< ဆာလံ 68 >

1 ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော။
Mungu ainuke, maadui zake watawanyike; pia wale wamchukiao wakimbie mbele zake.
2 မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။
Kama moshi uondoshwavyo, hivyo uwaondoshe wao; kama nta iyeyukavo mbele ya moto, hivyo waovu waangamizwe uweponi mwa Mungu.
3 ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော။
Bali wenye haki wafurahi; washangilie mbele za Mungu; washangilie na kufurahi.
4 ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင်၏ နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။
Mwimbieni Mungu! Lisifuni jina lake! Msifuni yule aendeshaye farasi kwenye tambarare ya bonde la Mto Yordani! Yahwe ni jina lake! Shangilieni mbele zake!
5 ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။
Baba wa yatima, na mwamuzi wa wajane, ni Mungu anayeishi mahali patakatifu.
6 ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သော သူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။
Mungu huwaweka wakiwa katika familia; yeye huwafungua wafungwa kwa kuimba bali waasi huishi katika ardhi kavu.
7 အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာ ကြွ၍၊ တော၌ ချီတော်မူသောအခါ၊
Mungu, wewe ulipoenda mbele ya watu wako, ulipotembea kupitia jangwani, (Selah)
8 ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီး လှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။
nchi ilitetemeka; mbingu pia zilidondosha mvua katika uwepo wa Mungu, uweponi mwa Mungu wakati alipokuja Sinai, uweponi mwa Mungu, Mungu wa Israeli.
9 အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။
Wewe, Mungu, ulituma mvua nyingi; uliuimarisha urithi wako wakati ulipokuwa umechoka.
10 ၁၀ ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
Watu wako waliishi humo; Wewe, Mungu, uliutoa kwa wema wako kwa maskini.
11 ၁၁ ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။
Bwana alitoa amri, na wale walio zitangaza walikuwa ni jeshi kuu.
12 ၁၂ စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။
Wafalme wa majeshi wanakimbia, wanakimbia, na wanawake wakisubiri nyumbani kuvigawana wao na familia zao vilivyotekwa nyara.
13 ၁၃ သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။
Njiwa walio vikwa fedha wakiwa na mabawa ya njano ya dhahabu. Wakati baadhi ya watu wakikaa kati ya mifugo ya kondoo, kwa nini umefanya haya?
14 ၁၄ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ ဖြစ်လေ၏။
Mwenyezi Mungu aliwatawanya Wafalme huko, ilikuwa kama vile wakati wa theluji juu ya Mlima Salmoni.
15 ၁၅ ဘုရားသခင်၏ တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊
Mlima mkubwa ni milima wa mji wa Bashani; mlima mrefu ni mlima wa mji wa Bashani.
16 ၁၆ သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။
Ewe mlima mrefu wa nchi, kwa nini unatazama kwa jicho la husuda, kwenye mlima ambao Mungu ameutaka kwa ajili ya mahali ambapo yeye ataishi? Hakika, Yahwe ataishi humo milele.
17 ၁၇ ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။
Magari ya Mungu ni ishirini elfu, maelfu juu ya maelfu; Bwana yu kati yao katika mahari patakatifu, kama katika Sinai.
18 ၁၈ ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။
Wewe umepaa juu; uliwaongoza mateka; umepokea zawadi kutoka kati ya watu, hata kutoka kwa wale waliopigana dhidi yako, ili kwamba wewe, Yahwe Mungu, uweze kuishi huko.
19 ၁၉ ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။
Abarikiwe Bwana, atubebeaye mizigo yetu, Mungu ambaye ni wokovu wetu. (Selah)
20 ၂၀ ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏။
Mungu wetu ni Mungu aokoaye; Yahwe Bwana ni yule awezaye kutuokoa sisi dhidi ya kifo.
21 ၂၁ ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကို၎င်း ဧကန်အမှန် နှိပ်စက်တော်မူမည်။
Lakini Bwana atapiga vichwa vya adui zake, mpaka kwenye ngozi ya kichwa yenye nywele ya wale watembeao katika makosa dhidi yake.
22 ၂၂ သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသော ပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။
Bwana alisema, “Nitawarudisha adui zangu kutoka Bashani; nitawarudisha kutoka katika kina cha bahari
23 ၂၃ ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ili kwamba upate kuwaangamiza adui zako, ukichovya mguu wako katika damu, na ili kwamba ndimi za mbwa wako zipate mlo wao kutoka kwa adui zenu.”
24 ၂၄ အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။
Mungu, wameona maandamano yako, maandamano ya Mungu wangu, Mfalme wangu, kwenye mahali patakatifu.
25 ၂၅ ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏။
Waimbaji walitangulia, walifuatiwa na wapiga muziki, na katikati walikuwa wanawali wakicheza ngoma.
26 ၂၆ ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့။
Mtukuzeni Mungu katika kusanyiko; msifuni Yahwe, ninyi ukoo wa kweli wa Israeli.
27 ၂၇ အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ၏။
Kuna Benjamini kwanza, kabila dogo, kisha viongozi wa Yuda na watu wao, viongozi wa Zabuloni na viongozi wa Naftali.
28 ၂၈ အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။
Mungu wenu, Israeli, ameamuru nguvu zenu; uzifunue kwetu nguvu zako, Mungu, kama ulivyo zifunua wakati uliopita.
29 ၂၉ ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။
Uzifunue nguvu zako kwetu toka katika hekalu la Yerusalemu, ambako wafalme huleta zawadi kwako.
30 ၃၀ ကျူတောသားရဲကို၎င်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။
Pigeni kelele katika vita dhidi ya wanyama wa porini katika mianzi, dhidi ya watu, lile kundi la mafahari na ndama. Wafedhehesheni na kuwalazimisha wawaletee zawadi; watawanyeni watu wapendao kupigana vita.
31 ၃၁ အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံ တော်သို့ အလျင်အမြန် ဆန့်ရပါစေသော။
Wakuu watatoka katika Misri; Ethiopia itafanya haraka kuufikisha mkono wake kwa Mungu.
32 ၃၂ မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
Mwimbieni Mungu, enyi falme za nchi; (Selah) mwimbieni sifa Yahwe.
33 ၃၃ အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသော အသံဖြစ်၏။
Kwake yeye apitaye juu ya mbingu za mbingu, zilizokuwepo tangu zama za kale; tazama, yeye hupiga kelele kwa nguvu
34 ၃၄ ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုး လျက်၊ တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း။
Tangazeni kuwa Mungu ni mwenye nguvu; enzi yake iko juu ya Israeli, na nguvu zake ziko angani.
35 ၃၅ အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
Mungu, mahali pako patakatifu panatisha; Mungu wa Israeli, yeye huwapa watu wake nguvu na uweza. Atukuzwe Mungu.

< ဆာလံ 68 >