< ဆာလံ 65 >

1 အို ဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ချီးမွမ်းရပါ၏။ ကိုယ်တော် အားလည်း သစ္စာဝတ်ကို ဖြေရပါ၏။
Kwako wewe, Mungu katika Sayuni, sifa zetu za kungoja; viapo vyetu vitaletwa kwako.
2 ပဌနာစကားကို နားထောင်တော်မူသော ဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ် ရကြလိမ့်မည်။
Wewe usikiaye maombi yetu, miili yote itakuja kwako.
3 မတရားသောအမှုသည် အလွန်များ၍ အကျွန်ုပ်သည် မတတ်နိုင်ပါ။ သို့သော်လည်း၊ အကျွန်ုပ်တို့ ပြစ်မှားခြင်း အပြစ်များကို ကိုယ်တော်ဖြေရှင်းတော်မူမည်။
Maovu yanatutawala sisi; kama yalivyo makosa yetu, wewe utayasamehe.
4 တန်တိုင်းတော်အတွင်း၌ နေ၍၊ အထံတော်သို့ ချဉ်းကပ်စေခြင်းငှါ၊ ကိုယ်တော်ရွေးကောက် တော်မူသော သူသည် မင်္ဂလာရှိပါ၏။ သန့်ရှင်းသော ဗိမာန်တော်တည်းဟူသော အိမ်တော်၌ ကောင်းသော အရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော။
Amebarikiwa mtu yule ambaye wewe huchagua kumsogeza karibu yako ili kwamba aishi hekaluni mwako. Tutatoshelezwa kwa uzuri wa nyumba yako, hekalu lako takatifu.
5 အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ်သော အမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။
Katika haki wewe utatujibu sisi kwa kufanya mambo ya ajabu, Mungu wa wokovu wetu; wewe ambaye ni ujasiri wa mwisho wote wa nchi na wa wale walio mbali toka pande za bahari.
6 ကိုယ်တော်သည် တန်ခိုးနှင့် ပြည့်စုံသဖြင့်၊ အားကြီး၍ တောင်များကို တည်စေတော်မူ၏။
Kwa manaa ni wewe ndiye uliyeifanya milima imara, wewe ambaye umefungwa mkanda wa uweza.
7 သမုဒ္ဒရာမြည်သံ၊ လှိုင်းတံပိုးဟုန်းသံ၊ လူတို့ ရုန်းရင်းခတ်သံများကိုလည်း ငြိမ်းစေတော်မူ၏။
Ni wewe unyamazishaye ngurumo za baharini; ngurumo za mawimbi yake, na vurugu za watu.
8 အဝေးဆုံးသော အရပ်တို့၌နေသော သူတို့သည် ကိုယ်တော်၏ နိမိတ်များကို မြင်၍ ကြောက်ရွံ့ကြ ပါ၏။ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်တို့ကို ရွှင်လန်းစေတော်မူ၏။
Wale wanaoishi sehemu za mwisho kabisa wa nchi wanaogopa ushahidi wa matendo yako; wewe hufanya mashariki na magharibi kushangilia.
9 မြေကြီးကို အကြည့်အရှုကြွလာ၍၊ မိုဃ်းကို များစွာ ရွာစေလျက်၊ ရေနှင့် ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏။ ထိုသို့ မြေကို ပြုပြင်ပြီးမှ၊ မြေသားတို့အဘို့ စပါးကို ပြုပြင်တော်မူ၏။
Wewe huja kuisaidia nchi; unainyeshea inchi; wewe unaiimarisha nchi vizuri; mto wa Mungu umejaa maji; wewe humpa mwanadamu nafaka unapokuwa umekwisha iandaa nchi.
10 ၁၀ မြေရိုးတို့ကို စိုစွတ်စေ၍၊ လယ်ပြင်ကို တညီတည်း စီရင်ပြီးမှ၊ မိုဃ်းရွာသောအားဖြင့် ပြော့စေ၍၊ ပေါက်သော အပင်များကို ကောင်းကြီးပေးတော်မူ၏။
Wewe huyajaza matuta maji ya kutosha; wapasawazisha palipoinuka; wailainisha nchi kwa manyunyu ya mvua; waibariki mimea kati yao.
11 ၁၁ နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍၊ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏။
Umeuvika mwaka taji ya wema wako; mvumo wa mapito yako hudondosha unono katika nchi.
12 ၁၂ သာယာသော တောအရပ်တို့လည်း ယို၍၊ တောင်တို့သည်လည်း ပီတိခါးစည်းနှင့် စည်းလျက် ရှိကြပါ၏။
Majani ya nyikani hudondosha umande, na vilima vimevikwa furaha.
13 ၁၃ ကျက်စားရာအရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက်၊ လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက် ရှိ၍၊ ကျူးဧသော အသံနှင့် သီချင်းဆိုကြပါ၏။
Malisho yamevishwa mifugo; mabonde pia yamefunikwa na nafaka; yanapiga kelele za shangwe, nayo yanaimba.

< ဆာလံ 65 >