< ဆာလံ 15 >

1 အိုထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊
Psaume de David. Seigneur, qui habitera dans ton tabernacle? Qui reposera sur ta montagne sainte?
2 ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကို ပြုကျင့်၍၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော၊
Celui qui marche dans l'innocence et qui opère la justice; qui dit la vérité en son cœur
3 သူတပါး၏အသရေကို ပျက်စေခြင်းငှါ ပြောဆို ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထ သော၊
Et dont la langue n'a jamais trompé; qui n'a point fait tort à son prochain, et n'a point cru à la diffamation contre ses proches.
4 ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ် လျက်၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေ ထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမဖျက်၊
Le méchant n'est rien à ses yeux; il honore ceux qui craignent le Seigneur; s'il fait un serment à son prochain, il ne le trompe pas.
5 ကိုယ်ငွေကို ချေး၍ အတိုးမယူ၊ အပြစ်မရှိသော သူ၏တဘက်မှ တံစိုးကို မခံဘဲကျင့်သောသူသည် လှုပ် ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်မည်သတည်း။
Il n'a point prêté son argent à usure; il n'a point accepté de dons contre l'innocent. Celui qui fait ces choses ne sera point ébranlé dans l'éternité.

< ဆာလံ 15 >