< ဆာလံ 145 >

1 အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်။
תְּהִלָּ֗ה לְדָ֫וִ֥ד אֲרֹומִמְךָ֣ אֱלֹוהַ֣י הַמֶּ֑לֶךְ וַאֲבָרֲכָ֥ה שִׁ֝מְךָ֗ לְעֹולָ֥ם וָעֶֽד׃
2 ကိုယ်တော်ကို နေ့တိုင်းအစဉ်ကောင်းကြီး ပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်း ပါမည်။
בְּכָל־יֹ֥ום אֲבָרֲכֶ֑ךָּ וַאֲהַלְלָ֥ה שִׁ֝מְךָ֗ לְעֹולָ֥ם וָעֶֽד׃
3 ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍ မကုန်နိုင်။
גָּ֘דֹ֤ול יְהוָ֣ה וּמְהֻלָּ֣ל מְאֹ֑ד וְ֝לִגְדֻלָּתֹ֗ו אֵ֣ין חֵֽקֶר׃
4 အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း၍၊ တန်ခိုးတော်များကိုဟောပြောကြပါလိမ့်မည်။
דֹּ֣ור לְ֭דֹור יְשַׁבַּ֣ח מַעֲשֶׂ֑יךָ וּגְב֖וּרֹתֶ֣יךָ יַגִּֽידוּ׃
5 အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော် တော်ကို၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို၎င်း မြွက်ဆို ပါမည်။
הֲ֭דַר כְּבֹ֣וד הֹודֶ֑ךָ וְדִבְרֵ֖י נִפְלְאֹותֶ֣יךָ אָשִֽׂיחָה׃
6 သူတို့သည် ကြောက်မတ်ဘွယ်သော အမှုတော် တို့၌ပါသော တန်ခိုးကို မြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည်။
וֶעֱז֣וּז נֹורְאֹתֶ֣יךָ יֹאמֵ֑רוּ וּגְדוּלֹּתֶיךָ (וּגְדוּלָּתְךָ֥) אֲסַפְּרֶֽנָּה׃
7 သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။
זֵ֣כֶר רַב־טוּבְךָ֣ יַבִּ֑יעוּ וְצִדְקָתְךָ֥ יְרַנֵּֽנוּ׃
8 ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ သနားစုံမက် တတ်သောသဘောနှင့်ပြည့်စုံ၍၊ ခန္တီတော်နှင့်ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။
חַנּ֣וּן וְרַח֣וּם יְהוָ֑ה אֶ֥רֶךְ אַ֝פַּ֗יִם וּגְדָל־חָֽסֶד׃
9 ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက်တော်မူ၏။
טֹוב־יְהוָ֥ה לַכֹּ֑ל וְ֝רַחֲמָ֗יו עַל־כָּל־מַעֲשָֽׂיו׃
10 ၁၀ အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကို ပြ၍၊ ကိုယ်တော်၏ သန့်ရှင်း သူတို့သည် ကောင်းကြီးပေးကြ ပါ၏။
יֹוד֣וּךָ יְ֭הוָה כָּל־מַעֲשֶׂ֑יךָ וַ֝חֲסִידֶ֗יךָ יְבָרֲכֽוּכָה׃
11 ၁၁ နိုင်ငံတော်၏ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း ဟောပြောမြွက်ဆိုသဖြင့်၊
כְּבֹ֣וד מַלְכוּתְךָ֣ יֹאמֵ֑רוּ וּגְבוּרָתְךָ֥ יְדַבֵּֽרוּ׃
12 ၁၂ တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းအသရေများကို လူသားတို့အား ဘော်ပြကြပါ၏။
לְהֹודִ֤יעַ ׀ לִבְנֵ֣י הָ֭אָדָם גְּבוּרֹתָ֑יו וּ֝כְבֹ֗וד הֲדַ֣ר מַלְכוּתֹֽו׃
13 ၁၃ ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍၊ အာဏာတော် သည်ကာလအစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မ တော်မူ၏။
מַֽלְכוּתְךָ֗ מַלְכ֥וּת כָּל־עֹֽלָמִ֑ים וּ֝מֶֽמְשֶׁלְתְּךָ֗ בְּכָל־דֹּ֥ור וָדֹֽור׃
14 ၁၄ နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
סֹומֵ֣ךְ יְ֭הוָה לְכָל־הַנֹּפְלִ֑ים וְ֝זֹוקֵ֗ף לְכָל־הַכְּפוּפִֽים׃
15 ၁၅ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍၊ အချိန်တန်မှသူတို့ကို ကျွေးမွေးတော် မူ၏။
עֵֽינֵי־כֹ֭ל אֵלֶ֣יךָ יְשַׂבֵּ֑רוּ וְאַתָּ֤ה נֹֽותֵן־לָהֶ֖ם אֶת־אָכְלָ֣ם בְּעִתֹּֽו׃
16 ၁၆ လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါ အပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။
פֹּותֵ֥חַ אֶת־יָדֶ֑ךָ וּמַשְׂבִּ֖יעַ לְכָל־חַ֣י רָצֹֽון׃
17 ၁၇ ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသော အမှုတော်တို့သည် သန့်ရှင်း ကြပါ၏။
צַדִּ֣יק יְ֭הוָה בְּכָל־דְּרָכָ֑יו וְ֝חָסִ֗יד בְּכָל־מַעֲשָֽׂיו׃
18 ၁၈ ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာပြုသော သူအပေါင်း တို့၏ အနီးအပါးရှိတော်မူ၏။
קָרֹ֣וב יְ֭הוָה לְכָל־קֹרְאָ֑יו לְכֹ֤ל אֲשֶׁ֖ר יִקְרָאֻ֣הוּ בֶאֱמֶֽת׃
19 ၁၉ ကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေ တော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏။
רְצֹון־יְרֵאָ֥יו יַעֲשֶׂ֑ה וְֽאֶת־שַׁוְעָתָ֥ם יִ֝שְׁמַ֗ע וְיֹושִׁיעֵֽם׃
20 ၂၀ ထာဝရဘုရားသည် ကြည်ညိုသည် သူအပေါင်း တို့ကို စောင့်မတော်မူ၏။ မတရားသော သူအပေါင်းတို့ကို ကား၊ ဖျက်ဆီးတော်မူမည်။
שֹׁומֵ֣ר יְ֭הוָה אֶת־כָּל־אֹהֲבָ֑יו וְאֵ֖ת כָּל־הָרְשָׁעִ֣ים יַשְׁמִֽיד׃
21 ၂၁ ထာဝရဘုရားကို ချီးမွမ်းလျက်ငါမြွက်ဆိုမည်။ ခပ်သိမ်းသော လူတို့သည် သန့်ရှင်းသော နာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းကြီးပေးကြစေ။
תְּהִלַּ֥ת יְהוָ֗ה יְֽדַבֶּ֫ר־פִּ֥י וִיבָרֵ֣ךְ כָּל־בָּ֭שָׂר שֵׁ֥ם קָדְשֹׁ֗ו לְעֹולָ֥ם וָעֶֽד׃

< ဆာလံ 145 >