< ဆာလံ 73 >

1 အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။
מִזְמֹ֗ור לְאָ֫סָ֥ף אַ֤ךְ טֹ֭וב לְיִשְׂרָאֵ֥ל אֱלֹהִ֗ים לְבָרֵ֥י לֵבָֽב׃
2 ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။
וַאֲנִ֗י כִּ֭מְעַט נָטוּי (נָטָ֣יוּ) רַגְלָ֑י כְּ֝אַ֗יִן שֻׁפְּכָה (שֻׁפְּכ֥וּ) אֲשֻׁרָֽי׃
3 အကြောင်းမူကား၊ မတရားသောသူတို့၏ စည်း စိမ်ကို မြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။
כִּֽי־קִ֭נֵּאתִי בַּֽהֹולְלִ֑ים שְׁלֹ֖ום רְשָׁעִ֣ים אֶרְאֶֽה׃
4 ထိုသူတို့သည် မသေမှီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိရှိကြ၏။
כִּ֤י אֵ֖ין חַרְצֻבֹּ֥ות לְמֹותָ֗ם וּבָרִ֥יא אוּלָֽם׃
5 သူတို့သည် လောကဓံဒုက္ခမရှိ။ လူများကဲ့သို့ အနှောင့်အရှက်ကိုမခံရကြ။
בַּעֲמַ֣ל אֱנֹ֣ושׁ אֵינֵ֑מֹו וְעִם־אָ֝דָ֗ם לֹ֣א יְנֻגָּֽעוּ׃
6 ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်း အဝတ်ကိုလည်း ဝတ်တတ်ကြ၏။
לָ֭כֵן עֲנָקַ֣תְמֹו גַאֲוָ֑ה יַעֲטָף־שִׁ֝֗ית חָמָ֥ס לָֽמֹו׃
7 ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။
יָ֭צָא מֵחֵ֣לֶב עֵינֵ֑מֹו עָ֝בְר֗וּ מַשְׂכִּיֹּ֥ות לֵבָֽב׃
8 ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု၍ ပြော တတ်ကြ၏။ ထောင်လွှားသော စကားကိုလည်း သုံးတတ် ကြ၏။
יָמִ֤יקוּ ׀ וִידַבְּר֣וּ בְרָ֣ע עֹ֑שֶׁק מִמָּרֹ֥ום יְדַבֵּֽרוּ׃
9 သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။
שַׁתּ֣וּ בַשָּׁמַ֣יִם פִּיהֶ֑ם וּ֝לְשֹׁונָ֗ם תִּֽהֲלַ֥ךְ בָּאָֽרֶץ׃
10 ၁၀ ထိုကြောင့် ဘုရားသခင်၏ လူတို့သည် သူတို့ ထံသို့ ပြန်သွား၍ များစွာသော ရေကိုမျိုရကြ၏။
לָכֵ֤ן ׀ יָשִׁיב (יָשׁ֣וּב) עַמֹּ֣ו הֲלֹ֑ם וּמֵ֥י מָ֝לֵ֗א יִמָּ֥צוּ לָֽמֹו׃
11 ၁၁ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည် နည်း။ အမြင့်ဆုံးသော ဘုရား၌ ဥာဏ်ရှိပါလိမ့်မည်လော ဟု ဆိုတတ်ကြ၏။
וְֽאָמְר֗וּ אֵיכָ֥ה יָדַֽע־אֵ֑ל וְיֵ֖שׁ דֵּעָ֣ה בְעֶלְיֹֽון׃
12 ၁၂ ထိုမတရားသော သူတို့သည် အစဉ်ကောင်းစား ၍ ဥစ္စာပွားများကြ၏။
הִנֵּה־אֵ֥לֶּה רְשָׁעִ֑ים וְשַׁלְוֵ֥י עֹ֝ולָ֗ם הִשְׂגּוּ־חָֽיִל׃
13 ၁၃ အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။
אַךְ־רִ֭יק זִכִּ֣יתִי לְבָבִ֑י וָאֶרְחַ֖ץ בְּנִקָּיֹ֣ון כַּפָּֽי׃
14 ၁၄ နေ့တိုင်းနှောင့်ရှက်ခြင်းနှင့် နံနက်တိုင်းဆုံးမ ခြင်းကို ငါခံရ၏။
וָאֱהִ֣י נָ֭גוּעַ כָּל־הַיֹּ֑ום וְ֝תֹוכַחְתִּ֗י לַבְּקָרִֽים׃
15 ၁၅ ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါ လိမ့်မည်။
אִם־אָ֭מַרְתִּי אֲסַפְּרָ֥ה כְמֹ֑ו הִנֵּ֤ה דֹ֭ור בָּנֶ֣יךָ בָגָֽדְתִּי׃
16 ၁၆ ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။
וָֽ֭אֲחַשְּׁבָה לָדַ֣עַת זֹ֑את עָמָ֖ל הִיא (ה֣וּא) בְעֵינָֽי׃
17 ၁၇ နောက်မှဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍၊ သူတို့၏ အဆုံးကို နားလည်ရပါ၏။
עַד־אָ֭בֹוא אֶל־מִקְדְּשֵׁי־אֵ֑ל אָ֝בִ֗ינָה לְאַחֲרִיתָֽם׃
18 ၁၈ အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။
אַ֣ךְ בַּ֭חֲלָקֹות תָּשִׁ֣ית לָ֑מֹו הִ֝פַּלְתָּ֗ם לְמַשּׁוּאֹֽות׃
19 ၁၉ တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။
אֵ֤יךְ הָי֣וּ לְשַׁמָּ֣ה כְרָ֑גַע סָ֥פוּ תַ֝֗מּוּ מִן־בַּלָּהֹֽות׃
20 ၂၀ အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။
כַּחֲלֹ֥ום מֵהָקִ֑יץ אֲ֝דֹנָי בָּעִ֤יר ׀ צַלְמָ֬ם תִּבְזֶֽה׃
21 ၂၁ ထိုသို့ အကျွန်ုပ်သည် နှလုံးနာလျက်၊ ကျောက် ကပ်မွှေနှောက်လျက်ရှိ၍၊
כִּ֭י יִתְחַמֵּ֣ץ לְבָבִ֑י וְ֝כִלְיֹותַ֗י אֶשְׁתֹּונָֽן׃
22 ၂၂ မိုက်သောသူ၊ ပညာမဲ့သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။
וַאֲנִי־בַ֭עַר וְלֹ֣א אֵדָ֑ע בְּ֝הֵמֹ֗ות הָיִ֥יתִי עִמָּֽךְ׃
23 ၂၃ သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ျာလက်ကို ဆွဲကိုင်တော်မူ၏။
וַאֲנִ֣י תָמִ֣יד עִמָּ֑ךְ אָ֝חַ֗זְתָּ בְּיַד־יְמִינִֽי׃
24 ၂၄ အကျွန်ုပ်ကို ဥာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။
בַּעֲצָתְךָ֥ תַנְחֵ֑נִי וְ֝אַחַ֗ר כָּבֹ֥וד תִּקָּחֵֽנִי׃
25 ၂၅ ကိုယ်တော်မှတပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ် ၌ အဘယ်သူရှိပါသနည်း။
מִי־לִ֥י בַשָּׁמָ֑יִם וְ֝עִמְּךָ֗ לֹא־חָפַ֥צְתִּי בָאָֽרֶץ׃
26 ၂၆ အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။
כָּלָ֥ה שְׁאֵרִ֗י וּלְבָ֫בִ֥י צוּר־לְבָבִ֥י וְחֶלְקִ֗י אֱלֹהִ֥ים לְעֹולָֽם׃
27 ၂၇ အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော် နှင့် ကွာ၍မှားယွင်းသော သူအပေါင်းတို့ကို ပယ်ရှင်းတော် မူ၏။
כִּֽי־הִנֵּ֣ה רְחֵקֶ֣יךָ יֹאבֵ֑דוּ הִ֝צְמַ֗תָּה כָּל־זֹונֶ֥ה מִמֶּֽךָּ׃
28 ၂၈ အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ ချဉ်း ကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြော ခြင်းအလိုငှါ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။
וַאֲנִ֤י ׀ קִֽרֲבַ֥ת אֱלֹהִ֗ים לִ֫י־טֹ֥וב שַׁתִּ֤י ׀ בַּאדֹנָ֣י יְהֹוִ֣ה מַחְסִ֑י לְ֝סַפֵּ֗ר כָּל־מַלְאֲכֹותֶֽיךָ׃

< ဆာလံ 73 >