< ဆာလံ 59 >

1 အို အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူ တို့၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။
Uniokoe dhidi ya adui zangu, Mungu wangu; uniweke mahali pa juu mbali na wale wanaoinuka dhidi yangu.
2 ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ။
Uniweke salama mbali na wafanyao kazi ya uovu, na uniokoe dhidi ya watu wenye kiu ya damu.
3 သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ၏။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏။ အို ထာဝရ ဘုရား၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ။
Maana, tazama, wanasubiria uvamizini waniue. Wafanya maovu wenye nguvu hujikusanya wenyewe pamoja dhidi yangu, lakini sio kwa sababu ya makosa yangu au dhambi yangu, Yahwe.
4 အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။
Wao wanajiandaa kunikimbiza ingawa sina kosa; amka unisaidie na unitazame.
5 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့်။
Ewe, Yahwe Mungu wa majeshi, Mungu wa Israeli, inika uwaadhibu mataifa yote; usiwe na huruma kwa mhalifu mwovu yeyote. (Selah)
6 သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
Wao wanarudi jioni, wanabweka kama mbwa na kuuzungukia mji.
7 ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ၏။
Tazama, wanapiga kelele mbaya kwa midomo yao; panga ziko kwenye midomo yao, maana wanasema, “Ni nani anaye tusikia?”
8 သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။
Lakini wewe, Yahwe, utawacheka; wewe huwadhihaki mataifa yote.
9 အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာဖြစ်တော်မူ၏။
Mungu, nguvu yangu, nitakuwa msikivu kwako; wewe ni mnara wangu mrefu.
10 ၁၀ ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။
Mungu atakutana nami akiwa na uaminifu wa agano lake; Mungu atanifanya nione shauku yangu juu ya adui zangu.
11 ၁၁ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။
Usiwaue, hivyo watu watasahau. Uwatawanye kwa nguvu zako na uwaangushe, Bwana ngao yetu.
12 ၁၂ သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့်၊
Kwa ajili ya dhambi za midomo yao na maneno ya midomo yao, wakamatwe katika majivuno yao, na kwa laana na uongo ambao wao huelezea.
13 ၁၃ အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင်ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြ ပါစေသော။
Uwamalize katika gadhabu yako, uwamalize ili kwamba wasiwepo tena; wajue kuwa Mungu anatawala katika Yakobo na mwisho wa nchi. (Selah)
14 ၁၄ ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော။
Wakati wa jioni wao hurudi, wakibweka kama mbwa wakiuzungukia mji.
15 ၁၅ အစာကို ရှာလျက် အရပ်ရပ်သို့ လည်၍မဝဘဲ တညဉ့်လုံး နေကြပါစေသော။
Wanatangatanga wakitafuta chakula na wanabweka kama mbwa kama hawajatosheka.
16 ၁၆ အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။
Lakini nitaimba kuhusu nguvu zako, na asubuhi nitaimba kuhusu upendo wako imara! maana umekuwa mnara wangu mrefu na kimbilio la usalama katika siku ya taabu.
17 ၁၇ အိုအကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင် ဘုရားသခင်ဖြစ်တော်မူ၏။ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှါ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော
Kwako, nguvu yangu, nitaimba sifa; kwa kuwa Mungu ni mnara wangu mrefu, Mungu wa uaminifu wa agano.

< ဆာလံ 59 >