< ဆာလံ 18 >

1 အိုထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အားဗလ တည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။
למנצח לעבד יהוה לדוד אשר דבר ליהוה את דברי השירה הזאת ביום הציל יהוה אותו מכף כל איביו ומיד שאול ויאמר ארחמך יהוה חזקי׃
2 ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏ အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။
יהוה סלעי ומצודתי ומפלטי אלי צורי אחסה בו מגני וקרן ישעי משגבי׃
3 ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက်၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက်၏။
מהלל אקרא יהוה ומן איבי אושע׃
4 သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။
אפפוני חבלי מות ונחלי בליעל יבעתוני׃
5 မရဏာနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍၊ သေမင်း၏ ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက် ရှိ၏။ (Sheol h7585)
חבלי שאול סבבוני קדמוני מוקשי מות׃ (Sheol h7585)
6 ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရ ဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
בצר לי אקרא יהוה ואל אלהי אשוע ישמע מהיכלו קולי ושועתי לפניו תבוא באזניו׃
7 ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ၏။
ותגעש ותרעש הארץ ומוסדי הרים ירגזו ויתגעשו כי חרה לו׃
8 နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော် ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။
עלה עשן באפו ואש מפיו תאכל גחלים בערו ממנו׃
9 မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက် တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ ၏။
ויט שמים וירד וערפל תחת רגליו׃
10 ၁၀ ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ် မှာလျင်စွာ ပျံတော်မူ၏။
וירכב על כרוב ויעף וידא על כנפי רוח׃
11 ၁၁ မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တခဲနက် သောရေနှင့်ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော် ကို ကာရံလျက်ရှိကြ၏။
ישת חשך סתרו סביבותיו סכתו חשכת מים עבי שחקים׃
12 ၁၂ ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။
מנגה נגדו עביו עברו ברד וגחלי אש׃
13 ၁၃ ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
וירעם בשמים יהוה ועליון יתן קלו ברד וגחלי אש׃
14 ၁၄ လေးမြှားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေ သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။
וישלח חציו ויפיצם וברקים רב ויהמם׃
15 ၁၅ ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူ သောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက် မြစ်တို့သည်ပွင့်လစ် ထင်ပေါ်လျက်ရှိကြ၏။
ויראו אפיקי מים ויגלו מוסדות תבל מגערתך יהוה מנשמת רוח אפך׃
16 ၁၆ ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့်၍၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ၏။
ישלח ממרום יקחני ימשני ממים רבים׃
17 ၁၇ ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင် နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
יצילני מאיבי עז ומשנאי כי אמצו ממני׃
18 ၁၈ ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည်ငါမှီခိုရာဖြစ်၍၊
יקדמוני ביום אידי ויהי יהוה למשען לי׃
19 ၁၉ ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
ויוציאני למרחב יחלצני כי חפץ בי׃
20 ၂၀ ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရ ဘုရားသည် အကျိုးကို ပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။
יגמלני יהוה כצדקי כבר ידי ישיב לי׃
21 ၂၁ အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၏မသွား။
כי שמרתי דרכי יהוה ולא רשעתי מאלהי׃
22 ၂၂ စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့တော်တို့ကို မပယ်၊
כי כל משפטיו לנגדי וחקתיו לא אסיר מני׃
23 ၂၃ ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ် ရှောင်၏။
ואהי תמים עמו ואשתמר מעוני׃
24 ၂၄ ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ၏ ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရားသည် ငါ၌ အကျိုးကို ပေးတော်မူပြီ။
וישב יהוה לי כצדקי כבר ידי לנגד עיניו׃
25 ၂၅ သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊
עם חסיד תתחסד עם גבר תמים תתמם׃
26 ၂၆ သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘော ကို၎င်း၊ ဆန့်ကျင်သော သူအားဆန့်ကျင်သောသဘော ကို၎င်း ပြတော်မူ၏။
עם נבר תתברר ועם עקש תתפתל׃
27 ၂၇ နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချ တော်မူ၏။
כי אתה עם עני תושיע ועינים רמות תשפיל׃
28 ၂၈ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
כי אתה תאיר נרי יהוה אלהי יגיה חשכי׃
29 ၂၉ အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍၊ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ။
כי בך ארץ גדוד ובאלהי אדלג שור׃
30 ၃၀ ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။
האל תמים דרכו אמרת יהוה צרופה מגן הוא לכל החסים בו׃
31 ၃၁ ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း။
כי מי אלוה מבלעדי יהוה ומי צור זולתי אלהינו׃
32 ၃၂ ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏။
האל המאזרני חיל ויתן תמים דרכי׃
33 ၃၃ ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
משוה רגלי כאילות ועל במתי יעמידני׃
34 ၃၄ ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ၍၊ ကြေးဝါးလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။
מלמד ידי למלחמה ונחתה קשת נחושה זרועתי׃
35 ၃၅ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်း လွှားကို အပ်၍၊ လက်ျာလက်တော်အားဖြင့် မစတော် မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ။
ותתן לי מגן ישעך וימינך תסעדני וענותך תרבני׃
36 ၃၆ အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
תרחיב צעדי תחתי ולא מעדו קרסלי׃
37 ၃၇ အကျွန်ုပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့်၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် မပြန်ပါ။
ארדוף אויבי ואשיגם ולא אשוב עד כלותם׃
38 ၃၈ သူတို့သည် အကျွန်ုပ်ခြေအောက်မှာ လဲလျက် ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပါ၏။
אמחצם ולא יכלו קום יפלו תחת רגלי׃
39 ၃၉ အကြောင်းမူကား၊ စစ်တိုက်ခြင်းငှါ ကိုယ် တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
ותאזרני חיל למלחמה תכריע קמי תחתי׃
40 ၄၀ အကျွန်ုပ်ကို မုန်းသောရန်သူတို့၏ လည်ပင်းကို အကျွန်ုပ်၌ အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော် မူ၏။
ואיבי נתתה לי ערף ומשנאי אצמיתם׃
41 ၄၁ သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင် သောသူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
ישועו ואין מושיע על יהוה ולא ענם׃
42 ၄၂ ထိုအခါအကျွန်ုပ်သည် သူတို့ကို လေတိုက်သော မြေမှုန့်ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကို ကဲ့သို့ သွန်ပစ်လေ၏။
ואשחקם כעפר על פני רוח כטיט חוצות אריקם׃
43 ၄၃ လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။
תפלטני מריבי עם תשימני לראש גוים עם לא ידעתי יעבדוני׃
44 ၄၄ အကျွန်ုပ်စကားသံကို ကြားသည်ခဏခြင်းတွင် နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။
לשמע אזן ישמעו לי בני נכר יכחשו לי׃
45 ၄၅ ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန် လှုပ်လျက် ထွက်ကြပါ၏။
בני נכר יבלו ויחרגו ממסגרותיהם׃
46 ၄၆ ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
חי יהוה וברוך צורי וירום אלוהי ישעי׃
47 ၄၇ ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။
האל הנותן נקמות לי וידבר עמים תחתי׃
48 ၄၈ ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကိုမြှောက်တင်၍၊ လုယူဖျက်ဆီးတတ် သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။
מפלטי מאיבי אף מן קמי תרוממני מאיש חמס תצילני׃
49 ၄၉ ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်။
על כן אודך בגוים יהוה ולשמך אזמרה׃
50 ၅၀ ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကို ခံရသော ဒါဝိဒ်မှမစ၍ အမျိုးအနွယ်အား ကာလအစဉ် အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။ ထာဝရဘုရား၏ ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်း တို့လက်မှ ကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရား ရှေ့တော်၌မြွက်ဆိုသောသီချင်းစကားဟူမူကား။
מגדל ישועות מלכו ועשה חסד למשיחו לדוד ולזרעו עד עולם׃

< ဆာလံ 18 >