< ဆာလံ 33 >

1 ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ၏။
Furahini katika Yahwe, ninyi wenye haki; kusifu kwa wenye haki kwa faa sana.
2 စောင်းတီး၍ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်း ဆိုကြ လော့။
Mshukuruni Bwana kwa kinubi; mwimbieni sifa kwa kinubi chenye nyuzi kumi.
3 ရှေ့တော်၌အသစ်သောသီချင်းကို ဆိုကြလော့။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့။
Mwimbieni yeye wimbo mpaya; pigeni kwa ustadi na muimbe kwa furaha.
4 အကြောင်းမူကား၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှ သော အမှုတို့သည်လည်း သစ္စာတရား နှင့်ညီကြ၏။
Kwa kuwa maneno ya Mungu ni ya hakika, na kila afanyacho ni haki.
5 ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့် စီရင် ခြင်းကို နှစ်သက်တော်မူ၏။ ပထဝီမြေကြီးသည် ထာဝရ ဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏။
Yeye hupenda haki na kutenda kwa haki. Dunia imejaa uaminifu wa agano la Yahwe.
6 ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း၊ နှုတ်တော်အသက်အားဖြင့် မိုဃ်းကောင်းကင်တန်ဆာများကို၎င်း ဖန်ဆင်းတော်မူ၏။
Kwa neno la Yahwe mbingu ziliumbwa, na nyota zote ziliumbwa kwa pumzi ya mdomo wake.
7 သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော် မူ၏။
Yeye huyakusanya maji ya baharini kama rundo; naye huiweka bahari katika ghala.
8 ထာဝရဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့ စေ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ် ကြစေ။
Basi ulimwengu wote umwogope Yahwe; wenyeji wote wa ulimwengu wamuhofu yeye.
9 အကြောင်းမူကား၊ ထာဝရဘုရားမြွတ်ဆို၍၊ မြွတ်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။
Kwa maana yeye alisema, na ikafanyika; aliamuru, na ikasimama mahali pake.
10 ၁၀ ထာဝရဘုရားသည် တပါးအမျိုးသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏။ လူတို့၏ကြံစည်ခြင်းကို လည်း ဖျက်ဆီးတော်မူ၏။
Yahwe huvunja muungano wa mataifa; naye huishinda mipango ya wanadamu.
11 ၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏ အကြံအစည် တို့သည် သားစဉ်မြေဆက်အဆုံးတိုင် အောင်တည်ကြ လိမ့်မည်။
Mipango ya Yahwe husimama milele, mipango ya moyo wake ni kwa ajili ya vizazi vyote.
12 ၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရား ဖြစ်၍၊ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏။
Limebarikiwa taifa ambalo Mungu wao ni Yahwe, watu ambao yeye amewachagua kama warithi wake.
13 ၁၃ ထာဝရဘုရားသည် ကောင်းကင်ဘုံက ကြည့်ရှု ၍၊ လူသားအပေါင်းတို့ကို မြင်တော်မူ၏။
Yahwe anatazama kutoka mbinguni; yeye huona watu wote.
14 ၁၄ ကျိန်းဝပ်တော်မူရာ အရပ်က ကြည့်ရှု၍၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ် တော်မူ၏။
Kutokea mahali ambapo yeye anaishi, huwatazama wote waishio juu ya nchi.
15 ၁၅ သူတို့၏ စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်း၍၊ သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော် မူ၏။
Yeye anaye iumba mioyo yao na kuyaona matendo yao yote.
16 ၁၆ ရှင်ဘုရင်မည်သည်ကား၊ များစွားသောအလုံး အရင်းအားဖြင့် ချမ်းသာမရ။ သူရဲသည်လည်း ခွန်အား ကြီးသောအားဖြင့် ကယ်လွှတ်ခြင်းသို့မရောက်။
Hakuna mfalme anayeokolewa na jeshi kubwa; shujaa haokolewi na nguvu zake nyingi.
17 ၁၇ မြင်းသော်လည်း ဘေးလွတ်ခြင်းအမှုကို မတတ် နိုင်။ ကြီးစွာသော ခွန်အားဗလဖြင့် မကယ်ယူနိုင်။
Farasi sio salama kwa ajili ya ushindi; ijapokuwa nguvu zake ni nyingi, hawezi kuokoa.
18 ၁၈ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊
Tazama, macho ya Yahwe yako kwa wale wanao mhofu yeye, wale wanao litumainia agano lake takatifu
19 ၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာ ခေါင်းပါးသည် ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။
kuwaokoa maisha yao na mauti na kuwaweka hai wakati wa jaa.
20 ၂၀ ငါတို့၏ဝိညာဉ်သည် ထာဝရဘုရားကို မြော်လင့် လျက်နေ၏။ ထိုဘုရားသည် ငါတို့ကို မစသောသူ၊ ကွယ် ကာသောသူဖြစ်တော်မူ၏။
Sisi tunamngoja Yahwe, yeye ni msaada wetu na ngao yetu.
21 ၂၁ သန့်ရှင်းသောနာမတော်ကို ခိုလှုံသောကြောင့်၊ ငါတို့သည် ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။
Mioyo yetu hufurahia ndani yake, kwa kuwa tunaamini katika jina lake takatifu.
22 ၂၂ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစားသည်နှင့်အညီ၊ အကျွန်ုပ်တို့အပေါ်မှာ ကရုဏာတော် သက်ရောက်ပါစေသော။
Yahwe, agano lako takatifu, liwe pamoja nasi tuwekapo tumaini letu katika wewe.

< ဆာလံ 33 >