< ဆာလံ 21 >

1 အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူ ခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။
לַמְנַצֵּ֗חַ מִזְמֹ֥ור לְדָוִֽד׃ יְֽהוָ֗ה בְּעָזְּךָ֥ יִשְׂמַח־מֶ֑לֶךְ וּ֝בִישׁ֥וּעָתְךָ֗ מַה־יָּ֥גֶיל מְאֹֽד׃
2 သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော် မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။
תַּאֲוַ֣ת לִ֭בֹּו נָתַ֣תָּה לֹּ֑ו וַאֲרֶ֥שֶׁת שְׂ֝פָתָ֗יו בַּל־מָנַ֥עְתָּ סֶּֽלָה׃
3 ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေး တော်မူပြီ။ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော် မူပြီ။
כִּֽי־תְ֭קַדְּמֶנּוּ בִּרְכֹ֣ות טֹ֑וב תָּשִׁ֥ית לְ֝רֹאשֹׁ֗ו עֲטֶ֣רֶת פָּֽז׃
4 သူသည် အသက်ကိုဆတောင်း၍၊ ကိုယ်တော် သည်မသက်မက၊ ထာဝရဘုရားကို ပေးသနားတော်မူပြီ။
חַיִּ֤ים ׀ שָׁאַ֣ל מִ֭מְּךָ נָתַ֣תָּה לֹּ֑ו אֹ֥רֶךְ יָ֝מִ֗ים עֹולָ֥ם וָעֶֽד׃
5 ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်း ကြီး၍၊ လက်တော်မှ ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော် ကို ခံရပါ၏။
גָּדֹ֣ול כְּ֭בֹודֹו בִּישׁוּעָתֶ֑ךָ הֹ֥וד וְ֝הָדָר תְּשַׁוֶּ֥ה עָלָֽיו׃
6 ကိုယ်တော်သည် သူ့ကိုထာဝရမင်္ဂလာအရာ၌ ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေ တော်မူ၏။
כִּֽי־תְשִׁיתֵ֣הוּ בְרָכֹ֣ות לָעַ֑ד תְּחַדֵּ֥הוּ בְ֝שִׂמְחָ֗ה אֶת־פָּנֶֽיךָ׃
7 အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရား ကို ကိုးစား၍၊ အမြင့်ဆုံးသောဘုရား၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ၏။
כִּֽי־הַ֭מֶּלֶךְ בֹּטֵ֣חַ בַּיהוָ֑ה וּבְחֶ֥סֶד עֶ֝לְיֹ֗ון בַּל־יִמֹּֽוט׃
8 ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကို တွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည်။
תִּמְצָ֣א יָ֭דְךָ לְכָל־אֹיְבֶ֑יךָ יְ֝מִֽינְךָ תִּמְצָ֥א שֹׂנְאֶֽיךָ׃
9 အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော် အားဖြင့် သူတို့ကို မျိုတော်မူ၍၊ မီးသည်လည်း လောင် စားပါလိမ့်မည်။
תְּשִׁיתֵ֤מֹו ׀ כְּתַנּ֥וּר אֵשׁ֮ לְעֵ֪ת פָּ֫נֶ֥יךָ יְ֭הוָה בְּאַפֹּ֣ו יְבַלְּעֵ֑ם וְֽתֹאכְלֵ֥ם אֵֽשׁ׃
10 ၁၀ သူတို့ အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း ၍၊ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲက ဖျက်ဆီးတော်မူ မည်။
פִּ֭רְיָמֹו מֵאֶ֣רֶץ תְּאַבֵּ֑ד וְ֝זַרְעָ֗ם מִבְּנֵ֥י אָדָֽם׃
11 ၁၁ အကြောင်းမူကား၊ ကိုယ်တော်တဘက်၌ မကောင်းသော အကြံကိုကြံစည်၍၊ မကောင်းသော ပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက် ကြပါ။
כִּי־נָט֣וּ עָלֶ֣יךָ רָעָ֑ה חָֽשְׁב֥וּ מְ֝זִמָּ֗ה בַּל־יוּכָֽלוּ׃
12 ၁၂ ထိုကြောင့် သူတို့မျက်နှာတဘက်၌ လေးမြှားတို့ ကိုရွယ်၍၊ သူတို့ ကျောကို လှည့်စေတော်မူမည်။
כִּ֭י תְּשִׁיתֵ֣מֹו שֶׁ֑כֶם בְּ֝מֵֽיתָרֶ֗יךָ תְּכֹונֵ֥ן עַל־פְּנֵיהֶֽם׃
13 ၁၃ အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်း ဆိုကြပါမည်။
ר֣וּמָה יְהוָ֣ה בְעֻזֶּ֑ךָ נָשִׁ֥ירָה וּֽ֝נְזַמְּרָה גְּבוּרָתֶֽךָ׃

< ဆာလံ 21 >