ֑ו וּ֝בְנַחֲלָתֹ֗ו הִתְעַבָּֽר׃
63 ၆၃ လူပျိုတို့သည် မီးလောင်ခြင်းကိုခံရသော်လည်း၊ အပျိုတို့သည် မငိုကြွေးရကြ။
בַּחוּרָ֥יו אָֽכְלָה־אֵ֑שׁ וּ֝בְתוּלֹתָ֗יו לֹ֣א הוּלָּֽלוּ׃
64 ၆၄ ယဇ်ပုရောဟိတ်တို့သည် ထားဘေးဖြင့် ဆုံး သော်လည်း၊ မုတ်ဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ။
כֹּ֭הֲנָיו בַּחֶ֣רֶב נָפָ֑לוּ וְ֝אַלְמְנֹתָ֗יו לֹ֣א תִבְכֶּֽינָה׃
65 ၆၅ ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ပြီးသော သူ ကဲ့သို့၎င်း၊ စပျစ်ရည်ကြောင့် ငြိမ်ပြီးသောသူရဲကဲ့သို့၎င်း နိုးတော်မူ၏။
וַיִּקַ֖ץ כְּיָשֵׁ֥ן ׀ אֲדֹנָ֑י כְּ֝גִבֹּ֗ור מִתְרֹונֵ֥ן מִיָּֽיִן׃
66 ၆၆ ရန်သူတို့ကိုဒဏ်ခတ်၍ လှန်သဖြင့်၊ အစဉ်အမြဲ အရှက်ကွဲစေတော်မူ၏။
וַיַּךְ־צָרָ֥יו אָחֹ֑ור חֶרְפַּ֥ת עֹ֝ולָ֗ם נָ֣תַן לָֽמֹו׃
67 ၆၇ သို့ရာတွင်၊ ယောသပ်၏ တဲတော်ကို ငြင်းပယ်၍ ဧဖရိမ်အမျိုးကို ရွေးတော်မမူ။
וַ֭יִּמְאַס בְּאֹ֣הֶל יֹוסֵ֑ף וּֽבְשֵׁ֥בֶט אֶ֝פְרַ֗יִם לֹ֣א בָחָֽר׃
68 ၆၈ ယုဒအမျိုးကို၎င်း၊ ချစ်တော်မူသော ဇိအုန် တောင်ကို၎င်း ရွေးတော်မူ၏။
וַ֭יִּבְחַר אֶת־שֵׁ֣בֶט יְהוּדָ֑ה אֶֽת־הַ֥ר צִ֝יֹּ֗ון אֲשֶׁ֣ר אָהֵֽב׃
69 ၆၉ သန့်ရှင်းရာဌာနတော်ကို အထွဋ်ကဲ့သို့ တည် ဆောက်၍၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။
וַיִּ֣בֶן כְּמֹו־רָ֭מִים מִקְדָּשֹׁ֑ו כְּ֝אֶ֗רֶץ יְסָדָ֥הּ לְעֹולָֽם׃
70 ၇၀ ကျွန်တော်မျိုး ဒါဝိဒ်ကို သိုးခြံများထဲက ရွေးယူ တော်မူ၏။
וַ֭יִּבְחַר בְּדָוִ֣ד עַבְדֹּ֑ו וַ֝יִּקָּחֵ֗הוּ מִֽמִּכְלְאֹ֥ת צֹֽאן׃
71 ၇၁ သားငယ်ရှိသော သိုးမတို့ကို ထိန်းခြင်းအမှုမှ နှုတ်၍၊ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား၊ အမွေ တော်တည်းဟူသော ဣသရေလလူတို့ကို ကျွေးမွေးစေခြင်း ငှါ ခန့်ထားတော်မူ၏။
מֵאַחַ֥ר עָלֹ֗ות הֱ֫בִיאֹ֥ו לִ֭רְעֹות בְּיַעֲקֹ֣ב עַמֹּ֑ו וּ֝בְיִשְׂרָאֵ֗ל נַחֲלָתֹֽו׃
72 ၇၂ ထိုသူသည် ဖြောင့်သောသဘောရှိသည်အတိုင်း ကျွေးမွေး၍၊ လိမ္မာသောလက်နှင့် ပို့ဆောင်လေ၏။
וַ֭יִּרְעֵם כְּתֹ֣ם לְבָבֹ֑ו וּבִתְבוּנֹ֖ות כַּפָּ֣יו יַנְחֵֽם׃

< ဆာလံ 78 >