< ဆာလံ 3 >

1 အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည်၊ အလွန်တိုးပွါး၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏။
大衛逃避他兒子押沙龍的時候作的詩。 耶和華啊,我的敵人何其加增; 有許多人起來攻擊我。
2 သူသည်ဘုရားသခင်ကို အမှီပြု၍ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင်၍ ပြောသောသူ အများ ရှိကြပါ၏။
有許多人議論我說: 他得不着上帝的幫助。 (細拉)
3 သို့သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်၏အကွယ်အကာဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုန်းလည်းဖြစ်တော်မူ၏။ အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသော သူလည်းဖြစ်တော်မူ၏။
但你-耶和華是我四圍的盾牌, 是我的榮耀,又是叫我抬起頭來的。
4 ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏။
我用我的聲音求告耶和華, 他就從他的聖山上應允我。 (細拉)
5 ထာဝရဘုရားသည် ငါ့ကိုမစတော်မူသော ကြောင့်၊ ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏။
我躺下睡覺,我醒着, 耶和華都保佑我。
6 ငါ့ကိုရန်ဘက်ပြု၍ ဝန်းရံသော သူအထောင် အသောင်းကို ငါမကြောက်ဘဲနေမည်။
雖有成萬的百姓來周圍攻擊我, 我也不怕。
7 အိုထာဝရဘုရားထတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော် သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍၊ မတရား သောသူတို့၏ သွားကိုချိုးတော်မူ၏။
耶和華啊,求你起來! 我的上帝啊,求你救我! 因為你打了我一切仇敵的腮骨, 敲碎了惡人的牙齒。
8 ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်း သာရပါ၏။ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ လူစုအပေါ်သို့ သက်ရောက်ပါစေသော။ ဒါဝိဒ်သည်သားတော်အဗရှလုံရှေ့မှ ပြေးသောအခါ စပ်ဆိုသောဆာလံ။
救恩屬乎耶和華; 願你賜福給你的百姓。 (細拉)

< ဆာလံ 3 >