< ဆာလံ 17 >

1 အိုထာဝရဘုရား၊ တရားသော ဘက်မှာနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ။ မလှည့်စား တတ်သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ။
תְּפִלָּ֗ה לְדָ֫וִ֥ד שִׁמְעָ֤ה יְהוָ֨ה ׀ צֶ֗דֶק הַקְשִׁ֥יבָה רִנָּתִ֗י הַאֲזִ֥ינָה תְפִלָּתִ֑י בְּ֝לֹ֗א שִׂפְתֵ֥י מִרְמָֽה׃
2 ကိုယ်တော်တိုင်အကျွန်ုပ်ကို စီရင်၍ ဖြောင့်မတ် သောအရာကို ထောက်ရှုတော်မူပါ။
מִ֭לְּפָנֶיךָ מִשְׁפָּטִ֣י יֵצֵ֑א עֵ֝ינֶ֗יךָ תֶּחֱזֶ֥ינָה מֵישָׁרִֽים׃
3 အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ။ ညဉ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူ ရာ။ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ။
בָּ֘חַ֤נְתָּ לִבִּ֨י ׀ פָּ֘קַ֤דְתָּ לַּ֗יְלָה צְרַפְתַּ֥נִי בַל־תִּמְצָ֑א זַ֝מֹּתִ֗י בַּל־יַעֲבָר־פִּֽי׃
4 လူပြုတတ်သော အမှုများမှာ၊ ဖျက်ဆီးတတ် သော သူ၏လမ်းတို့ကို နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ။
לִפְעֻלֹּ֣ות אָ֭דָם בִּדְבַ֣ר שְׂפָתֶ֑יךָ אֲנִ֥י שָׁ֝מַ֗רְתִּי אָרְחֹ֥ות פָּרִֽיץ׃
5 လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေ မချော်စေခြင်းငှါ ထောက်မတော်မူပါ။
תָּמֹ֣ךְ אֲ֭שֻׁרַי בְּמַעְגְּלֹותֶ֑יךָ בַּל־נָמֹ֥וטּוּ פְעָמָֽי׃
6 အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင် တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်း လျှောက်ပါ၏။ နားတော်ကို လှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ။
אֲנִֽי־קְרָאתִ֣יךָ כִֽי־תַעֲנֵ֣נִי אֵ֑ל הַֽט־אָזְנְךָ֥ לִ֝֗י שְׁמַ֣ע אִמְרָתִֽי׃
7 ကိုယ်တော်ကို ခိုလှုံသောသူတို့ကို သူပုန်တို့လက် မှ၊ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော် မူပါ။
הַפְלֵ֣ה חֲ֭סָדֶיךָ מֹושִׁ֣יעַ חֹוסִ֑ים מִ֝מִּתְקֹומְמִ֗ים בִּֽימִינֶֽךָ׃
8 အကျွန်ုပ်ကို ညှဉ်းဆဲသောလူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍သတ်လိုသော ရန်သူတို့ လက်မှ အကျွန်ုပ်ကို လွှတ်စေခြင်းငှါ၊ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့်မတော်မူပါ။ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ် တော်မူပါ။
שָׁ֭מְרֵנִי כְּאִישֹׁ֣ון בַּת־עָ֑יִן בְּצֵ֥ל כְּ֝נָפֶ֗יךָ תַּסְתִּירֵֽנִי׃
9
מִפְּנֵ֣י רְ֭שָׁעִים ז֣וּ שַׁדּ֑וּנִי אֹיְבַ֥י בְּ֝נֶ֗פֶשׁ יַקִּ֥יפוּ עָלָֽי׃
10 ၁၀ သူတို့သည် မိမိတို့ဆူဝခြင်းကို ကိုးစား၍ ထောင် လွှားစော်ကားစွာ ပြောဆိုကြပါ၏။
חֶלְבָּ֥מֹו סָּגְר֑וּ פִּ֝֗ימֹו דִּבְּר֥וּ בְגֵאֽוּת׃
11 ၁၁ အကျွန်ုပ်တို့ သွားသောလမ်းကို ယခုဝိုင်းမိကြ ပါပြီ။ အကျွန်ုပ်တို့ကို မြေပေါ်မှာ လှဲခြင်းငှါ မျက်စိနှင့် ရွယ်ကြပါ၏။
אַ֭שֻּׁרֵינוּ עַתָּ֣ה סְבָבוּנִי (סְבָב֑וּנוּ) עֵינֵיהֶ֥ם יָ֝שִׁ֗יתוּ לִנְטֹ֥ות בָּאָֽרֶץ׃
12 ၁၂ ဘမ်းမိသောအကောင်ကို စားချင်အားကြီး သော ခြင်္သေ့ကဲ့သို့၎င်း၊ ဆိတ်ကွယ်ရာအရပ်၌ ချောင်း၍ နေသောခြင်္သေ့ပျိုကဲ့သို့ ၎င်းဖြစ်ကြပါ၏။
דִּמְיֹנֹ֗ו כְּ֭אַרְיֵה יִכְסֹ֣וף לִטְרֹ֑וף וְ֝כִכְפִ֗יר יֹשֵׁ֥ב בְּמִסְתָּרֽ͏ִים׃
13 ၁၃ အိုထာဝရဘုရား၊ ထတော်မူပါ။ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ။မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ။
קוּמָ֤ה יְהוָ֗ה קַדְּמָ֣ה פָ֭נָיו הַכְרִיעֵ֑הוּ פַּלְּטָ֥ה נַ֝פְשִׁ֗י מֵרָשָׁ֥ע חַרְבֶּֽךָ׃
14 ၁၄ အိုထာဝရဘုရား၊ လောကီသားဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ် တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေ တော်မူ၏။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။
מִֽמְתִ֥ים יָדְךָ֨ ׀ יְהוָ֡ה מִֽמְתִ֬ים מֵחֶ֗לֶד חֶלְקָ֥ם בַּֽחַיִּים֮ וּצְפִינְךָ (וּֽצְפוּנְךָ֮) תְּמַלֵּ֪א בִ֫טְנָ֥ם יִשְׂבְּע֥וּ בָנִ֑ים וְהִנִּ֥יחוּ יִ֝תְרָ֗ם לְעֹולְלֵיהֽ͏ֶם׃
15 ၁၅ အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဍာန်တော် အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။
אֲנִ֗י בְּ֭צֶדֶק אֶחֱזֶ֣ה פָנֶ֑יךָ אֶשְׂבְּעָ֥ה בְ֝הָקִ֗יץ תְּמוּנָתֶֽךָ׃

< ဆာလံ 17 >