< ဆာလံ 148 >

1 ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြ လော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။
Msifuni Yahwe. Msifuni Yahwe, ninyi mlio katika mbingu; msifuni yeye, ninyi mlio juu.
2 ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့။
Msifuni yeye, enyi malaika wake wote; msifuni yeye, majeshi ya malaika wake wote.
3 နေလတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။
Msifuni yeye, enyi jua na mwezi; msifuni yeye, nyota zote zing'aazo.
4 ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့၊ ချီးမွမ်းကြလော့။
Msifuni yeye, enyi mbingu zilizo juu zaidi na maji yaliyo juu ya anga.
5 ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူ သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ကြစေ။
Na vilisifu jina la Yahwe, maana aliamuru, navyo vikaumbwa.
6 ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည် စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
Pia ameviimrisha milele na milele; naye alitoa amri ambayo haitabadilika.
7 မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာ အရပ်များ၊
Msifuni yeye kutoka nchi, ninyi viumbe wa baharini na viumbe vyote katika kina cha bahari,
8 မီးနှင့်မိုဃ်းသီး၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊
moto na mvua ya mawe, theluji na mawingu, upepo wa dhoruba ukitimiza neno lake.
9 တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသောအပင်၊ အာရဇ်ပင် ရှိသမျှ၊
Msifuni yeye, enyi milima na vilima, miti ya matunda na mierezi yote,
10 ၁၀ သားရဲနှင့်သားယဉ်အပေါင်း၊ တွားတတ်သော တိရိစ္ဆာန်နှင့် ပျံတတ်သော ငှက်အစရှိသော၊
wanyama pori na wanyama wafugwao, viumbe vitambaavyo na ndege.
11 ၁၁ လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သား အပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊
Msifuni Yahwe, wafalme wa nchi na mataifa yote, wakuu na watawala wote wa nchi,
12 ၁၂ လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။
wote vijana wa kiume na vijana wa kike, wazee na watoto.
13 ၁၃ နာမတော်တပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည်မြေကြီး နှင့်ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်း ကြစေ။
Na walisifu jina la Yahwe, kwa kuwa jina lake pekee limetukuka na utukufu wake umeongezwa juu ya nchi na mbingu.
14 ၁၄ မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်း ဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ် တော်မူ၏။ ဟာလေလုယ။
Naye ameyainua mapembe ya watu wake kwa ajili ya sifa kutoka kwa waaminifu wake wote, Waisraeli, watu wa karibu naye. Msifuni Yahwe.

< ဆာလံ 148 >